Exit print mode Print Data A+ A- Undo all

The Mexican (2001)

Love with the safety off.
The Mexican (2001)The Mexican (2001)

Synopsis:

442

ဘရတ်ပစ်နဲ့ ဂျူလီယာရောဘတ်ကို ဒီလိုဇာတ်လမ်းမှာ တွဲပြထားတာ ထိပ်တန်းစိတ်ကူးပါပဲ…နှစ်ယောက်လုံးရဲ့သရုပ်ဆောင်မှုတွေ အသက်ဝင်ချက်တွေဆိုတာလေ ကိုယ်တိုင်နှစ်မြောသွားပြီး ပြုံးစိစိကိုဖြစ်နေတာပဲ။

ခင်ဗျားအချစ်ဇာတ်လမ်းတစ်ခုရိုက်မယ်ဆိုရင် Mexico လို ဒုစရိုက်တွေပြုံနေတဲ့နေရာမှာ Romance ဆန်ဆန်ရိုက်မယ်လို့ စိတ်ကူးမလား…ပြီးရင် တကယ့်ကြေးစားနာမည်ကြီးလူသတ်သမားတွေက ဘယ်လိုနူးညံ့တယ်ဆိုတာမျိုးရော ထည့်ရိုက်မလား…ပြီးရင် ဇာတ်လမ်းနဲ့ပက်သက်ပြီး မိတ်ဆက်ရာမှာ တကယ်အပြင်မှာဖြစ်နေသလိုမျိုး ကမူးရှူးသောနဲ့ အစီအစဉ်မကျဘဲ ရိုက်မယ်ရော စိတ်ကူးဖူးလား…ဇာတ်လမ်းအမျိုးအစားက အလွဲခန်းတွေကိုထိုင်ရယ်ရမှာလို အချစ်တွေနဲ့ရင်ခုန်ရမှာလို သေနတ်ပစ်ခန်းတွေပဲရင်တုန်ရမှာလို စွန့်စားခန်းတွေကြားထဲပျော်ရွှင်ရမှာလို ရှေးခေတ်ပုံပြင်ထဲမှာပဲ မိန်းမောရမှာလိုနဲ့ တကယ့်ကမောက်ကမ ဘဝင်ကျစေမှာမျိုးကို ရိုက်မလား..

ရိုက်တဲ့လူတော့ရှိပါတယ်…ခုဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Gore Verbinski ဖြစ်ပြီး သူ့ကိုတော့ Pirates of the Caribbean (1-3) ရိုက်ကူးတဲ့ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားလူသိများပါတယ်။

ဇာတ်လမ်းကတော့…

ဂျယ်ရီ က ဘာမဆို နမော်နမဲ့လုပ်တတ်တဲ့လူငယ်တစ်ယောက်ပါ။ နမော်နမဲ့လုပ်တတ်လွန်းလို့လည်း မီးနီကိုမမြင်ဘဲ ဖြတ်မောင်းလိုက်တာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ကားကို ဝင်ကျုံးမိပါလေရော။ ရဲတွေရောက်လာတော့ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့ကားနောက်ဖုံးထဲမှာ လူတစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းလာတာ တွေ့သွားကြတယ်။ အဲဒါနဲ့ပဲ ဂိုဏ်းချုပ်ကြီးခမျာ ထောင်ငါးနှစ်ကျသွားရော။
ဂျယ်ရီကြောင့်ဖြစ်ရတာမို့လို့ ဂိုဏ်းချုပ်ကြီးက သူထောင်ကျနေတဲ့အချိန်တလျှောက်လုံး သူ့အတွက် ဂျယ်ရီ့ကို အလုပ်လုပ်ပေးခိုင်းတော့တယ်။
ဂျယ်ရီရဲ့ အတူနေချစ်သူမိန်းကလေးက ဆမ် တဲ့။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါတယ်။ ငါးမိနစ်တစ်ခါလောက် ရန်ဖြစ်ငြင်းခုံတတ်ကြတာတော့ ချစ်လွန်းလို့ပေါ့လေ။
ငါးနှစ်လုံးလုံး ဂျယ်ရီက တလွဲတချော်တွေဖြစ်ရင်းနဲ့ပဲ ဂျယ်ရီက လူဆိုးဂိုဏ်းတွေအတွက် အလုပ်လုပ်ပေးခဲ့တယ်။ ငါးနှစ်ပြည့်ခါနီးလို့ နောက်ဆုံးအလုပ်ပါလို့ ပြောထားတဲ့အလုပ်ကို သူတို့ချစ်သူချင်း စကားများကြလို့ ဆမ် က ကားသော့ဝှက်ထားတာနဲ့ပဲ ဂျယ်ရီ သွားမလုပ်နိုင်တော့ဘူး ဖြစ်သွားတယ်။ သူ့ထုံးစံအတိုင်းပဲ လွဲတာပေါ့ဗျာ။
အဲဒါကြောင့် သူ့ကို နောက်ဆုံးအခွင့်အရေးပေးတဲ့အနေနဲ့ မက္ကဆီကိုနိုင်ငံကိုသွားပြီး မြို့လေးတစ်မြို့မှာ သေနတ်တစ်လက်သွားယူခိုင်းကြတယ်။ အလုပ်က ရှင်းပါတယ်။ သေနတ်သွားယူပြီးပြန်လာရုံပါပဲ။ သို့သော် ဂျယ်ရီက မလွဲဘဲလုပ်နိုင်ပါ့မလား။
မက္ကဆီကို ကိုသွားရမယ်လို့ ပြောလိုက်တဲ့အခါမှာတော့ ငါးနှစ်လုံးလုံးအောင့်အည်းသည်းခံပေးနေခဲ့ရတဲ့ ဆမ်တစ်ယောက် ပေါက်ကွဲပါတော့တယ်။ ဂျယ်ရီကို သိပ်အတ္တကြီးတယ်လို့စွပ်စွဲပြီး သူတို့နှစ်ယောက် သွားနေကြမယ်လို့ အရင်က သဘောတူထားတဲ့ လာ့စ်ဗေးဂက်စ်မြို့ကို တစ်ယောက်တည်းထွက်သွားပါတော့တယ်။
ဂျယ်ရီလည်း ဘာမှမတတ်နိုင်ပါဘူး။ မက္ကဆီကို ကိုထွက်လာခဲ့ရပါတော့တယ်။ သူအဲဒီမှာ ဘာတွေကြုံရဦးမှာပါလိမ့်။
ဇာတ်ကားခေါင်းစဉ်က ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ဖြစ်တဲ့ ရှေးဟောင်းပစ္စတိုသေနတ်လေးရဲ့နာမည်ပါ။ ကျိန်စာသင့်နေတယ်လို့ဆိုကြတဲ့ သမိုင်းဝင် တန်ဖိုးကြီးသေနတ်လေးပေါ့။ သူ့မှာလည်း သူနဲ့ဆက်စပ်နေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိလို့နေပါတယ်။ ဒီသေနတ်ကိုပြုလုပ်ခဲ့တဲ့ မက္ကဆီကန်သေနတ်ပညာရှင်ကြီးက သူ့သမီးကို မြေရှင်သူကြွယ်ကြီးတစ်ယောက်ရဲ့သားနဲ့ လက်ထပ်နိုင်အောင် ရည်ရွယ်ပြီးတော့ မင်္ဂလာလက်ဖွဲ့အနေနဲ့ လုပ်ခဲ့တာပါ။ သို့ပေမယ့် ပညာရှင်ကြီးရဲ့ သမီးလေးနဲ့ ချစ်နေသူက ပညာရှင်ကြီးရဲ့တပည့် ဆင်းရဲသားလူငယ်လေးဖြစ်လို့နေပါတယ်။

Brad Pitt နဲ့ Julia Robertsတို့ နုစဉ်အခါက အတွဲညီခဲ့ကြတဲ့ ဇာတ်ကားလေးပါပဲ။ IMDb ratingမှာ 6.1 ရရှိခဲ့ပြီး ဘတ်ဂျက် 57 million dollarsနဲ့ရိုက်ကူးခဲ့ကာ ဝင်ငွေ 147.8 millionsပြန်ရခဲ့ပါတယ်။ ဝေဖန်သူအချို့ကတော့ ဇာတ်လမ်းထဲမှာ ချစ်သူနှစ်ယောက် အတူတွဲပါတဲ့အခန်းတွေက နည်းလို့ အားမလိုအားမရဖြစ်ရတဲ့အကြောင်းတော့ ထောက်ပြကြပါတယ်။ ဂျယ်ရီရဲ့ တမင်လွဲတာမဟုတ်တဲ့ အလွဲဟာသတွေကလည်း ကြည့်ရင်းနဲ့ကို အူယားချင်စရာကောင်းလာပါလိမ့်ဦးမယ်။
အမှန်က ဒီဇာတ်ကားမှာ တတိယမြောက်အချစ်ဇာတ်လမ်းတစ်ခုလည်း ပါပါသေးတယ်။ ကြည့်ရင်းနဲ့တွေ့ပါလိမ့်မယ်။
ချစ်သူစုံတွဲတွေ မှတ်သားစရာ စကားတစ်ခွန်းကိုပဲ ဒီဇာတ်ကားထဲကလက်ဆောင်အဖြစ် ပါးလိုက်ပါရစေ။
” လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်နေကြပေမယ့်လည်း အဆင်မပြေတာတွေ များလွန်းလာရင် သူနဲ့ဖြတ်သင့်ပြီလို့ ဆုံးဖြတ်ရမယ့်အချိန်က ဘယ်အချိန်လဲ ?” တဲ့ ။

(ဒီမေးခွန်းရဲ့အဖြေက ခင်ဗျားတို့ဘယ်လောက်ချစ်တာလဲ ဆိုတဲ့အပေါ် မူတည်ပြီး အမျိုးမျိုးဖြစ်နေကြမလားပဲ။ ဖြေပြလိုက်ရင် ရုပ်ရှင်ကြည့်ရတဲ့အရသာ spoiledမှာဖြစ်လို့ မပြောပြတော့ပါဘူးနော်။)

ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို  Thaman Myint မှ ခံစားတင်ဆက်ထားပါတယ်။

File size…(2.8 GB)/(900 MB)
Quality….BluRay 1080p/720p
Format…mp4
Duration….02:03:oo
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Thaman Myint



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $57 000 000,00
Revenue
USD $147 845 033,00
Popularity
13.911
Status
Released
ID IMDb.com
tt0236493
IMDB Rating
6.1
ID Themoviedb.org
6073
TMDb Rating
5.9
TMDb votes
1148