Channel Myanmar

The Maid (2020)

สาวลับใช้    

R 101 Mins HorrorThriller

7.8
IMDB: 7.8/10 321,741 votes

N/A

Thailand

770946

Report error

2020ထွက် horror /thriller ထိတ်လန့်ခြောက်ခြားဖွယ်

ကားလေးတစ်ကား တင်ဆက်ပေးပါရစေ.

442

Imdbကလဲ 5.6ဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုတာ

ညွှန်းနေဖို့ လိုမယ်မထင်ပါဘူး.

ဇာတ်လမ်းအကျဉ်းကတော့ အိမ်စေ မမြဲတဲ့ စံအိမ်ကြီးတစ်လုံးကို

ဂျွိုင်းဆိုတဲ့ ကောင်မလေးဟာ ရောက်လာခဲ့ပါတယ်.

ဒီစံအိမ်ကြီးမှာ အလုပ်လုပ်ချင်ရင် လိုက်နာရမယ့် တစ်ခုတည်းသော

စည်းကမ်းကတော့ “မစပ်စုရဘူး”ဆိုတာပါပဲ.

ဂျွိုင်းဟာ စံအိမ်ကြီးကို ရောက်တည်းက စိတ်ထဲ မလုံခဲ့ပါဘူး.

စံအိမ်ပိုင်ရှင်သခင်မရဲ့ သမီးလေးနစ်ဒ်ဟာလဲ သရဲတွေကို

မြင်ရတယ်ဆိုပြီးပြောနေတဲ့ စိတ်ဝေဒနာရှင်မလေးပါ.

ဂျွိုင်းဟာ နစ်ဒ်နဲ့ ရင်းနှီးလာတဲ့ အခါမှာတော့ ဒီအိမ်ကြီးမှာ

ဘယ်သူမှ မသိတဲ့မိန်းမတစ်ယောက်ရှိနေတာကို

မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်.

ဂျွိုင်းဟာ အိမ်သူအိမ်သားတွေကို မေးကြည့်တော့

သူမြင်ခဲ့တဲ့ မိန်းမဟာ ဒီအိမ်ကနေ ဘယ်သူမှမပြောပဲ

ထွက်သွားခဲ့တာပါဆိုတဲ့ အဖြေကလွဲပြီး

တိတိကျကျမသိခဲ့ရပါဘူး.

ဂျွိုင်းဟာ စပ်စုချင်စိတ်ကြောင့် စူးစမ်းရင်း အဲ့ဒီမိန်းမက

ဘယ်သူဆိုတာ သိခဲ့ရပါတယ်.

သူရဲ့သိရခြင်းတွေကတော့ ဇာတ်သိမ်းမလှခဲ့ပါဘူး.

ဂျွိုင်း သိခဲ့ရတာက ဘာဖြစ်မလဲ?

အဲ့ဒီမိန်းမက လူလား ဒါမှမဟုတ် နာနာဘာဝလား?

ဒီစံအိမ်ကြီးမှာ ဘာတွေ ဖုံးကွယ်ထားတာရှိလဲဆိုတာကို

မထင်မှတ်ထားတဲ့ ဇာတ်ကွက်အပြောင်းအလဲတွေနဲ့

ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်တဲ့

ဇာတ်လမ်းတပုဒ်မလို့ ရုပ်ရှင်ချစ်သူတို့

ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ.

 

File Size – 1.1 GB

Quality – web-dl 1080p

Subtitle – burmese

Translator – YK

Encoder – Thit San Khant

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director



No downloads available

Genres



Related movies