IMDb 6.7 Rotten Tomatoes 97% ရရှိထားတဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်လေးက စာရေးဆရာ Humberto G. Garcia ရဲ့ ဝေဖန်မမှုတွေခံခဲ့ရပြီး ကိုယ်ပိုင်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။
ဒီရုပ်ရှင်ထဲမှာတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်က မြို့ငယ်လေးက မက္ကဆီကန်အထက်တန်းကျောင်းသား ငါးယောက်နဲ့ဖွဲ့ထားတဲ့ “Mustangs” လို့အမည်ရတဲ့ အထက်တန်းကျောင်းဂေါက်သီးရိုက်အသင်းလေးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။
အချိန်ကာလအားဖြင့် အမေရိကန် ဗီယက်နမ် စစ်တွင်းကာလ ၁၉၅၇ ဖြစ်ပါတယ်။ ဆန်ဖီလစ်ပီလို့ခေါ်တဲ့ မြို့ကလေးကတော့ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ဒီမြို့ငယ်လေးက အထက်တန်းကျောင်းမှာ “ဂျိုး”လို့အမည်ရတဲ့ မက္ကဆီကန်ကျောင်းသားလေးနဲ့ သူငယ်ချင်းလေးယောက်ဟာ ဂေါက်သီးရိုက်အားကစားကို ဝါသနာထုံကြတဲ့သူတွေဖြစ်ပြီးတော့ အားလပ်ရက်တွေမှာလည်း ဆန်ဖီလစ်ပီ ဂေါက်ကလပ်မှာ ကယ်ဒီ (ဂေါက်ပစ္စည်းသယ်သူ) အလုပ်ကိုလုပ်ကိုင်ရင်း တဖက်တလှမ်းကနေ မုန့်ဖိုးရှာနေကြတဲ့ကျောင်းသားတွေပါ။
၁၉၅၇ ဆိုတဲ့အချိန်ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ကာလပါ။ ဆန်ဖီလစ်ပီမြို့ထဲမှာ ကြီးစိုးနေတဲ့အမေရိကန်တွေဟာ မက္ကဆီကန်တွေကို ခွဲခြားဆက်ဆံခဲ့ပါတယ်။ ဒီလိုလူမျိုးရေးခွဲခြားမှုဟာ အထက်တန်းလွှာအတွက် ပျော်စံရာဖြစ်တဲ့ ဂေါက်ကလပ်မှာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဂေါက်ကလပ်တွေမှာ မက္ကဆီကန်လူမျိုးဆို အသင်း၀င်ဖြစ်ခွင့်မပေးတာတွေ၊ ဂျိုးတို့လို မက္ကဆီကန်ကျောင်းသားတွေဟာ ဂေါက်ကလပ်တွေမှာ ဂေါက်သီးရိုက်ခွင့်မရှိဘဲ ဂေါက်သီးရိုက်တဲ့သူတွေအတွက် လက်တိုလက်တောင်းလုပ်ပေးရတဲ့ကယ်ဒီ လို အလုပ်တွေကိုပဲ လုပ်ခွင့်ရတာမျိုးတွေပေါ့။
တစ်ရက်မှာတော့ ဂျိုးတို့ရဲ့ ဆန်ဖီလစ်ပီကျောင်းလေးကို ဂျေဘီပင်ယာဆိုတဲ့ ဆရာတစ်ဦးပြောင်းလာခဲ့တယ်။ ဂျေဘီက စစ်ပြန်တစ်ဦးပါ။ ဂေါက်ရိုက်ဝါသနာပါတဲ့ ဂျေဘီဟာ ဂျိုးတို့သူငယ်ချင်းအုပ်စုနဲ့ သိကျွမ်းသွားပြီးတော့ ဖီလစ်ပီအထက်တန်းကျောင်းရဲ့ ပထမဆုံး ဂေါက်သီးရိုက်အသင်းကို စထောင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ နည်းပြဖြစ်သူ ဂျေဘီရဲ့ကြိုးစားမှုကြောင့် ဂျိုးတို့ရဲ့ ကျောင်းဂေါက်သီးရိုက်အသင်းလေးဟာ မက္ကဆီကန်ကျောင်းသားတွေ တစ်ခါမှ၀င်မပြိုင်ခဲ့ဖူးတဲ့ ကျောင်းပေါင်းစုံဂေါက်သီးရိုက်ပြိုင်ပွဲကို ၀င်ပြိုင်ရမယ့် ပထမဆုံး မက္ကဆီကန်အသင်းဖြစ်လာခဲ့ပါတယ်။
ဂျိုးက ဗလလည်းရှိ ဇလည်းရှိတဲ့ မက္ကဆီကန်လူငယ်လေးပါ။ အချိန်ပိုင်းအလုပ်လုပ်တော့သာ အမေရိကန်တွေရဲ့ ကယ်ဒီအလုပ်ကိုလုပ်တာ အမေရိကန်တစ်ယောက်ယောက်က “ကျူးကျော်မက္ကဆီကန်ကောင်”လို့ သမုတ်ပြီး စော်ကားလာပြီဆိုရင် နည်းနည်းလေးမှငြိမ်ခံမနေဘဲ တွေ့ရာပစ္စည်းနဲ့ကောက်ပြီး ခေါင်းရိုက်ခွဲခဲ့တဲ့ ဇ ပြင်းတဲ့လူငယ်လေးပါ။ ဒီခပ်ပေပေလူငယ်လေးဟာ အမေရိကန်တို့အပိုင်စားရထားတဲ့ ဂေါက်ကွင်းထဲကိုရောက်လာတဲ့အချိန်မှာတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီဆော့ရတဲ့ ဂေါက်သီးရိုက်အားကစားမှာ ထစ်ခနဲရှိ ထတုံ့ပြန်တတ်တဲ့အကျင့်ကိုချိုးနှိမ်ပြီး သူငယ်ချင်းလေးယောက်နဲ့အတူ နည်းပြဖြစ်သူ ဂျေဘီရဲ့စကားကိုနားထောင်ရင်း ပြည်နယ်ချန်ပီယံရှစ်အထိတက်လှမ်းပြီး မက္ကဆီကန်တွေ ဘယ်တုန်းကမှမပြသနိုင်ခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အရည်အချင်းတွေကိုပြသဖို့ရာ ကြိုးစားရပါတော့တယ်။
ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး သရုပ်တဆောင်ပိုင်း ဇာတ်အိမ်ပိုင်းတွေကလည်း သေသပ်ကောင်းမွန်တဲ့အပြင် မြင်တွေ့ရခဲတဲ့ ဂေါက်သီးရိုက်အားကစားအကြောင်းကို ရိုက်ကူးပြထားတာကြောင့် သေချာပေါက် မြည်းစမ်းကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်။
File size…(2.7 GB)/(1.4 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:52:00
Genre…Drama, History
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Steven Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။