The Lion Standing in the Wind (2015)

Synopsis:
မြန်မာကားလို့ပြောရင်ကျွန်တော်အခုထက်ထိသဘောကျနေ
ဆဲနှစ်ချိုက်နေဆဲကားလေးတစ်ကားကိုပြပါဆို
ရင်ကြိုးကြာတောင်ပံခတ်သံဆိုတဲ့မြန်မာကားလေးပါပဲ
ဆရာဝန်တစ်ယောက်ရဲ့လူနာတွေအပေါ်ထားရှိတဲ့မေ တ္တာစေတနာဂရုဏာတွေကို
အဲဒီကားမှာကွင်းကွင်းကွက် ကွက်မြင်နိင်ပါတယ်ခုကျွန်တော်ဘာသာပြန်ထားတဲ့
ကားလေးကတော့အဲဒီဇတ်လမ်းပုံမျိုးနဲ့အနည်းငယ်ဆင် ပါတယ်လေထု
ထဲမတ်တပ်ရပ်နေတဲ့ခြင်္သေ့တစ်ကောင် လို့ဇတ်ကားနာမည်ကို
ထူးထူးခြားခြားလေးပေးထားပါ တယ်အလွန်ကောင်းမွန်တဲ့ဇတ်ကားလေးပါဆရာဝန်
တစ်ယောက်ရဲ့လူနာတွေအပေါ်ထားရှိတဲ့စိတ်စေတနာ
မေတ္တာကိုကွင်းကွင်းကွက်ကွက်မြင်နိုင်အောင်ရိုက်ကူး
နိင်ခဲ့တဲ့ဂျပန်ဇတ်ကားကောင်းတစ်ကားပါဇတ်ကားက တော့
ဂျပန်နိုင်ငံမှာရိုက်ကူးထားတာမဟုတ်ပါဘူးအာဖရိ ကရဲ့အလွန်ဝေးလံတဲ့နေရာလေးကိုတာဝန်ထမ်းဆောင်
ရန်သွားတဲ့ဆရာဝန်လေးကိုအိချိယိုရဲ့အကြောင်းကိုရိုက်
ကူးထားတာပါမိမိရဲ့ဆရာဝန်ဘဝလေးကိုမိမိနိုင်ငံလိုတိုးတက်နေတဲ့နေရာမှာ
အသုံးချဖို့မကြိုးစားပဲအလွန်ဝေး ကွာတဲ့လူသူအရောက်အပေါက်နည်းတဲ့နေရာကိုရွေး
ချယ်တဲ့ဆရာဝန်လေးရဲ့စိတ်ထားဟာလေးစားစရာပါ
မိမိချစ်ရတဲ့သူကိုတောင်ခွဲခွာပြီးအာဖရိကကိုထွက်ခွာ ခဲ့တဲ့
ဆရာဝန်လေးတစ်ယောက်ချစ်သူနဲ့ပြန်ဆုံတွေ့နိုင် မှာ
လားပြည်တွင်းစစ်တွေအမြဲဖြစ်နေတဲ့အာဖရိကလိုနိုင် ငံကနေကောပြန်လာနိုင်မှာလား
ပရိတ်သတ်တွေစောင့် ကြည့်ကြပါကျွန်တော်အကြိုက်ဆုံးကိုအိချိယိုရဲ့စကား
တစ်ခွန်းရှိပါတယ်သူ့ကိုလူနာရှင်တွေကလူနာနဲ့ပက် သက်ပြီးအပြစ်ပြောတဲ့အခါဆရာဝန်လေးရဲ့
စကားလေး ကတော့လူတွေဟာနာကျင်စရာတွေများလာတဲ့အခါ
တ ခြားလူတွေကိုအပြစ်ပုံချတတ်ကြပါတယ်တဲ့အလွန် ကောင်းတဲ့စကားလေးပါပဲ
ဒီဇတ်ကားကိုရေးတဲ့အချိန်မှာ ကျွန်တော်ဟာဆရာဝန်တစ်ယောက်ရဲ့ဘဝကိုကိုယ်ချင်း
စာနာပြီးရေးခဲ့ပါတယ်အလွန်ကောင်းမွန်တဲ့ဇတ်ကား လေးကို
ပရိတ်သတ်တွေကြည့်ရုရင်းတစ်ခုခုရင်ထဲမှာ ကျန်ရစ်ခဲ့ပါမယ်လို
့ပြောရင်းဒေါင်းလော့လင့်နှိပ်လိုက်ကြ ပါဦးလို့
(ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကိုတော့ ကိုစိုးထွေးကရေးသားပေးခဲ့တာပါ )
Download Large FIle From Pcloud
Download Small File From Pcloud
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။