Exit print mode Print Data A+ A- Undo all

The Lesson (2023)

Who is teaching whom?
The Lesson (2023)The Lesson (2023)

Synopsis:

442

 

ဒီတစ်ခေါက်မှတော့ IMDB 6.5/10, Rt 76% ရရှိထားတဲ့ အသစ်ထွက် Thriller ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Daryl McCormack (Good Luck to You, Leo Grande), မင်းသမီးကြီး Julie Delpy (Before Midnight) နဲ့ မင်းသားကြီး Richard E. Grant (Jack and Sarah) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာကလည်း Merlin, Doctor Who တို့ကို ရိုက်ကူးခဲ့သူ Alice Troughton ဖြစ်တာမို့ ဝေဖန်သူတွေဆီကလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

လီယမ်က တက်သစ်စစာရေးဆရာလေးဖြစ်ပြီး သူ့မှာ စာသားတွေကို တစ်ခါမြင်ရုံနဲ့ အလွတ်မှတ်မိနိုင်တဲ့ စွမ်းရည်တစ်ခုပိုင်ဆိုင်ထားပါတယ်။ သူက ကျူတာလုပ်ရင်း ဘဝကိုတိုးတက်ဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အားလုံးကလေးစားရသူ နာမည်ကြီးစာရေးဆရာကြီး စင်ကလဲရ်ရဲ့အိမ်မှာ သူ့ရဲ့သားငယ်လေးဘာတီ့ကို အောက်စဖို့ဒ်ကျောင်းဝင်ခွင့်ရအောင် ကျူတာလုပ်ပေးဖို့ ကမ်းလှမ်းချက်ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သူရဲ့သားကို ကျူတာလုပ်ပေးရမှာမို့ စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ ဘာတီတို့ရဲ့စံအိမ်ကြီးကို ရောက်ရှိခဲ့ချိန်မှာတော့ သူ့ကို ထင်မထားခဲ့တာတွေက ဆီးကြိုနေခဲ့ပါတော့တယ်။

တင်းကြပ်တဲ့ဖခင်ရဲ့ စည်းကမ်းတွေအောက်မှာ တော်လှန်တတ်တဲ့ သားငယ်လေးဖြစ်သူဘာတီ့ကို ကျူတာလုပ်ပေးရတာက လီယမ့်အတွက်တော့ စစချင်း ဆောက်နဲ့ထွင်းဆိုသလိုပါပဲ။ စကားကို ခပ်ပြတ်ပြတ်ပြောတတ်ပြီး မာနကြီးသူ မစ္စတာစင်ကလဲရ်နဲ့ ရင်းနှီးချင်တာကြောင့် သူ့ရဲ့မိန်းမဖြစ်သူ ဟယ်လင်နဲ့ စကားစမြည်ပြောဆို ရင်းနှီးဖို့ကြိုးစားရင်း အဲဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို တစ်စတစ်စနဲ့ ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့… လီယမ်က မူရင်းရည်ရွယ်ချက်အတိုင်း ဘာတီ့ကို ဝင်ခွင့်အောင်အောင် လုပ်ပေးလိုက်နိုင်မှာလား.. သူလေးစားရတဲ့ပုဂ္ဂိုလ်မိသားစုရဲ့ လျှို့ဝှက်ချက်ကရော ဘာများဖြစ်မလဲ… လူအရောက်အပေါက်ဝေးတဲ့နေရာက စံအိမ်ကြီးထဲမှာ လျှို့ဝှက်ချက်တွေကို သိရှိထားတဲ့ လီယမ်တစ်ယောက်ရော ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလား.. သူ့ရဲ့အထူးစွမ်းရည်ကိုရော ဘယ်လိုတွေ အသုံးချမလဲ.. ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ လှည့်ကွက်တွေနဲ့ ပဟေဠိဆန်ဆန် စိတ်ဝင်စားဖွယ် ရှုစားလိုက်ကြပါဦးနော်။

(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)

 

File size…(1.4 GB)/(776 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:43:00
Genre…Drama, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Revenue
USD $310 746,00
Popularity
14.266
Status
Released
ID IMDb.com
977770
ID Themoviedb.org
977770
TMDb Rating
6.143
TMDb votes
7