Exit print mode Print Data A+ A- Undo all

The Last Flight (2009)

The Last Flight (2009)The Last Flight (2009)

Synopsis:

The Last Flight (2009)
================

ဒီဇာတ်ကားလေးကတော့ 1933 ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ
ဆာဟာရကန္တာရထဲ လေယာဉ်ပျက်ကျသွားတဲ့ William Newton
Lancaster ခေါ် Bill Lancaster နဲ့ သူရဲ့ ချစ်သူ Jessie Miller
အကြောင်းကိုအခြေခံပြီးဇာတ်အိမ်တည်ထားတဲ့ Le Dernier Vol
ဆိုတဲ့ ဝတ္ထုလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

442

ဇာတ်ဆောင်တွေအနေနဲ့ကတော့ ကျွန်တော်တိုငယ်စဉ်က သည်းခြေ
ကြိုက် “Taxi” ကား အပါအဝင် ဇာတ်လမ်းကောင်းပေါင်းများစွာမှာ
ပါဝင်သရုပ်ဆောင်ထားပြီး ဆုတွေအများကြီးကိုသိမ်းပိုက်ထားတဲ့
မင်းသမီး Marion Cotillard ပါဝင်သလို၊ “Love Me If You dare”
အပါအဝင် အခြားဇာတ်လမ်းကောင်းများတွင်လည်း သရုပ်ဆောင်၊
ဒါရိုက်တာ အဖြစ် လျှောက်လှမ်းလာပြီး ဆုတွေလည်းအများကြီး ရခဲ့
ဖူးတဲ့ မင်းသား Guillaume Canet တို့က လိုက်ဖက်ညီစွာ ပါဝင်သရုပ်
ဆောင်ထားတာကိုတွေ့မြင်ရမှာပါ။

ဇာတ်ကားလေးရဲ့ အဓိကချပြထားတဲ့အကြောင်းအရာကတော့ ဘေလ်ရဲ့
ချစ်သူ မာရီးဟာ ဘေလ်ကို မနားမနေ ရှာဖွေရင်း ဒုက္ခမျိုးစုံကို အံတုကာ
အချစ်ဆိုတဲ့အကြောင်းကို ပြသသွား တာဖြစ်ပါတယ်။ ဇာတ်လမ်းသွားကို
လည်း မရိုးရအောင် ပြင်သစ်နဲ့ တွားရက်လူမျိုးစုတွေကြားက ပြဿနာတွေ၊
ကိစ္စရပ်တွေ၊ သဘောထားတွေကိုပါ စုံအောင်ထည့်ပြီး ခင်းကျင်းပြသထား
တာဖြစ်ပါတယ်။ မာရီးဟာ…သူ့ရဲ့ချစ်သူကိုရှာဖွေရင်း ကန္တာရထဲကိုရောက်
လာပြီး ဘာတွေဖြစ်လာမလဲ။ ဘာဒုက္ခတွေခံစားရမလဲ။ ဘယ်လိုလူတွေနဲ့
တွေ့ကြုံကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။

ဖြစ်ရပ်မှန်မှာတော့ – လေယာဉ်မှူးဟာ Avro Avian ဆိုတဲ့ လေယာဉ်နဲ့ စံချိန်
သစ်တင်ဖိုကြိုးစားရင်း ဆာဟာရကန္တာရထဲကျော်ဖြတ်စဉ် လေယာဉ်ပျက်ကျ
ခဲ့ရတာပဲဖြစ်ပါတယ်။ ဝေဒနာကို ၈ရက်တိုင်တိုင်ခံစားခဲ့ရပြီး သူ့ရဲ့ချစ်သူ Miller
အတွက် နေ့စဉ်မှတ်တမ်းလေးတစ်ခုချန်ရစ်ကာ လူ့လောကကြီးကိုစွန့်ခွါသွားခဲ့
တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုအခြေခံကာ ယခုဇာတ်ကားအပါအဝင် “The
Lancaster Miller affair “ ဆိုတဲ့ TV Series နဲ့အတူ “The Lost Desert Flyer”
ဆိုတဲ့ Documentary series တစ်ခုလည်းထွက်ရှိဖူးထားပါတယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo
ဖြစ်ပါတယ်)

File Size……….(1.5 GB) / (600 MB) / (360 MB)
Quality…………WEB-Rip 1080p / 720p / 480p
Duration………1Hr 38Mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Adventure, Drama, Romance
Translator…….Lwin Bo
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Karim Dridi
Budget
USD $24 000 000,00
Popularity
3.752
Status
Released
ID IMDb.com
tt1234542
IMDB Rating
5.4
IMDB votes
1200
ID Themoviedb.org
37779
TMDb Rating
5.1
TMDb votes
47