The Last Executioner (2014)
19 years, 55 lives, more than 500 bullets
Synopsis:
The Last Executioner (2014)_____IMDB – 6.4/10

ကိုမင်းသိုက် ညွှန်းလို့ The last executioner ဆိုတဲ့ ထိုင်း ရုပ်ရှင်ကို ကြည့်လိုက်မိပါတယ်။
တကဲ့ အဖြစ်အပျက် တစ်ခု၊ ပြီးတော့ တကဲ့လူတစ်ယောက်အကြောင်း ကိုရုပ်ရှင်ရိုက်ထားတာပါ။
ထိုင်းနိုင်ငံ အကျဉ်းဦးစီး ဌာန မှာ ၃၅နှစ်လုံးလုံး
အမှုထမ်းခဲ့တဲ့ ချောင် လို့ ခေါ် တဲ့ ချာဗရွတ် ရဲ့ အကြောင်းပေါ့။
သူဟာ ဝန်ကြီးလဲ မဟုတ်၊ နိုင်ငံရေးသမားလဲ မဟုတ်ပါဘူး။
သူ့ရဲ့အလုပ်ကတော့ သေဒဏ် ပေးခံ
ရသူတွေကို သေနပ် နဲ့ ပစ်သတ် ပေးရတာပါ။
သူဟာ လူသတ် သမား မဟုတ်ပါဘူး။
အပြစ်ဒဏ်ပေးခံရသူတွေကို စီရင်ပေးရသူပါ။
သူ့မှာ အမုန်းမရှိ၊ အညှိုးမရှိပါဘူး။
ဒါပေမဲ့ လူတွေကို သတ်ပေးရတဲ့ သူဆိုတာ သိသွားကြတဲ့အခါ
သူ့မိန်းမကအစ အံ့ ဩတုန်လှုပ်ခဲ့ပါတယ်။
သူ့သမီးရဲ့ ယောက္ခမ အသိုင်းအဝိုင်း ကလဲ ရွံ့ သွားကြတယ်။
သူကတော့ သူတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့လေရဲ့။
သူ သေနပ် နဲ့ ပစ်ခဲ့ရတာ ၅၅ ယောက်ရှိပါတယ်။
ထိုင်း အစိုးရက ၂၀၀၃ခုနှစ်မှာ သေနပ် နဲ့ သေဒဏ်ပေးမဲ့အစား
၊ ဆေးထိုးသတ်ဖို့ဆုံးဖြတ်လိုက်တော့ သူ
အလုပ်ကနေ အနားရခဲ့ပါတယ်။
သူ့အကြောင်းကိုစာအုပ် ထုတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့နောက်ဆုံး ပါးကွက်သားကြီး အဖြစ် နဲ့ပေါ့။
၂၀၁၁ ခုနှစ် မှာ သူကွယ်လွန်ခဲ့ပါပြီ။ဂီတသမား၊ အထူးသဖြင့် Rockerဖြစ်ချင်ခဲ့သူ၊
ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ဝန်ထမ်းကောင်းဖြစ်ခဲ့သူပါ။
သူသေနပ် နဲ့ပစ်သတ်နေပုံတွေ ပြတဲ့အခါ သွေးအေးလွန်းတဲ့
သူ့ဟန်ပန်တွေကတော့ ကျွန်တော် တို့ ရင်ကို နာ ကျင်စေခဲ့ပေါ့။
သူ များ ကို သတ်ရတာ အရသာတွေ့နေလေသလားရယ်လို့။
ကျွန်တော် တို့ငယ်ငယ် ၁၉၈၀ ဝန်းကျင်က ရှုမဝထဲ မှာ
ဖတ်ခဲ့ဖူးပါတယ်။သားတော်မောင်ရဲ့မေးခွန်း ဆိုတဲ့ ဘာသာပြန် ဝတ္ထုတို ပါ။
သေဒဏ် ပေးခံ ရသူတွေကိုသတ်တဲ့အခါ ဒေါက် ဖြုတ် ရတဲ့
လူ တစ်ယောက် အကြောင်းပေါ့။
ကိုယ့်လက် ကလေး ကွေးလိုက်တာနဲ့ လူတစ်ယောက်
သေသွားရတာ တော့ အရသာ ရှိလိမ့်မယ် ထင်တယ်။
ရုပ်ရှင်အညွှန်းအား ဦးသူရ (ဇာဂနာ) Facebook မှ
ကူးယူဖော်ပြပါသည်။
ဒီရုပ်ရှင်ကားကို CM Translator ကို Nga Lunn မှ
ဘာသာပြန် တင်ဆက်ပေးထားပါတယ်

ကိုမင္းသိုက္ ညႊန္းလို႔ The last executioner ဆိုတဲ့ ထိုင္း ရုပ္ရွင္ကို ၾကည့္လိုက္မိပါတယ္။တကဲ့ အျဖစ္အပ်က္ တစ္ခု၊ ၿပီးေတာ့ တကဲ့လူတစ္ေယာက္အေၾကာင္း ကိုရုပ္ရွင္ရိုက္ထားတာပါ။
ထိုင္းႏိုင္ငံ အက်ဥ္းဦးစီး ဌာန မွာ ၃၅ႏွစ္လံုးလံုး
အမႈထမ္းခဲ့တဲ့ ေခ်ာင္ လို႔ ေခၚ တဲ့ ခ်ာဗရြတ္ ရဲ႕ အေၾကာင္းေပါ့။
သူဟာ ဝန္ႀကီးလဲ မဟုတ္၊ ႏိုင္ငံေရးသမားလဲ မဟုတ္ပါဘူး။
သူ႔ရဲ႕အလုပ္ကေတာ့ ေသဒဏ္ ေပးခံ
ရသူေတြကို ေသနပ္ နဲ႔ ပစ္သတ္ ေပးရတာပါ။
သူဟာ လူသတ္ သမား မဟုတ္ပါဘူး။
အျပစ္ဒဏ္ေပးခံရသူေတြကို စီရင္ေပးရသူပါ။
သူ႔မွာ အမုန္းမရွိ၊ အညိႇုးမရွိပါဘူး။
ဒါေပမဲ့ လူေတြကို သတ္ေပးရတဲ့ သူဆိုတာ သိသြားၾကတဲ့အခါ
သူ႔မိန္းမကအစ အံ့ ဩတုန္လႈပ္ခဲ့ပါတယ္။
သူ႔သမီးရဲ႕ ေယာကၡမ အသိုင္းအဝိုင္း ကလဲ ရြံ႕ သြားၾကတယ္။
သူကေတာ့ သူတာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ခဲ့ေလရဲ႕။
သူ ေသနပ္ နဲ႔ ပစ္ခဲ့ရတာ ၅၅ ေယာက္ရွိပါတယ္။
ထိုင္း အစိုးရက ၂၀၀၃ခုႏွစ္မွာ ေသနပ္ နဲ႔ ေသဒဏ္ေပးမဲ့အစား
၊ ေဆးထိုးသတ္ဖို႔ဆံုးျဖတ္လိုက္ေတာ့ သူ
အလုပ္ကေန အနားရခဲ့ပါတယ္။
သူ႔အေၾကာင္းကိုစာအုပ္ ထုတ္ခဲ့ပါတယ္။
ထိုင္းႏိုင္ငံရဲ႕ေနာက္ဆံုး ပါးကြက္သားႀကီး အျဖစ္ နဲ႔ေပါ့။
၂၀၁၁ ခုႏွစ္ မွာ သူကြယ္လြန္ခဲ့ပါၿပီ။ဂီတသမား၊ အထူးသျဖင့္ Rockerျဖစ္ခ်င္ခဲ့သူ၊
ခင္ပြန္းေကာင္း၊ ဖခင္ေကာင္း၊ဝန္ထမ္းေကာင္းျဖစ္ခဲ့သူပါ။
သူေသနပ္ နဲ႔ပစ္သတ္ေနပံုေတြ ျပတဲ့အခါ ေသြးေအးလြန္းတဲ့
သူ႔ဟန္ပန္ေတြကေတာ့ ကၽြန္ေတာ္ တို႔ ရင္ကို နာ က်င္ေစခဲ့ေပါ့။
သူ မ်ား ကို သတ္ရတာ အရသာေတြ႕ေနေလသလားရယ္လို႔။
ကၽြန္ေတာ္ တို႔ငယ္ငယ္ ၁၉၈၀ ဝန္းက်င္က ရႈမဝထဲ မွာ
ဖတ္ခဲ့ဖူးပါတယ္။သားေတာ္ေမာင္ရဲ႕ေမးခြန္း ဆိုတဲ့ ဘာသာျပန္ ဝတၳဳတို ပါ။
ေသဒဏ္ ေပးခံ ရသူေတြကိုသတ္တဲ့အခါ ေဒါက္ ျဖဳတ္ ရတဲ့
လူ တစ္ေယာက္ အေၾကာင္းေပါ့။
ကိုယ့္လက္ ကေလး ေကြးလိုက္တာနဲ႔ လူတစ္ေယာက္
ေသသြားရတာ ေတာ့ အရသာ ရွိလိမ့္မယ္ ထင္တယ္။
ရုပ္ရွင္အညႊန္းအား ဦးသူရ (ဇာဂနာ) Facebook မွ
ကူးယူေဖာ္ျပပါသည္။
ဒီရုပ္ရွင္ကားကို CM Translator ကို Nga Lunn မွ
ဘာသာျပန္ တင္ဆက္ေပးထားပါတယ္
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။