The King’s Speech (2010)
Find your voice.

Synopsis:
The King’s Speech (2010)
IMDb – 8.0/10_____Rotten – 95%
Won 4 Oscars. Another 106 wins & 204 nominations
သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊
လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊
စည်းကမ်းက ဂျပန်တွေအတွက် အသက်
……….
ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။
သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း
တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ
ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာကို
အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။
အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁
နေရာကာ ဘာကင်ဟမ်နန်းတော်
ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊
သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့်
လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။
အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ
အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ်ကို
The Weinstein Company နဲ့ Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။
IMDb 8/10 ၊ Rotten Tomatoes 95% ၊
Common Sense5/5၊ CinemaScore A+ တို့ ရရှိထားပါတယ်။
၂၀၁၀ စက်တင်ဘာမှာ Telluride ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး
၂၀၁၁ မှ ဗြိတိန်မှာ ပြသခဲ့ပါတယ်။
တစ်ကားလုံးကို ကြာချိန် ၁၁၉ မိနစ်ရှိပြီး
အင်္ဂလိပ်ဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
ဘက်ဂျက် ဒေါ်လာ ၁၅ မီလီယံနဲ့ ရိုက်ကူးခဲ့ပြီး
Box Office မှာ ဒေါ်လာ၄၁၄.၂ မီလီယံ(ဂဏန်းမမှားပါဘူး) ပြန်လည်ရရှိခဲ့ပါတယ်။
ဒါကိုကြည့်ရင် ငွေကြေးအရ တော်တော်ကြီးကို အောင်မြင်ခဲ့တာပါ။
ဒီလောက်နဲ့ရပ်သွားမလားဆိုလို့ အနုပညာပိုင်းဘက်ကိုလှည့်ကြည့်လိုက်တော့ Jeez!
သြဇာကြီးမားတဲ့ဆုပေးပွဲတွေဖြစ်တဲ့
၆၃ ကြိမ်မြောက် ဗြိတိန်အကယ်ဒမီပေးပွဲ BAFTAs(မြန်မာနိုင်ငံမှာလိုမဟုတ်ပါ) မှာ
ဇကာတင်စာရင်းမှာ ၁၄ ဆုဝင်ထားခဲ့ပြီး
အကောင်းဆုံးဇာတ်ဆောင်ဆု၊ရုပ်ရှင်ဆု အပါအဝင် ၅ဆုသိမ်းပိုက်ခဲ့ပါတယ်။
နောက်ထပ် Screen Actors Guild Awards ဆုပေးပွဲမှာ ဇကာတင် ၄ဆုဝင်ခဲ့ပြီး
အကောင်းဆုံးဇာတ်ဆောင်ဆုအပါအဝင် ၂ ဆုရရှိခဲ့ပါတယ်။
ဒီလိုဆုတွေရတော့ကုန်သွားပြီလို ထင်လိုက်တယ်။
WTF … Golden Globes Awards(2011) မှာဇကာတင် ၇ ဆုပါခဲ့ပြီး
အကောင်းဆုံးဇာတ်ဆောင်ဆု တစ်ခုရရှိခဲ့ပါတယ်။
တစ်ကမ္ဘာလုံးက သရုပ်ဆောင်အားလုံးတို့အိမ်မက်ဖြစ်တဲ့
Oscar Awards(2011) လို လွမ်းမိုးမှုအကြီးဆုံးရုပ်ရှင်ဆုပေးပွဲမှာ
ဇကာတင် ၁၂ ဆုဝင်ခဲ့ပြီး အကောင်းဆုံး ဇာတ်ဆောင်ဆုအပါအဝင် ၊
ဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ထုတ်လုပ်ရေးဆု ၄ဆုကို သိမ်းပိုက်သွားခဲ့ပါတယ်။
တစ်ကမ္ဘာလုံး ဆုပေးပွဲပေါင်း များစွာကနေ ဇကာတင်စာရင်းတွေမှာ
၁၉၄ ဆုဝင်ထားခဲ့ပြီး ၁၀၂ ဆုကို သိမ်းပိုက်ထားခဲ့ပါတယ်။
ဟိုး အကြီးဆုံး ဆုကနေစပြီး ရုပ်ရှင်အကဲဖြတ်ပွဲတော် ၊ဝေဖန်ရေးဆုတွေ အလယ်၊
Online TV ဆုပေးပွဲတွေအဆုံး အားလုံး ရှေ့မှာရင်ကော့ပြီး
ဆုတွေ တစ်သီးကြီး အကုန် ဝုန်းသွားခဲ့ပါတယ်။
ဒီလောက်တောင်ဆုတွေ ရနေတော့
ဘယ်သူတွေ များရိုက်ထားလဲ ကြည့်ဆိုတော့
The Danish Girl ၊ Les Miserables တို့လို
Oscar ဆုတွေရထားတဲ့ဇာတ်ကားဖန်တီးရှင်
မှော်ဒါရိုက်တာကြီး Tom Hooper ရိုက်ထားတာပါ။
သူရိုက်ထားတာဆိုရင် ရုပ်ရှင်ဂျိုးတွေ သိပြီးမှာပါ။
နောက် ဆုပေးပွဲအားလုံးနီးပါးတိုင်းမှာ
ဇာတ်ဆောင်ဆုတွေ ရအောင်သိမ်းပိုက်ထားတဲ့
မင်းသားက တော့ Colin Firth ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ ဘာတီ နေရာက သရုပ်ဆောင်ထားပါတယ်။
သူနဲ့ အပြိုင် သရုပ်ဆောင်ပြီး
ဇာတ်ကို အဆုံးထိ Tango မြင့်အောင်လုပ်သွားတဲ့
သရုပ်ဆောင်က Geoffrey Rush ပါ။
သူက လိုင်ယွန်နယ်လုန်းအဖြစ်သရုပ်ဆောင်သူပါ။
ဒီဇာတ်ကားကအပေါ်မှာပြောထားခဲ့သလို
သမိုင်းဖြစ်ရပ် ပြန်ရိုက်ထားသည်မှန်သော်လည်း
ဒါရိုက်တာစိတ်ကြိုက် ဇာတ်ပြင်ထားခြင်းတွေ
များစွာပြူလုပ်ထားပါတယ်။ ဒီဇာတ်ကားထွက်လာတော့
အင်္ဂလန်နိုင်ငံရေးသမားတွေက
ဝေဖန်မှုများစွာပြူလုပ်ခဲ့ကြပြီး အနုပညာမြောက်သော်လည်း
သမိုင်းနဲ့ များစွာသွေဖီနေသည်ဟု ဝေဖန်သံများထွက်ပေါ်လာခဲ့ပါသည်။
တပြိုင်တည်း ပုံနိုပ်စာ နယ်ပယ်မှာ TIME မဂ္ဂဇင်းက
၂၀၁၀ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားထဲက တစ်ကားလို့ မှတ်ချက်ပြုခဲ့ပြီး
တခြားသော သြဇာကြီးမားတဲ့ ဝေဖန်ရေးသမားတွေ ၊ သတင်းစာတွေကြားကို
ဆီပူထဲ ရေထည့်လိုက်သလို ပွက်ပွက်ညံပြီး
အကောင်းအဆိုင်း ဝေဖန်မှုများကို ဖန်တီးထားခဲ့ပါသေးတယ်။
ဒီရုပ်ရှင် ဇာတ်ကားက ယခုလက်ရှိ အင်္ဂလန်ထီးနန်းကို ဆက်ခံထားတဲ့
သက်တော်ရှည် ဘုရင်မကြီး အဲလစ်ဇဘတ်ရဲ့ဖခင်
ဂျော့်VI(ရော့မြို့စား)) ဝါအာထစ်ဘုရင်ကြီး ရဲ့အကြောင်းကို
အဓီကထား ရိုက်ကူးထားသည့်အလျောက်
ဒီဇာတ်ကားကို ဘုရင်မကြီးဆီ ပေးပို့လိုက်တာမှာ
သူမဖခင် ပြုမှုတဲ့အတိုင်းဘဲလို့ ချီးကျူးစကားဆိုခဲ့ပါတယ်။
ဒီဇာတ်ကားထဲမှာ ဒါရိုက်တာက ဇာတ်ကောင်ကို အသားပေးချင်လို့
မြင်ကွင်းကျယ်မှန်ဘီလူးများကို အဓီအသုံးပြီး ရိုက်ကူးထားပါတယ်။
သူရိုက်ကူး ရိုက်ကွက်တွေက ကြည့်လိုက်တာနဲ့
ရှောင်မီဖုန်းတွေ portrait mood ဖွင့်ရိုက်သလို
လူကိုထင်းကနဲ မြင်အောင်ပြထားပါတယ်။
ဇာတ်လမ်းထဲမှာ အသုံးပြုထားတဲ့ပစ္စည်းများ
ဥပမာ ဂျော့(ရော့မြို့စား) နဲ့ ဖခင်ဘုရင်ကြီး မိန့်ခွန်းလေ့ကျင့်နေတဲ့အခန်းမှာ ပြထားတဲ့
စပီကာပုံစံအရောင်နဲ့ စားပွဲခင်ကျင်းထားပုံက
တကယ့်သမိုင်းထဲမှာ သုံးခဲ့တဲ့အတိုင်း ဘဲဖြစ်ပါတယ်။
နောက် ဘာတီအဖြစ်သရုပ်ဆောင်တဲ့ Firth
ကတော်တော်လေးကိုလေးစားစရာပါ။
ဒါမရေးခင် ဂျော့်ဘုရင်VI မိန့်ခွန်းပြောထားတဲ့ video အတိုင်း
မိန့်ခွန်းဖတ်နေရင်း စကားရပ်သွားတဲ့နေရာ ၊ အသံထုတ်ပုံ၊ အာထစ်နေတဲ့ စကားလုံးတွေ၊
ပါးစပ်ထဲရောက်နေပြီအပြင်ထွက်ဖို့ ခဲယဉ်းနေပုံနေကို
တော်တော်လေးတူအောင်ကို ကျင့်ထားပုံပါဘဲ ။
စကားအဖြတ်အတောက်တွေက ဘုရင်ကြီး စကားပြောအခက်တွေ့တဲ့အတိုင်း
ထပ်တူကြအောင်ရယ် မင်းသံဆိုးသံပေါက်အောင်ရယ်
ပြောသွားတာ ဇာတ်နဲ့တစ်သားတည်းပါ။
ဝင်စတန်ချာချီက အပြင်မှာ နန်းစွန့်ဘုရင် အက်ဝက် VIII ကို
အင်တိုက်အားတိုက် ထောက်ခံခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ် ။
ဒီထဲမှာ လုံးလုံးကြီးဆန့်ကျင်ဘက်အနေနဲ့ ပုံဖော်ထားပါတယ်။
အဓီကဇာတ်ကောင် ဂျော့VI ဘုရင်(ရော့မြို့စား)က
ရွှေအိုးအနားပဲ့နေသလို မင်းသားတစ်ပါးဖြစ်ပေမယ့်
အားနည်းချက်ကြီးက စကားထစ်တဲ့လူဖြစ်နေတာပါဘဲ။
စိတ်အားငယ်တက်၊ဒေါသကြီးတက်တယ်၊
အားလုံးရဲ့အပယ်ခံ အနိုင်ကျင့်ခံဇာတ်ကောင်စရိုက်ရှိတယ်။
စကားထစ်နေတာ ပြောရခက်နေတာအတွက်
စကားကု ဆရာဆီက ဘဝအခက်အခဲတွေကိုပါ အနိုင်ယူပြီး
hero လိုခံစားချက်မျိုးရအောင် သရုပ်ဖော်ထားတယ်။
သမိုင်းထဲက ဂျော့VI ဘုရင်(ရော့မြို့စား)
Cambridge’s Trinty College မှာပညာသင်ကြားခဲ့ပြီး
ငယ်ငယ်တည်းက ထီးမွေဆက်ခံမယ်လို့မစဉ်းစားထားတဲ့ သူ ၊
သူ့အစ်ကိုဖြစ်သူ ထီးမွေဆက်ခံရမှာကြောင့် ၊
တော်ဝင်ရေတပ် သင်တန်းကျောင်းမှာတက်ရောက်ပြီး
ရေတပ်ဗိုလ်နဲ့ တော်ဝင်လေတပ်အရာရှိအဖြစ်
ပထမကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ နာဇီတို့ကို အောင်နိုင်ပြီး
နိုင်ငံတော်ကိုသြဇာကို ပိုကြီးမားအောင်လုပ်ခဲ့ပြီး
ပထမဆုံးသော ဓနသဟာရ နိုင်ငံများ အကြီးအကဲလဲဖြစ်ခဲ့ပါတယ်။
သမီးနှစ်ယောက် ရှိပြီး အယ်လစ်ဇဘတ်နဲ့ မာဂရက် တို့ ဖြစ်ပါတယ်။
သူ့ရဲ့ကျန်းမာရေအခြေနေကြောင့် သမီးဖြစ်သူ
အယ်လစ်ဇဘတ်ဘုရင်မကြီးဆီကို ထီးနနန်းလွဲပေးခဲ့ပါတယ်။
ဂျော့ဘုရင် VI ကစကားထစ်တာကြောင့်
စီးကရက် က စိတ်သက်သာရာရစေတယ်ဆိုပြီး
အမြဲတမ်းသောက်လေ့ရှိရာ ၊ အသက် ၅၆ နှစ်မှာ
အဆုတ်ကင်ဆာကြောင့်ဘဲ သေဆုံးခဲ့ပါတယ်။
အက်ဝက်VIII (ဝေလမင်းသား)ကို ပေ့ါပေါ့နေပေါ့ပေါ့စားပြီး
လျောက်လေလွင့်နေသူ ၊ ကိုယ်ထင်ရာလုပ်တက်သူ၊ ကလေးဆန်သူ၊
နှစ်လင်ကွာ အမျိုးသမီးကိုစွဲလမ်းပြီး
နန်းတော်က တော်ဝင်မိသားစုကို အရှက်ရစေသူလို့
အဓိပ္ပယ်ရအောင်ပါတဲ့ ဇာတ်ကွက်နည်းနည်းလေးမှာ သရုပ်ဖော်ထားပါတယ်။
ဒီဇာတ်ထဲမှာ သူ့ပုံရိပ်ကို negative အမြင်ထွက်အောင်
ပုံဖော်ထားတာတွေ့ရပါတယ်။
သမိုင်းထဲက အက်ဝက်VIII (ဝေလမင်းသား)
အက်ဝက်VIII (ဝေလမင်းသား)က ဂျော့်V
ဘုရင်ကြီးရဲ့ သားအကြီးဆုံးဖြစ်ပြီး တော်ဝင်ရေတပ်ကောလိပ်…
အော့်ဘောနီ ရေတပ်ကောလိပ်နဲ့
အောက့်စဖို့ ရဲ့မက်ဒယ်လန် ကောလိပ်မှာ ပညာသင်ကြားခဲ့ပါတယ်။
တော်ဝင်ရေတပ်မှာ ပါဝင်ပြီး ပထမကမ္ဘာစစ်အတွင်းတိုက်ပွဲဝင်ခဲ့ပါတယ်။
သူပြောထားခဲ့တဲ့စကားက ” ငါသေသွားလို့ လဲ
ဘာဖြစ်သွားမှာလဲ ၊ ဘုရင်ကြီးမှာ နောက်ထပ်
သား ၃ယောက်တောင်ရှိသေးတာဘဲ ဆိုပြီး
စစ်အတွင်းပြောခဲ့တာကိုကြည့်ရင် ထီးနန်းကို
အစကတည်းက စိတ်ဝင်စားပုံမရပါဘူး။
နောက် တစ်လင်ကွာ လက်ရှိအိမ်ထောင်ရှိနေတဲ့
အမေရိကန်လူမျိုး မစ္စဆင်ဆွန်ကို အချစ်ရူးမီတာ ကနေအချစ်အတွက်
ထီးနန်းကို စွန့်လွှတ်ခဲ့ပြီး ချစ်ရသူကို လက်ထပ်ခဲ့ပါတယ်။
၁၉၇၂ မှာ သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးပြီး
၁၄ နှစ်အကြာမှာ သူ့အချစ်ရူးမစ္စဆင်ဆွန်သေဆုံး
ခဲ့ပါတယ်။ မစ္စဆင်ဆွန်ကို သူဘေးနားမှာဘဲ
မြေမြှပ်ခဲ့ပြီး သေတောင်မှမခွဲကြတဲ့ အထိဒီနေ့
ခေတ်လူတွေ အံ့သြနေကြဆဲ အချစ်အတွက်
အကြီးမားဆုံးပေးဆပ်ခဲ့တဲ့နန်းစွန့်ဘုရင်တစ်ပါး
အဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။
အာဂယောကျာ်း တစ်ယောက်ပါ။
အချစ်ဆိုတာလဲ ထူးဆန်တယ် ၊စွဲပြီဆိုရင် ရှက်
ရမှာလဲ မသိတော့ဘူး၊ ကြောက်ရမှာလဲမသိ
တော့ဘူး၊ ဘာကို မှလဲ မငဲ့ဘဲရက်စက် ရိုင်းတက်
တာတယ် ၊ အပင်ပန်းခံနိုင်လာတယ် ။
အာဇာနည်သီချင်းထဲမှာ သာ ကြားဖူးတဲ့ ဓား
တောင်ဖြတ်တာတို့ ၊ မီးပင်လယ်ဖြတ်ရဲတာတို့
က တစ်ကယ်ဖြစ်နိုင်ပါလားတွေးမိစေပါတယ်။
အက်ဝက် VIII က ယောကျာ်းကောင်းလို့
ပြောလို့ရသလို စနိုက်လို့လဲ ပြောလို့ရတယ်။
သူဒီအမျိုးသမီးကိုလက်ထပ်ရင်
သူ့မှာ ရွှေးချယ်စရာ ၃ ခုရှိတယ်
၁။ ဘုရင်အနေနဲ့နေပြီ ထီးနန်းမှာနေပြီး တရားဝင်
မီဖုရားမြောက်
၂။ တရားဝင်မိဖုရားမလုပ်ဘဲ အဆောင်အယောင်
လေးနဲ့ နာမည်ဂုဏ်ပုဒ်လေးတွေ ပေးမယ်
၃။ နန်းစွန့်ပြီး တရားဝင်အမျိုးသမီး အဖြစ်လက်ထပ်လို့ ရမယ်
၁ နဲ့ ၂ က ဘုရင်က အင်္ဂလန်ကျောင်းတော်နဲ့
အစိုးရအဖွဲ့လက်အောက်ခံနိုင်ငံ တွေက လက်ခံဖို့ မဖြစ်နိုင်တာရယ်
သူကိုယ်တိုင်က သူ့ချစ်သူကို တရားဝင်သိက္ခာရှိရှိထားချင်တာကြောင့်
နည်းလမ်း ၂ခုလုံးသုံးလို့ မရပါဘူး။
ရွှေးစရာ နောက်ဆုံး ၃ ထီးနန်းစွန့်ခြင်းကို
ရွှေးချယ်ခဲ့လိုက်ပါတယ်။ အချစ်အတွက်ထီးနန်း
စွန့်တာကို ထိုက်တန်တယ်တွေးပြီး နန်းစွန့်ဖို့
လက်မှတ်ထိုးပြီးတော့ ပန်းခြံထဲအေးဆေး လမ်းဆင်းလျောက်နေခဲ့ပါတယ်လို့
ရေးသားထားခဲ့ကြပါတယ်။ ရိုမီယိုက အဖေပြန်ခေါ်ရမလား
တော်ဝင်မိသားစုတွေ အတိုက်အခံတွေကြားထဲကနေ
အချစ်အတွက် နန်းပါစွန့်ပစ်လိုက်တာ
ရိုချက်၊ သေတာတောင်ဘေးချင်းကပ်ပြီးမြေမြုပ်ပြီး ရိုသွားသေးတယ်။
စကားထစ်တာက သိပ်တွေ့ရလေ့မရှိတဲ့ရောဂါ
တစ်မျိုးပါ။ လူ့အသိုင်းအဝိုင်းမှာ လှောင်ရယ်စရာ
တစ်ခုအနေနဲ့ ရှုမြင်တက်ကြပြီး ၊သူစကားပြောတာ
ရယ်စရာကောင်းတယ်လို့ ပေါ့ပေါ့ပြောလိုက်
သောလည်း ကာယကံရှင်ဘက်ကစကားပြော
ထွက်အောင်ဘယ်လောက်ခက်ခဲပြီးကြိုးစားနေ
ရတယ်ဆိုတာဒီကားထဲမှာ နိုင်ငံပုံရိပ်ဖြစ်တဲ့ဘုရင်
တစ်ပါးမှာဒီလိုအာထစ်နေပြီး လူပေါင်းများစွာ
အရှေ့မှာ မိန့်ခွန်းဖတ်ရတာတို့ဆို
လူတွေအတွက်ရတဲ့ဖိအား စကားသံထွက်ဖို့
ကြိုးစားနေရလို ဖြစ်လာတဲ့ဖိအားတွေကြားက
ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာတွေကို Firth
သရုပ်ဆောင်ထားတာ သူ့ကိုကြည့်နေရင်နဲ့
ပြောလိုက်ပါလား ဒီလောက်လွယ်လွယ်လေးကို ၊
ကြည့်ရတာပင်ပန်းလိုက်တာ ၊
တစ်လုံးနဲ့တစ်လုံး လှည်းတန်းမီးပွိုင့်လောက်ကြာတယ်ဆိုပြီး
မှတ်ချက်ပေးရအောင်မှုလစကားထစ်တဲ့သူတစ်ယောက်လို
စကားပြောတာမှာတော်တော်ကြီးကို သရုပ်ဆောင်တော်ပါတယ်။
လမ်းလျောက်တဲ့ကိုယ်နေဟန် နဲ့ နေပုံထိုင်ပုံတွေ ကိုသေချာကြည့်ရင်
မင်းဟန်ဆိုးဟန် ပါနေတာကို တွေ့ရမှာပါ။
ဇာတ်လမ်းကို အစကနေစပြီး နောက်ဆုံး climax ကိုရောက်တဲ့အထိ
တဖြည်းဖြည်းခြင်းခေါ်သွားပါလိမ့်မယ်။
Rating တွေများပြီး ဆုတွေ တစ်ပြုတ်ကြီးရနေပေမယ့်
တချို့သူများအတွက် ပြောသလောက်လဲမဟုတ်ပါဘူး
ပျင်းစရာကြီးလို့ ပြောနိုင်ပါတယ်။ လူတွေက စက်ရုပ်မှမဟုတ်ကြဘဲ ။
ဇာတ်လမ်းတစ်ခုလုံးက ဂျော့်VI(ရော့မြို့စား)နဲ့
သူ့ ရဲ့ စကားကုဆရာတို့ အကြားကဆက်ဆံရေး
ဂျော့်VI(ရော့မြို့စား)ရဲ့ စရိုက် နေထိုင်ပုံ
သူရင် ဆိုင်ရနေရတဲ့အခက်အခဲတွေ ၊
ဖြတ်သန်းခဲ့ရတဲ့ဘဝကို နာရီပိုင်းအတွင်းမှာ ထင်ဟပ်အောင်
ဖော်ပြထားတာတွေ့ရပါတယ်။
ကျွန်တော် H L K ပါ။
File Size – 849 MB
Qty – 720p Bluray
Duration – 1hr 58min
Gern – Biography/Drama
Subtitle – Myanmar Hardsub
Translator – Htet Lin Kyaw
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။