The King of Fighters (2019)

Synopsis:
ဒီဇာတ်ကားလေးကိုတော့ ဂျပန်ကိုလိုနီခေတ်ရဲ့ကိုရီးယားနိုင်ငံမှာ အခြေခံထားပါတယ်
လက်သီးချက်တွေနဲ့နာမည်ကြီးတဲ့ မာဂျော့ဆိုတဲ့လူတစ်ယောက်ကို
စိန်ခေါ်ချင်တဲ့လူတွေများပြားနေတာ အဆန်းတော့မဟုတ်ဘူးပေါ့
ဒါပေမဲ့လည်း ညီမလေးဖြစ်သူနဲ့အတူ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းရင်း
အချိန်ကုန်ဆုံးခဲ့တယ် အစ်ကိုကြီးဖြစ်သူက မလွှတ်ချင်ပေမယ့်
တိုကျိုကိုအရမ်းသွားချင်နေတဲ့ ညီမဖြစ်သူရဲ့စိတ်ကို မလွန်ဆန်နိုင်ဘဲ
ဒီလိုနဲ့ ညီမစိတ်ကြိုက် တိုကျိုကိုအလုပ်လုပ်ရင်း ပညာသင်သွားဖို့လွှတ်လိုက်ရတယ်
အဲဒီခရီးဟာ ထင်သလိုဖြစ်မလာတဲ့အခါ ညီမလေးဖြစ်သူကိုပြန်ကယ်နိုင်ဖို့
ကြိုးပမ်းရတော့တယ်
တတ်ကျွမ်းတဲ့ပညာဆိုလို့ လက်သီးချက်တွေအပြင်မရှိတဲ့ အစ်ကိုကြီးတစ်ယောက်က
သူချစ်ရတဲ့ တစ်ဦးတည်းသောညီမလေးဖြစ်သူအပေါ် ကာကွယ်ပေးတာတွေကို
မြင်တွေ့ရမှာဖြစ်ပါတယ်
အထိုးအကြိတ်လက်သီးချက်တွေပါပြီး သဘာဝကျတဲ့ထိုးချက်တွေမလို့
အားရပါးရကြည့်ချင်တဲ့သူတွေအတွက် သဘောကျစေမှာပါ
ပိတ်ရက်မှာမပျင်းရမယ့် ဇာတ်ကားတစ်ကားဖြစ်တာကြောင့်
ညွှန်းပေးလိုက်ပါတယ်နော်
Translated by : Phue Nge Nge Thein
Encoded by : YK
Quality : 720p
File Size : 864MB
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။