Exit print mode Print Data A+ A- Undo all

The Killer Inside: The Ruth Finley Story (2024)

The Killer Inside: The Ruth Finley Story (2024)The Killer Inside: The Ruth Finley Story (2024)

Synopsis:

442

 

အသစ်ထွက်ရှိထားတဲ့ ဖြစ်​ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်​ခုနှစ်​တွေက အမှန်​တကယ် ဖြစ်ပွား​ခဲ့တဲ့ Ruth Finley ဆိုသူ​ အမျိုး​သမီး​တစ်ဦး​ရဲ့ ဖြစ်​ရပ်​မှန်​ကို ရိုက်​ကူး​ထားတာ​ ဖြစ်​ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ်​ ပါဝင်​ထား​ပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့​ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်​ပြည်ထောင်​စု ကန်း​ဆတ်​စ်​ပြည်နယ်​ Wichita မြို့​မှာ BTK killer ဆိုတဲ့ ကွင်း​ဆက်​လူသတ်သမား တစ်ဦး​ သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုး​သမီး​တစ်ဦးဟာ ခင်​ပွန်း​ဖြစ်​သူ Ed Finley နဲ့အတူ Wichita မြို့​မှာနေထိုင်ပါတယ်။ တစ်နေ့​မှာ ခင်ပွန်း​ဖြစ်​သူ နှလုံး​ရောဂါ​ကြောင့်​ ဆေးရုံ​တင်​လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို​ အမည်​မသိ​လူတစ်ဦးကနေ ဖုန်း​ခေါ်ဆို​မှုတွေ၊ ခြိမ်း​ခြောက်​စာတွေ ရရှိလာပါတော့တယ်။

Ruth နောက်​ကိုလည်း​ တစ်စုံ​တစ်​ယောက်​က ထက်ကြပ်​မကွာ နောက်​ယောင်​ခံစောင့်ကြည့်နေသလို ခံစား​မိတာကြောင့် ရဲတိုင်ခဲ့ပေမဲ့လည်း ထူး​ဆန်း​စွာနဲ့ သဲလွန်စ​တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ Ruth ကို နောက်​ယောင်​ခံ​လိုက်​နေသူက နာမည်​ကြီး BTK killer ပဲလား၊ တခြား​တစ်ယောက်​လား၊ Ruth တစ်ယောက်​ ဒီလို​ကြုံတွေ့​နေခြင်း​ နောက်​ကွယ်​မှာ အကြောင်း​ရင်းတစ်ခုခုရှိလား ဆိုတာ​ကို စိတ်ဝင်စား​ဖွယ်​ ကြည့်​ရှု​ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားက​ TV ရုပ်​သံ​လိုင်း​ကနေ ပြသတဲ့ ရုပ်​ရှင်​ဖြစ်ပြီး ဇာတ်​လမ်း​ဇာတ်​အိမ်က ရိုး​ရှင်းပေမဲ့ အချိန်​ပေးကြည့်ရှုလို့ အဆင်ပြေမဲ့ ဇာတ်ကား​တစ်ခုဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေ​ခံထားတာကြောင့်လည်း ပိုပြီး​စိတ်ဝင်စား​ဖို့ ကောင်းပါ​တယ်။

 

File size…(647 MB)
Quality….Webdl 720p
Format…mp4
Duration….01:27:00
Genre… TV Movie, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfanheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
12.773
Status
Released
ID IMDb.com
1303144
ID Themoviedb.org
1303144
TMDb Rating
7
TMDb votes
1