Exit print mode Print Data A+ A- Undo all

The Killer (2024)

Some alliances form. Others will crumble.
The Killer (2024)The Killer (2024)

Synopsis:

442

The Killer (2024)

ဒီ အက်ရှင်ကားအလန်းကတော့ မင်းသားကြီး ချောင်ယွမ်ဖက်ရဲ့ The Killer (1989) ကို ပြန်လည်ဖန်တီးထားတာပါ။ ဒါရိုက်တာကလည်း မူရင်း The Killer ရဲ့ ဒါရိုက်တာ ဆရာကြီး ဂျွန်ဝူးပါပဲ။ သူ့ရုပ်ရှင်တွေကိုတော့ သူရိုက်မှန်းမသိလိုက်ရင်တောင် အတော်များများကြည့်ဖူးကြမှာပါ။ A Better Tomorrow, Hard Boiled, Red Cliff, Silent Night, Reign of Assassins, Pay Check, Bullet in the Head စသဖြင့် အများကြီးပါပဲ။ ဇာတ်လိုက်နေရာမှာ မင်းသားကနေ မင်းသမီးပြောင်းသွားပါတယ်။ မင်းသမီးကတော့ Game of Thrones ဖန်တွေရဲ့ အချစ်တော် မိစန္ဒီ Nathalie Emmanuel ပါပဲ။ ဂျွန်ဝူးရဲ့ မာစတာပိစ်တွေထဲ တစ်ကားဖြစ်လို့ 1992 လောက်တုန်းက ရစ်ချက်ဂီရိတို့ ဒန်ဇယ်ဝါရှင်တန်တို့နဲ့တောင် ပြန်ရိုက်ဖို့ ကြံစည်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာပါ။ အခုတော့ ဂျွန်ဝူးကိုယ်တိုင်ပဲ ပြန်ရိုက်လိုက်ပါပြီ။ ဒီရုပ်ရှင်ကို ပြန်ရိုက်မယ်လုပ်တုန်းက နစ်ကလက်ကေ့ဂျ် ကိုယ်တိုင်တောင် ဂျွန်ဝူးသာပြန်ရိုက်ရင် သူပါချင်လိုက်တာဆိုပြီး ပြောဖူးပါတယ်။

ဇာတ်လမ်းအကျဉ်းကိုတော့ မူရင်းရုပ်ရှင် မကြည့်ဖူးသေးတဲ့သူတွေအတွက် ညွှန်းပေးထားပါတယ်။ မူရင်းကိုလည်း ချန်နယ်မြန်မာ app သို့မဟုတ် website မှာ ကြည့်နိုင်ပါတယ်။

ဇီဟာ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်။ ဒါပေမဲ့ သေသင့်တဲ့သူကိုပဲ သတ်ပြီး အပြစ်မရှိတဲ့သူတွေကို လုံးဝမထိရဘူးဆိုတဲ့စည်းကမ်းနဲ့အလုပ်လုပ်နေတဲ့သူပါ။ တစ်နေ့မှာတော့ သူဝင်ပြီးလုပ်ကြံတဲ့ လူဆိုးဂိုဏ်းတွေနဲ့ တိုက်ပွဲမှာ အဆိုတော်ဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက် ကြားညပ်ပြီး မျက်စိထိခိုက်သွားပါတယ်။ သူ့ရဲ့အလုပ်ရှင်က အဲဒီကောင်မလေးကို လိုက်ရှင်းဖို့ ဖိအားပေးပေမဲ့ သူက မရှင်းတဲ့အပြင် အခြားကြေးစားတွေလက်ကပါ ကယ်ထုတ်သွားပါတယ်။ အဲဒီကောင်မလေးကလည်း လူဆိုးဂိုဏ်းတွေအတွက် အရေးပါတဲ့ သက်သေဖြစ်နေပြန်တယ်။ တချိန်တည်းမှာပဲ လူဆိုးဂိုဏ်းတွေ ဘယ်လိုမှ လာဘ်ထိုးလို့မရတဲ့ ခေါင်းမာတဲ့ရဲက ဒီအမှုနဲ့ ဘိန်းဖြူမှုတွေကို ဆက်စပ်မိပြီး နောက်ကလိုက်လာနေပါတယ်။ ရဲတွေရယ် ဂိုဏ်းတွေရယ် ဇီ ရယ် သုံးပွင့်ဆိုင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ခေတ်ဟောင်း အက်ရှင်ဇာတ်လမ်းအတိုင်းပဲ ပြသသွားပါတယ်။ ကြည့်လိုက်ကြပါဦး။

File size…(9.6 GB)/ (3 GB )/(1.4 GB)
Quality….WEB-DL 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….02:05:23
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Mr.Anderson



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $30 000 000,00
Popularity
65.197
Status
Released
ID IMDb.com
tt1121948
IMDB Rating
7.5
ID Themoviedb.org
970347
TMDb Rating
6.6
TMDb votes
11