The Journey of Flower ( 2024 )


Synopsis:
ကဲ ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့
တရုတ်ကားပရိတ်သတ်တိုင်းနဲ့မစိမ်းတဲ့ ဟွားချန်းကူ Movieဗာရှင်းလေးပဲဖြစ်ပါတယ်
အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟွားချန်းကူနေရာကို ခုနောက်ပိုင်း
နာမည်ရလာတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မင်းသမီးလေး Cheng Duling
ချန်လျိုဂိုဏ်းချုပ် ဟွားချန်းကူရဲ့ဆရာဖြစ်သူပိုင်ကျစ်ဟွအဖြစ်
Soulmate ဇာတ်ကားနဲ့ နာမည်ရလာတဲ့ Li Chengbin
ဟွားချန်းကူရဲ့ မမဖြစ်တဲ့ ရှားချန်းမော့ အဖြစ်
Mao Zijunတို့က ပါဝင်ထားတာပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးဘုရင်ကို နှိမ်နင်းအပြီးမှာ
သူ့ရဲ့စွမ်းအားတွေကို နတ်လက်နက်သုံးခုစီမှာ ခွဲပြီးချိတ်ပိတ်ခဲ့ပါတယ်
အဲ့လက်နက်တွေကိုလည်း သူတော်စင်ဂိုဏ်းကြီး၃ဂိုဏ်းက စောင့်ကြပ်ကြတာပေါ့နော်
နှစ်တွေကြာပြီးနောက်ပိုင်းမှာတော့ လုကျိုရွာမှာ နိမိတ်ဆိုးကြယ်ကနေ
လူဝင်စားတဲ့ ကလေးမလေးဟွားချန်းကူကို မွေးလာခဲ့ပါတယ်
မွေးပြီးပြီးချင်းမှာပဲ သူ့အမေကတော့ဆုံးသွားခဲ့ပါတယ်သူ့အဖေရောပဲ
သူ့ကြောင့်နဲ့ဆုံးသွားခဲ့ပြီး သူတို့ရွာကလူတွေကလည်း အသေအပျောက်များလာတော့
ဟွားချန်းကူကို မကောင်းဆိုးဝါးမလို့ အမည်တပ်အပြစ်ပုံချပြီး သတ်ဖို့ကြိုးစားကြတာပေါ့
အဲ့လိုနဲ့ပဲ ဟွားချန်းကူတစ်ယောက် အသက်၁၆နှစ်မှာ သူ့ရွာကနေ စွန့်ခွာပြီး
ချန်လျိုဂိုဏ်းကို သွားပြီး သူ့ကံကြမ္မာဆိုးကို ပြုပြင်ဖို့ မသေမျိုးအဖြစ်ကျင့်ကြံဖို့ သွားခဲ့ပါတယ်
နိမိတ်ဆိုးအသွင်ဆောင်မှန်းသိကြတော့ လူတိုင်းကျဉ်ဖယ်ကြပေမယ့်
ဟွားချန်းကူရဲ့ ရှိရင်းစွဲအပြစ်ကင်းစင်မှုလေးတွေကပဲ သံယောဇဉ်မဲ့နေတဲ့
ပိုင်ကျစ်ဟွကိုပါ လှုပ်ခတ်စေနိုင်ခဲ့တာပေါ့ မကောင်းမှန်းသိလို့ ပြုပြင်ဖို့
ကြိုးစားနေတဲ့သူကို ဝိုင်းပြီးတော့ အနိုင်ကျင့်ဖျက်စီးကြတော့
ဇာတ်သိမ်းလေးကတော့ မလှခဲ့ပါဘူး
Series ကတော်တော် ကောင်းလွန်းတော့ ရုပ်ရှင်မှာဝေဖန်ခံရတယ်ဆိုပေမယ့်
အမြင်တစ်မျိုးလေးဖြစ်သွားအောင်
ကြည့်ချင်သူတွေကြည့်လို့ရအောင်လို့တင်ဆက်ပေးလိုက်ပါတယ်
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Action , Romance , Fantasy
Runtime : 1h 24 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kyawt
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။