Exit print mode Print Data A+ A- Undo all

The Iron Lady (2011)

Never Compromise
The Iron Lady (2011)The Iron Lady (2011)

Synopsis:

The Iron Lady (2011)
IMDb – 6.4/10_____Rotten – 52%
Won 2 Oscars. Another 23 wins & 47 nominations.

 

442

 

 

ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန်
ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။
ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး
ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့
ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့်
မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။

သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက်
တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။

ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ်
ပြီး IMDb Rating 6.4 ၊ Rotten Tomatoes
52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။

တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ
ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး
ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည်
ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။

အဓီက သရုပ်ဆောင်တွေ က
Lead role အနေနဲ့ မာဂရက်သက်ချာ
ငယ်ဘဝနေရာ မှာ အစွမ်းပြသရုပ်ဆောင်ထားတယ့် MEryl Streep နဲ့

အသက်ကြီးပိုင်း နေရာမှာသရုပ်ဆောင်ထားတယ့်

Alexandar Roach နဲ့ မာဂရက်ခင်ပွန်း
ငယ်ဘ၀ အနေနဲ Harry Lloyd ၊ အသက်ကြီးပိုင်းနေရာမှာ

Jim Broadbent တို့ က သရုပ်ဆောင်ထားပါတယ်။
ဆုပေးပွဲတွေ မှာ ဆုပေါင်း ၃၁ ဆုအထိ ဇကာ
တင်စာရင်းဝင်ထားနိုင်ခဲ့ပြီး ၁၃ ဆုကို ဆွတ်ခူးနိုင်
ခဲ့ပါတယ်။ ဒီနေရာမှာ အဓီက က ဇာတ်ကောင်
ဖြစ်တယ့် မာဂရက် ငယ်ဘ၀ နေရာမှာ သရုပ်ဆောင်ထားတယ့်

မင်းသမီးကြီးက လဲ ခေသူမဟုတ်ပါဘူး။
၁၇ကြိမ်မြောက် Oscar ဆုပေးပွဲမှာ ဇကာတင်စာ
ရင်ဝင်ခဲ့ပြီးနောက်ဆုံး ဆု ကို အရယူသွားနိုင်ခဲ့
တယ့် မင်းသမီးပါ။ ဒီမင်းသမီးကြီး က အရင်က
လဲ ဆုတွေ တော်တော်ကိုရထားခဲ့ပြီးသားပါ။
ထိပ်တန်း စာရင်း ဝင်တယ့် ဆုတွေ လဲတော်တော်ပါပါတယ်။

ပြီးတော့ သူမရဲ့ ၃ကြိမ်မြောက်
Golden Globe Award For
Best Actress Motion Picture Drama ဆုကို
ဒီရုပ်ရှင်ကားနဲ့ ခဲ့ပြီး BAFTA ဆုပေးပွဲမှာ
လဲ ဒီဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်
မင်းသမီးဆု နောက်ပြီး 84 ကြိမ်မြောက်အကယ်
ဒမီပေးပွဲမှာ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီး
ဆုနဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှု ဆုကိုပါရရှိထား
ခဲ့ပါတယ် ။ တစ်ခြား ဒီဇာတ်ကားနဲ့ ရုပ်ရှင် ဆုပေးပွဲမှာ
တော်တော်လေးရယူထားခဲ့ပါသေးတယ်။
ဘာကြောင့် ဒီမင်းသမီးကို ရွှေးလဲ ဆိုရင်
သူ့ရဲ့ ရုပ်ရည်ကလဲ မာဂရက်သက်ချာ နဲ့
ဆင်ပြီး သရုပ်ဆောင်စွမ်းရည်က လဲ လက်
သန်ပြောင်လှတာကြောင့် ဖြစ်မယ်ထင်ပါတယ်။
ဒီဇာတ်ကားထဲမှာကိုယ်နေဟန်ထား၊ မျက်နှာအကြည့်တွေ ၊

စကားပြောပုံလေသံ ကအစ
ပြင်ဆင်ပြီး ရိုက်ကူးထားတာတွေ့ရပါတယ်။

ဒီဇာတ်လမ်းအကြောင်းမပြောခင် ဒီဇာတ်ကား
က မာဂရက်သက်ချာအကြောင်းရိုက်ကူးထားတာ
ဆိုတော့ သူတို့အကြောင်းကို နည်းနည်းလောက်
ပြောချင်ပါတယ်။ မာဂရက် သက်ချာက
ဗြိတိန် ရဲ့ သမိုင်းမှာ သာမက အနောက်နိုင်ငံ သမိုင်းမှာ
ပထမဆုံးနဲ့ သက်တမ်းအကြာဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်သူပါ။

သူဝန်ကြီချုပ်မဖြစ်ခင် အရှေ့တိုင်းမှာ သိရီလကာၤ နဲ့
အိန္ဒိယတို့မှာ မှာ အမျိုးသမီးဝန်ကြီးချုပ်ရှိ
နေပါတယ်။ သက်ချာက နာမည်ဆိုးနဲ့
ကျော်ကြားခဲ့တယ့် သူတစ်ယောက်ဆိုလဲမမှားပါဘူး။

သူမရဲ့ပြင်းထန်တယ့် ပေါ်လစီတွေ မှုဝါဒချ
မှတ်မှုတွေ ကြောင့်ပြည်သူများရဲ့မေတ္တာပို့
သခြင်းကို လဲ ခံခဲ့ရသူပါ။ သူမရဲ့ဖခင်က ကုန်စုံ
ဆိုင် ရောင်းတယ့်သူပါ။ နောက်ပြီး သူတို့ နေတယ့်

ဂရစ်သမ် မြို့ တော်ဝန်လဲ ဖြစ်ပါတယ်။
ပညာမှာထူးချွန်ပြီး အောက်စဖို့စ် တက္ကသိုလ်
ကို ဓာတုဗေဒ အထူးပြုနဲ့ တက်ရောက်ခွင့်ရခဲ့ပြီး
နောက် နိုင်ငံရေးလောက ထဲကို ဝင်ရောက် လာ
ခဲ့ပါတယ်။နိုင်ငံရေးလောကမှာ သက်ချာ က ဗြိတိန်ရဲ့

အနုတ်လက္ခာပြနေတယ့် စီးပွားရေး နဲ့ အလုပ်လက်မဲ့

နှုန်း့မြင့်တက်လာမှုကို ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။

သက်ချာ ဟာ အလုပ်လက်မဲ့ လျော့ချရေးနဲ့

အသေးစားအလတ်စားလုပ်ငန်းတွေ ကိုလွတ်လပ်စွာလုပ်ကိုင်ခွင့် ပြုလို ပြီး

ကုန်သွယ်ရေးအဖွဲ့ အစည်းရဲ့ ထိန်ချုပ် မှု တွေ ကို

တက်နိုင်သမျှလျော့ချ မှု လုပ်ဆောင်ချက်နဲ့ နာမည်ကောင်းကို

စပြီး ရရှိခဲ့ပါတယ်။ နောက်
တစ်ခု က သူမကို နာမည်ပိုပြီး ကြီးသွားစေတာ
က ဖောက်ကလန်ကျွန်းစစ်ပွဲပါ။ ဖောက်ကလန်
ကျွန်း စစ်ပွဲနဲ့ပက်သက်ပြီး တော့လဲ သူမနဲ့
သူမပါတီဝင်တွေ ကြားမှာ သဘောထား မတူမှု
ကြီးမားစွာ ရှိနေခဲ့ပေမယ့် သူမကတစ်ယောက်
တည်းဆို လဲလုပ်စရာရှိတာဆက်လုပ်သွားမယ်
ဆိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး လုပ်
ဆောင်ခဲ့ပါတယ်။ ဖောက်ကလန်ကျွန်းတိုက်ပွဲမှာအနိုင်ရပြီး သူမနာမည်လဲ သြဇာသက်
ရောက်မှုပိုကြီးမားလာပါတယ်။ နောက်ပိုင်း လူခွန်
ကောက်ခံမယ့် ကိစ္စနဲ့ ပက်သက်ပြီး လူထု
နဲ့ရောဝန်ကြီးတွေ နဲ့ပါ သဘောာထားကွဲလွဲမှုဖြစ်ခဲ့ပါတယ်။

 

 

သူမကို ခေါင်းနေပိုင်းနေရာ
အတွက် Micheal Heseltine ကစိန်ခေါ်
ယှဉ်ပြိုင်ခဲ့ပြီးသူမရှုံးနိုမ့်ပြီး ၁၉၉၂ မှာတာဝန်က

အနားယူသွားခဲ့ပါတယ်။ နောက်ပြီး သူမက မြောက်အမေရိကနဲ့

အမေရိကမှာ အရပ်သားတွေ ကို ပေးအပ်တယ့် အမြင့်ဆုံးဆုဖြစ်တယ့်
သမ္မတ George Herbert Walker Bush ကပေးအပ်ခဲ့တယ့်
Presidential Medal of Freedomeကို ၁၉၉၁မှာ ရရှိခဲ့ပါတယ်။
တစ်ခြားဆုတွေ အများကြီးရထားခဲ့ပါသေးတယ်။
အင်္ဂလန်ဘုရင်မကြီး နဲ့လဲ ရင်နီးတယ့် ဆက်ဆံရေးရှိတယ်လို့ဆိုကြပါတယ်။
သူမမှာ သားတစ်ယောက်သမီးတစ်ယောက်ရှိပါတယ်။
သူမက ဆိုဗီယက် ရုရှားအပေါ်ဝေဖန်မှု တစ်ခုပြုလုပ်ခဲ့လို့ ရုရှား သတင်းစာတွေက တုန့်ပြန်
သူမကို Iron Lady လို့နာမည်ပြောင်နဲ့သုံးနှုန်းခဲ့ပါတယ်။

အခွန်ကိစ္စနဲ့ပက်သက်ပြီး သူမနဲ့ပါတီကြားမှာ
ပြင်းထန်စွာသဘောထားကွဲလွဲပြီး သူမနောက်
ဆုံး ဝန်ကြီးချုပ်ရာထူးကနေအနားယူခဲ့ရပါတယ်။
အင်္ဂလန် ဘုရင်မကြီး နဲ့ တောင် စကားက
တောက်ကဆ ဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်။ သူ
မလုပ်ဆောင်ချက်တွေ ကို အင်္ဂလန်ပြည်သူတွေ
ကတော့ ပုံရိပ်ဆိုးအနေနဲ့ မှတ်ယူထားကြပါတယ်။

ဒါပေမယ့် သူမလက်ထက် မှာ အင်္ဂလန်
စီးပွားရေးနိုင်ငံရေးကို အမြင့်တစ်နေရာရောက်
အောင်မြင့်ပေးနိုင်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချတယ့်
နေရာမှာ တိကျပြတ်သားပြီး ကိုယ်မှန်တာကို
နောက် မဆုတ်တမ်း လုပ်ရဲတယ့် သတ္တိရှိပါတယ်။

အမျိုးသားအမတ် တွေ အားလုံးကို
ချုပ်ကိုင်ချလှယ်ထားပြီး တော်တော်လေးထက်
မြတ်ခဲ့တယ့် သူပါ။ သူမ ကျန်းမာရေးချို့တဲ့ လာ
ပြီးနောက်ပိုင်းမှာ လေသင်တုန်းဖြတ်တယ့်
ရောဂါနဲ့ ဘဲ အသက် ၈၇ နှစ်မှာ ၂၀၁၃ ခုနှစ်မှာ

သေဆုံးသွားခဲ့ပါတယ်။သူမရဲ့အမျိုးသား ဒန်းနစ်
ဟာဆိုရင် လဲ ၂၀၀၃ ခုနှစ်က ကင်ဆာရောဂါ နဲ့
ဆုံးပါးသွားခဲ့ပါတယ်။ မသေခင်အထိ သူမအပေါ်
ပါရမီဖြည့်ဖက်ကောင်းတစ်ယောက် ဖြစ်အောင်
နေပေးသွားခဲ့ပါတယ်။ သူမရဲ့ ဈာပန ကို
နိုင်ငံတော် အဆင့်သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။

သူမဟာအင်္ဂလန် သမိုင်းကို တစ်ဆစ်
ချိုးပြောင်းလဲ ပေးခဲ့သူ ဖြစ်ပြီး ဗြိတိန်ရဲ့သမိုင်းမှာ
သက်တမ်းအကြာဆုံးနဲ့ ပထဆုံးသောအမျိုးသမီး
ဝန်ကြီးချုပ် ထူးချွန်ပြီး ဆုံးဖြတ်ချက်
ပြတ်သားလွန်းတယ့်သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းရဲ့ပုံစံက သက်ချာက အငြိမ်းစားယူ
ထားပြီး အသက်အရွှယ်ကြီးပိုင် အချိန်မှာ
ရှေးတုန်းက ဖြစ်ခဲ့တယ့် အတိတ်ကို မာဂရက်
ရဲ့ စိတ်ထဲမှာ ခဏခဏပြန် ရောက်သွားတယ့်
ပုံမျိုးရိုက်ကူးထားတာပါ။ သံဝေဂရစရာလို့ပြော
မလား အဲ့လို ပုံစံမျိုးရိုက်ကူးထားတာပါ။ တစ်ချိန်
တုန်းက မီးဟုန်ဟုတ်တောက်ကျော်ကြားပြီး
အာဏာရှိခဲ့ပေမယ့် နောက်ပိုင်းဘဝမှာ ရှိးရှင်းတယ့်

ဘဝမှာ ဘဲ နေထိုင်သွားခဲ့ပါတယ်။ သူမရဲ့
ဆုံးဖြတ်ချက်ပြတ်သားမှု ၊ မိန်းမသား အာနွဲ့တယ်ဆိုတယ့်

အမည်ကို ရိုက်ချိုးပြခဲ့ပြီး
အမျိုးသားတွေ ထက်တောင် ပိုလုပ်ဆောင်နိုင်
စွမ်းရှိခဲ့ပါတယ်။ သူမ ရဲ့နိုင်ငံအပေါ်ထားတယ့်
စိတ်ဓာတ် ၊ ကျော်ကြားမှု ကို မရရင်နေပါစေ
တစ်ဦးတစ်ယောက်မှ သူ့ဘက်မှာမရှိပါစေ
နိုင်ငံအတွက် အကျိုးရှိမယ့် အရာဆို အားလုံး
နဲ့ ဆန့်ကျင်ပြီးလုပ်ခဲ့တယ့် သူမရဲ့ စိတ်နေ
သဘောထားကို ဒီဇာတ်ကားထဲမှာ တွေ့ရပါ
လိမ့်မယ်။ သရုပ်ဆောင်ထားတယ့် မင်းသမီး
ကြီး ကလဲ သူမရဲ့ အာဏာပါတယ့် အမှုအရာ
အထက်စီးဆန်တယ့် ပြီး ရဲရင့်တယ့် အမှုအရာတွေ ကို

တော်တော်လေး ဖော်ဆောင်နိုင်စွမ်း
ရှိတာကိုတွေ့ရပါတယ်။ ဇာတ်ကားထဲမှာ
Shall we dance သီချင်းကို ဆက်ကြားဆက်
ကြားမှာသုံးထားပြီး တစ်ချို့ဇာတ်ကွက် တွေ
ကို နောက်ခံဂီတ နဲ့ ဇာတ်လမ်းအရှိန်ပိုမြင့်
အောင်ပံ့ပိုးထားတာတော့ ရသတစ်မျိုးခံစား
ရပါတယ်။ သူဇာတ်ကားက သူမအကြောင်းကို
ခြုံပြီး ပြသထားပါတယ်။သူမ ရုန်းကန်လှုပ်ရှား
ခဲ့ရပုံတွေ ၊ နိုင်ငံရေး ဘ၀ ကို အချိန်ပေးထား
ရတော့မိခင်တစ်ယောက် အိမ်ထောင်ရှင်မ
တစ်ယောက် တာဝန်တွေ မလုပ်ပေါ်နိုင်ခဲ့တာတွေ ၊

သူမရဲ့ပြတ်သားတယ့် ဆုံးဖြတ်ချက်
နဲ့ သတ္တိ တွေ ၊ယုံကြည့်မှု လွန်သွားတယ့် အဆင့်တွေ ကို

အဓီက ပုံဖော်ထားပါတယ်။
ကြည့်ရတာ ရိုလာကိုစတာစီး ရလို ဇာတ်ရှိန့်မြင့်
ရာကနေ နိမ့်သွားလိုက် ပြန်တက်သွားလိုက်
နဲ့ဇာတ်လမ်းဆင်ထားပါတယ်။

 

File Size – 748 MB

Qty – 720p Bluray

Duration – 1hr 45min

Gern – Biography/ Drama

Subtitle – Myanmar Hardsub

Translator – Htet Linn Kyaw

Encoder – Kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
The Iron Lady
Director
Phyllida Lloyd, Sue Hills
Stars
Alexandra Roach, Alice da Cunha, Anthony Stewart Head, Harry Lloyd, Iain Glen, Jim Broadbent, Meryl Streep, Phoebe Waller-Bridge, Susan Brown, Victoria Bewick
Release Date
30 December 2011 (USA)
Rated
PG-13
Runtime
1h 45min
Awards
Won 2 Oscars. Another 23 wins & 47 nominations.
Country
UK | France
Budget
USD $13 000 000,00
Revenue
USD $115 890 699,00
Popularity
11.392
Status
Released
ID IMDb.com
tt1007029
IMDB Rating
6.4
IMDB votes
100,702
ID Themoviedb.org
71688
TMDb Rating
6.4
TMDb votes
1115