Channel Myanmar

The Immortal (2018)

FantasyHorrorThriller

6.7
IMDB: 6.7/10 votes

, , ,

(Vietnam)

111078

Report error

 

442

The Immortal (2018)
==================

IMDb – 6.7/10

ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်း

ဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ်

​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ်

မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် သူရဲ့ ဘဝမှာ ​ပျော်ရွှင်နိုင်​သေးလား မ​သေမျိုးဖြစ်ရတာရဲ့ ဒုက္ခ​တွေ ဆိုးကျိုး​တွေက​ရောဘာ​တွေလဲ ဘဝမှာထာဝရအသက်ရှင်​နေတာက​ရော ဆုလာဘ်လား ပြစ်ဒဏ်လား ဒီမ​သေခြင်းကျိန်စာက​နေလွတ်​မြောက်​အောင် သူဘယ်လို​တွေ​လုပ်​ဆောင်ရလဲ အခက်အခဲ​တွေဘယ်လို ​ကျော်ဖြတ်ရလဲဆိုတာ​တွေကို တစ်ကားလုံး ကြည့်ရှုသူကိုအပါ​ခေါ်သွားနိုင်​လောက်တဲ့အထိ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ်

( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ DB ပါ )

File size_(2.2GB)/(1GB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_02:00:00
Genre_Fantasy, Thriller
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by DB



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies