“ကျွန်တော့်မိန်းမက မင်္ဂလာဦးနေ့မှာသူ့ကိုယ်သူသတ်သေသွားခဲ့တာ”
ဆိုတာနဲ့ ဇာတ်လမ်းကိုဖွင့်ထားတာပါ
ဒီစကားကိုပြောပြနေတဲ့သူကတော့”တွမ်”
တွမ်နဲ့အိဗ်ဟာ သာယာတဲ့အိမ်ထောင်လေးတစ်ခုကို
တည်ထောင်ဖို့ တူတူရုန်းကန်နေတဲ့ တစ်ယောက်နဲ့
တစ်ယောက်အရမ်းချစ်ကြတဲ့ လူငယ်စုံတွဲလေးတစ်တွဲပါ
တစ်နေ့မှာတော့အိဗ်ဟာ Millennium ပရောဂျက်ဆိုတဲ့
လက်ထပ်ပြီးသားစုံတွဲတွေကို ဒေါ်လာ၅၀,၀၀၀ပေးပြီး
ရက်၃၀ကြာစမ်းသပ်မဲ့ စမ်းသပ်ချက်တစ်ခုအကြောင်းကြားတဲ့အခါ
သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ငွေကြေးအခက်အခဲတွေကိုဖြေရှင်းဖို့
လက်ထပ်ပြီးဟန်ဆောင်ပြီး ဒီပရောဂျက်ထဲပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်
ဒီရက်၃၀စလုံးဟာ သူတို့နှစ်ယောက်ရဲ့
ဟန်းနီးမွန်းအချိန်ကာလလေးလို သာသာယာယာစိုစိုပြည်ပြည် ရှိနေမလား
ဒီရက်၃၀အတွင်းမှာရော သူတို့နှစ်ယောက်လုံးမပြောင်းလဲပဲ
တစ်ယောက်ကိုတစ်ယောက်ဆက်ချစ်သွားနိုင်မလား
ဒီ Millennium ပရောဂျက်ဆိုတာကရော
ဘာစမ်းသပ်ချက်တွေလုပ်နေတဲ့ ပရောဂျက်ကြီးလဲ
ဇာတ်လမ်းအစမှာ ပြောခဲ့တဲ့စကားကရော
ဘာအဓိပ္ပါယ်လဲဆိုတာကို plot twist
လေးတွေနဲ့အတူ ကြည့်ရှုပေးကြပါဦး
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။