The Haunting in Connecticut (2009)
Some things cannot be explained.

Synopsis:
The Haunting in Connecticut (2009)_____IMDb – 5.9/10
ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ
ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ…
မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ်
အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို
ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို
ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်..
အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ်
အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့
မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ်
ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ
ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ သိပ်မလှပါဘူး
အယုံအကြည် သိပ်မရှိတဲ့ မတ် ရဲ့ အမေ ကတော့ သူ့သားလေး ဆေးကုနိုင်ဖို့ အရေးပေါ် ဆေးရုံနဲ့လဲ နီးတဲ့အတွက်
ငှားခဲ့ပြီး ဒီအိမ်ရဲ့ တစ်ဖက်ခြမ်းမှာ ဘာတွေ ရှိနေအုံးမယ်ဆိုတာတော့ သူတို့ မသိနိုင်ခဲ့ပါဘူး….
ဒီ သည်းထိတ်ရင်ဖို ဖြစ်ရပ်မှန် ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Aye Min Oo ဖြစ်ပြီး
Thit San Khant မှ Encode ပေးထားပါတယ်
File size – ( 590MB )
Quality – HD Rip 720P
Format – MP4
Duration – 1h 32m
Subtitle – Myanmar Subtitle
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။