The Happiness of a Mother (2019)


Synopsis:
မိခင်တွေဆိုတာ မိမိရဲ့ရင်သွေး ဘယ်အခြေအနေပဲရောက်ရောက် မေတ္တာမပျက်တတ်ကြပါဘူး
2019 မှာထွက်ရှိခဲ့တဲ့ ဒီဗီယက်နမ်ရုပ်ရှင်လေးကတော့ autism ဖြစ်နေတဲ့ကလေးငယ်လေးတစ်ယောက်နဲ့
သူရဲ့မိခင်တို့ကြားက နွေးထွေးတဲ့မေတ္တာကိုဖော်ကျူးထားတာပဲဖြစ်ပါတယ်
ခင်ပွန်းဆုံးပါးပြီးတဲ့နောက်မှာ တယ်ရ်ဟာ အလုပ်ကြမ်းမျိုးစုံလုပ်ပြီး
သားငယ်လေးကို ပြုစုပျိုးထောင်ခဲ့ပါတယ် သူမရဲ့သား တင်မ်ကိုသာမာန်ကလေးတွေလိုပဲယူဆပြီး
ကျောင်းထားခဲ့ပါတယ် ဒါပေမဲ့ တင်မ်ဟာ သူ့အမေရဲ့နာမည် ” တယ်ရ် ” ဆိုတဲ့
စကားလုံးကလွဲရင် ဘာမှမပြောတတ်ရှာပါဘူး
ဒါကြောင့် တင်မ်ကျောင်းထွက်ခဲ့ရပါတယ် ထူးခြားတာတစ်ခုကတော့ တင်မ်ဟာ
ပုံမှန်ဆိုရင် ဘယ်လိုအပြုအမူမျိုးကိုမှ တုံ့ပြန်လေ့မရှိပေမယ့်
ရုပ်မြင်သံကြားကလာတဲ့ Magical Dance Show ကိုတော့ ကြိုက်နှစ်သက်တဲ့ပုံပေါ်ပါတယ်
သူမရဲ့သားဟာ autism ဖြစ်နေတယ်ဆိုတာသိသွားတဲ့နောက်မှာတော့
တယ်ရ်တစ်ယောက် ဘယ်လိုများရှေ့ဆက်မလဲ သားငယ်လေးကို
ဘယ်လိုပြုစုပျိုးထောင်မလဲ စိန်ခေါ်မှုတွေကိုအတူတူ ဘယ်လိုရင်ဆိုင်မလဲဆိုတာကြည့်ရင်း
မိခင်မေတ္တာကိုလည်း အပြည့်အဝ ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ
File Size – 933 mb
Quality – web-dl 1080p
Subtitle – burmese
Translator – Win Lett
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။