The Greatest Showman (2017)
The impossible comes true.

Synopsis:
The Greatest Showman (2017)
IMdb Rating (7.5)
ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။
မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။
ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။
စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။
ဇာတ်လမ်းကတော့…..
မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။
ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ…အနုပညာအမြင်ရှိသူဖြစ်ပါတယ်။
ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ အလုပ်တွေကို စတင်လုပ်ကိုင်ပါတော့တယ်။
ဒါကတော့ လူတွေကြားမှာပစ်ပယ်ခံထားရပြီး ဘဝနာနေတဲ့ လူထူးလူဆန်းတွေကိုစုဖွဲ့ပြီး ကမ္ဘာကျော်ဆပ်ကပ်တစ်ခုဖြစ်အောင် တည်ဆောက်တာပါပဲ။
P.T.Barnum အနေနဲ့ ချစ်သူလက်ကိုတွဲပြီး ဘာမှမရှိတဲ့နေရာကနေ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရရှိနိုင်ပါ့မလားဆိုတာ….။
File size…(4.7 GB)/(1.7 GB)/(1 GB)
Quality….BluRay 4K HEVC/1080p/720p
Format…mkv/mp4
Duration….01:44:49
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by EL’ Moh
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။