The Grandmaster(2013)
In Martial Arts there is no right or wrong, only the last man standing.

Synopsis:
The Grandmaster(2013)
IMDb….6.6
တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာ
မသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကို
ရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။
Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ
မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲ
ခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ်
ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီး
သူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပ
စက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။
ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင်
သူ့ဘဝရဲ့ပထမနှစ်လေးဆယ်က နွေဦးလိုသာယာခဲ့တယ်
ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်း
ဆောင်းရာသီနေ့ရက်တွေအကြောင်းကို
တင်ဆက်ပြသထားပါတယ်။
သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့်
ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့
တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်း
ဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့
တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။
တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာ
အော်စကာနှစ်ဆု Nomineeဝင်ထားတဲ့
ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေ
ထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့
သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။
File Size : (3.84GB)
Quality : HEVC 1080p
Format…mp4
Duration…02:10:00
Genre : Action, Drama, Biography
Subtitle : Myanmar Subtitle (Hard Sub)
Translated by Wira Aung
Encoded by Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။