The Good, the Bad and the Ugly (1966)
For three men the Civil War wasn't hell. It was practice.

Synopsis:
The Good, the Bad and the Ugly (1966)
IMDb – 8.8/10_____Rotten – 97%
“The Good, the Bad and the Ugly” ဆိုရင် မကြည့်ဖူးရင်နေမည် မကြားဖူးသူရှိမည်မထင်။
ဇာတ်ကားစစချင်း မိတ်ဆက်ပေးလိုက်တာကတော့…
The Good – ပိုက်ဆံများများရဖို့ ကြိုးစားနေတဲ့ လက်ဖြောင့်သေနတ်သမား Blondie
The Bad – ပိုက်ဆံလက်ခံပြီးရင် ပြီးဆုံးအောင်တာဝန်ယူမယ့် ကြေးစားသူသတ်သမား Angel Eyes
The Ugly – Wanted စာရင်းမှာ ပါတဲ့ ဥပဒေပြင်ပက သောက်ကျင့်မကောင်းတဲ့ တစ်ကိုယ်ကောင်းသမား Tuco
Blondie နဲ့ Tuco က ဂွင်ဖန်နေကြ ပါတနာတွေ။ Blondie လုပ်ရမှာက Tuco ကိုဖမ်းမယ် ရဲလက်အပ်မယ် ဆုငွေထုတ်မယ် ကြိုးစင်တင်တဲ့အချိန် နောက်ကွယ်ကနေ ကြိုးကို သေနတ်နဲ့ပစ်ပေးမယ် အဆင်သင့်ပြင်ထားတဲ့ မြင်းနဲ့ထွက်ပြေးမယ် ပြီးတော့ ငွေခွဲယူကြမယ် ဒါပဲ။ ဒါပေမယ့် Blondie က Tuco ကိုဘယ်တော့မှ ဆုငွေရဲ့ တစ်ဝက်အပြည့်မပေးဘူး။ ဒီတစ်ခါ Tuco အတင်းတောင်းတာကြောင့် သူ့ကို သဲကန္တာရထဲမှာ ပစ်ထားခဲ့တယ်။ နောက်တစ်ခါမှာ Tuco ဂလဲ့စားချေပြီပေါ့။ Blondie ကိုအကွက်ဆင်ဖမ်းပြီး ကန္တာရထဲ ကြိုးတုပ်ခေါ်လာတဲ့အချိန်မှာ လူသေတွေနဲ့ လှည်းတစ်စီးကိုတွေ့လိုက်ရတယ်။ ဒီထဲမှာ ငွေတွေဘယ်မှာမှန်းသိတဲ့ Bill Carson ဆိုတဲ့ တစ်ယောက်ကတော့ မျောနေတယ်ဗျ။ Tuco ပြေးသွားပြီး ငွေအကြောင်းအတင်းသွားမေးတော့ ဟိုလူက ငွေတွေဝှက်ထားတဲ့ သင်္ချိုင်းနာမည်ဘဲအရင်ပြောပြီး ရေ ရေ လို့ဘဲအော်နေတယ် အုတ်ဂူနာမည်မပြောဘူး။ Tuco ရေပြန်လာယူပြီး လှည်းဆီပြန်အရောက်မှာ Blondie က Bill Carson ကိုရေတိုက်မေးပြီး သတ်လိုက်ပြီပေါ့။ ငွေမြှုပ်ထားတဲ့ အုတ်ဂူသိချင်ရင်တော့ Blondie ကိုသတ်လို့မရတော့ဘူး။ Blondie လဲသင်္ချိုင်းနာမည်သိပေမယ့် အဲဒီသင်္ချိုင်းဘယ်မှန်ရှိမှန်း မသိတော့ Tuco ကိုအသက်ရှင်အောင်ထားမှဘဲ ရမှာပေါ့။ ဒီအချိန်မှာ Angel Eyes ကလဲ Bill Carson နဲ့ပတ်သက်ပြီး ငွေတွေဝှက်ထားတဲ့နေရာ လိုက်စုံစမ်းနေတာမို့
သူတို့နှစ်ယောက်ငွေရှိနေတဲ့နေရာ သိနေမှန်း သိသွားတယ်။ နောက်ဆုံး The Good ရယ် The Bad ရယ် The Ugly ရယ်သုံးယောက်သား ရွှေဒင်္ဂါးနှစ်သိန်း ရဖို့အတွက် သင်္ချိုင်းရောက်လာကြပြီ။ တစ်ယောက်အပေါ်တစ်ယောက် ဒီလောက်ခေါင်းပုံဖြတ် ဖျံကျနေပုံအရတော့ သုံးယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက်ယုံလို့ရပါ့မလား…
ဒီဇာတ်ကားက ရှည်တာမှန်ပါတယ်။ ဒါပေမယ့် ပျင်းစရာတစ်ကွက်မှ မပါတာကတော့ အာမခံတယ်။ သုံးယောက်စလုံးဟာ စရိုက်တစ်မျိုးစီနဲ့ တစ်လမ်းတည်း အတူသွားနေကြတာမို့ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ အခန်းတိုင်းက ဆွဲဆောင်နေမှာပါ။ ဇာတ်လမ်းပိုင်း ဓာတ်ပုံပိုင်း သရုပ်ဆောင်ပိုင်း ဇာတ်ဝင်တေးပိုင်းတွေမှာလဲ အပြစ်ပြောစရာမရှိအောင်ကိုကောင်းပါတယ်။
Blondie အဖြစ် Client Eastwood၊ Angel Eyes အဖြစ် Lee Van Cleef နဲ့ Tuco အဖြစ် Eli Wallach တို့ကသရုပ်ဆောင်ထားတာပြီး Western Director Sergio Leone ကရိုက်ထားတာပါ။ စစထွက်ချင်းမှာ ဒီလို အီတလီမှာရိုက်တဲ့ ကောင်းဘွိုင်ကားစတိုင် ဇာတ်ကားတွေက ခေတ်မရှိတာကြောင့် ဝေဖန်ရေးတွေကြားမှာ အကြိုက်မတွေ့ခဲ့ကြပေမယ့် နောက်ပိုင်းနှစ်တွေမှာမှ ဒီဇာတ်ကားကို တအားအကြိုက်တွေ့လာကြတာပါ။ အဲဒါကြောင့် OSCAR မှာလဲ ဆန်ကာတင်တစ်ဆုမှ မပါခဲ့လိုက်ရပါဘူး။
“လောကကြီးမှာ လူနှစ်မျိုးနှစ်စားဘဲ ရှိတယ် သူငယ်ချင်း၊ တစ်ယောက်က….. နဲ့ တစ်ယောက်က…..” ဆိုတဲ့ စကားကို ဒီကားထဲမှာ ခဏခဏကြားရမှာပါ။ ပြောလိုက်ရတယ့်
အချိန်မှာတော့ တော်တော် feel ရှိမယ့်စကားပါဘဲ။
ဟာသဆိုပေမယ့် ဝါးလုံးကွဲရီနေရမှာ မဟုတ်ဘဲနဲ့ အထာကျတဲ့ dialogues တွေကြောင့် ပြုံးစိစိဖြစ်နေမှာတော့ အမှန်ပါ။
အကောင်းဆုံး ကောင်းဘွိုင်ကားတွေထဲက တစ်ကားအဖြစ် သတ်မှတ်ခံရုံတင်မက အကောင်းဆုံးဇာတ်ကားတစ်ကား အနေနဲ့ပါ အသတ်မှတ်ခံခဲ့ရတဲ့ ဇာတ်ကားပါ။ မကြည့်သေးဘူးဆိုရင်တော့ ကြည့်လိုက်ဖို့ မမေ့နဲ့နော်။
(ရုပ်ရှင်အညွှန်းကို Movie Movies Facebook Page မှကူးယူဖော်ပြပါသည်။)
“The Good, the Bad and the Ugly” ဆိုရင္ မၾကည့္ဖူးရင္ေနမည္ မၾကားဖူးသူ႐ွိမည္မထင္။
ဇာတ္ကားစစခ်င္း မိတ္ဆက္ေပးလုိုက္တာကေတာ့…
The Good – ပိုက္ဆံမ်ားမ်ားရဖို႔ ႀကိဳးစားေနတဲ့့ လက္ေျဖာင့္ေသနတ္သမား Blondie
The Bad – ပိုက္ဆံလက္ခံၿပီးရင္ ၿပီးဆံုးေအာင္တာဝန္ယူမယ့္ ေၾကးစားသူသတ္သမား Angel Eyes
The Ugly – Wanted စာရင္းမွာ ပါတဲ့ ဥပေဒျပင္ပက ေသာက္က်င့္မေကာင္းတဲ့ တစ္ကိုယ္ေကာင္းသမား Tuco
Blondie နဲ႔ Tuco က ဂြင္ဖန္ေနၾက ပါတနာေတြ။ Blondie လုပ္ရမွာက Tuco ကိုဖမ္းမယ္ ရဲလက္အပ္မယ္ ဆုေငြထုတ္မယ္ ႀကိဳးစင္တင္တဲ့အခ်ိန္ ေနာက္ကြယ္ကေန ႀကိဳးကို ေသနတ္နဲ႔ပစ္ေပးမယ္ အဆင္သင့္ျပင္ထားတဲ့ ျမင္းနဲ႔ထြက္ေျပးမယ္ ၿပီးေတာ့ ေငြခြဲယူၾကမယ္ ဒါပဲ။ ဒါေပမယ့္ Blondie က Tuco ကိုဘယ္ေတာ့မွ ဆုေငြရဲ႕ တစ္ဝက္အျပည့္မေပးဘူး။ ဒီတစ္ခါ Tuco အတင္းေတာင္းတာေၾကာင့္ သူ႔ကို သဲကႏာၱရထဲမွာ ပစ္ထားခဲ့တယ္။ ေနာက္တစ္ခါမွာ Tuco ဂလဲ့စားေခ်ၿပီေပါ့။ Blondie ကိုအကြက္ဆင္ဖမ္းၿပီး ကႏာၱရထဲ ႀကိဳးတုပ္ေခၚလာတဲ့အခ်ိန္မွာ လူေသေတြနဲ႔ လွည္းတစ္စီးကိုေတြ႕လိုက္ရတယ္။ ဒီထဲမွာ ေငြေတြဘယ္မွာမွန္းသိတဲ့ Bill Carson ဆိုတဲ့ တစ္ေယာက္ကေတာ့ ေမ်ာေနတယ္ဗ်။ Tuco ေျပးသြားၿပီး ေငြအေၾကာင္းအတင္းသြားေမးေတာ့ ဟိုလူက ေငြေတြဝွက္ထားတဲ့ သခၤ်ဳိင္းနာမည္ဘဲအရင္ေျပာၿပီး ေရ ေရ လို႔ဘဲေအာ္ေနတယ္ အုတ္ဂူနာမည္မေျပာဘူး။ Tuco ေရျပန္လာယူၿပီး လွည္းဆီျပန္အေရာက္မွာ Blondie က Bill Carson ကိုေရတိုက္ေမးၿပီး သတ္လုိက္ၿပီေပါ့။ ေငြျမွဳပ္ထားတဲ့ အုတ္ဂူသိခ်င္ရင္ေတာ့ Blondie ကိုသတ္လုိ႔မရေတာ့ဘူး။ Blondie လဲသခၤ်ဳိင္းနာမည္သိေပမယ့္ အဲဒီသခၤ်ဳိင္းဘယ္မွန္ရွိမွန္း မသိေတာ့ Tuco ကိုအသက္ရွင္ေအာင္ထားမွဘဲ ရမွာေပါ့။ ဒီအခ်ိန္မွာ Angel Eyes ကလဲ Bill Carson နဲ႔ပတ္သက္ၿပီး ေငြေတြဝွက္ထားတဲ့ေနရာ လိုက္စံုစမ္းေနတာမို႔
သူတို႔ႏွစ္ေယာက္ေငြရွိေနတဲ့ေနရာ သိေနမွန္း သိသြားတယ္။ ေနာက္ဆံုး The Good ရယ္ The Bad ရယ္ The Ugly ရယ္သံုးေယာက္သား ေရႊဒဂၤါးႏွစ္သိန္း ရဖို႔အတြက္ သခၤ်ဳိင္းေရာက္လာၾကၿပီ။ တစ္ေယာက္အေပၚတစ္ေယာက္ ဒီေလာက္ေခါင္းပံုျဖတ္ ဖ်ံက်ေနပံုအရေတာ့ သံုးေယာက္စလံုးက တစ္ေယာက္နဲ႔တစ္ေယာက္ယံုလုိ႔ရပါ့မလား…
ဒီဇာတ္ကားက ရွည္တာမွန္ပါတယ္။ ဒါေပမယ့္ ပ်င္းစရာတစ္ကြက္မွ မပါတာကေတာ့ အာမခံတယ္။ သံုးေယာက္စလံုးဟာ စရိုက္တစ္မ်ိဳးစီနဲ႔ တစ္လမ္းတည္း အတူသြားေနၾကတာမို႔ ေရွ႕ဆက္ဘာျဖစ္မယ္ဆိုတာ အခန္းတိုင္းက ဆြဲေဆာင္ေနမွာပါ။ ဇာတ္လမ္းပိုင္း ဓာတ္ပံုပိုင္း သရုပ္ေဆာင္ပိုင္း ဇာတ္ဝင္ေတးပိုင္းေတြမွာလဲ အျပစ္ေျပာစရာမရွိေအာင္ကိုေကာင္းပါတယ္။
Blondie အျဖစ္ Client Eastwood၊ Angel Eyes အျဖစ္ Lee Van Cleef နဲ႔ Tuco အျဖစ္ Eli Wallach တို႔ကသရုပ္ေဆာင္ထားတာၿပီး Western Director Sergio Leone ကရိုက္ထားတာပါ။ စစထြက္ခ်င္းမွာ ဒီလို အီတလီမွာ႐ိုက္တဲ့ ေကာင္းဘိြဳင္ကားစတိုင္ ဇာတ္ကားေတြက ေခတ္မရွိတာေၾကာင့္ ေဝဖန္ေရးေတြၾကားမွာ အႀကိဳက္မေတြ႕ခဲ့ၾကေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမွာမွ ဒီဇာတ္ကားကို တအားအႀကိဳက္ေတြ႕လာၾကတာပါ။ အဲဒါေၾကာင့္ OSCAR မွာလဲ ဆန္ကာတင္တစ္ဆုမွ မပါခဲ့လုိက္ရပါဘူး။
“ေလာကႀကီးမွာ လူႏွစ္မ်ိဳးႏွစ္စားဘဲ ရွိတယ္ သူငယ္ခ်င္း၊ တစ္ေယာက္က….. နဲ႔ တစ္ေယာက္က…..” ဆိုတဲ့ စကားကို ဒီကားထဲမွာ ခဏခဏၾကားရမွာပါ။ ေျပာလုိက္ရတယ့္
အခ်ိန္မွာေတာ့ ေတာ္ေတာ္ feel ရွိမယ့္စကားပါဘဲ။
ဟာသဆိုေပမယ့္ ဝါးလံုးကြဲရီေနရမွာ မဟုတ္ဘဲနဲ႔ အထာက်တဲ့ dialogues ေတြေၾကာင့္ ျပံဳးစိစိျဖစ္ေနမွာေတာ့ အမွန္ပါ။
အေကာင္းဆံုး ေကာင္းဘိြဳင္ကားေတြထဲက တစ္ကားအျဖစ္ သတ္မွတ္ခံရံုတင္မက အေကာင္းဆံုးဇာတ္ကားတစ္ကား အေနနဲ႔ပါ အသတ္မွတ္ခံခဲ့ရတဲ့ ဇာတ္ကားပါ။ မၾကည့္ေသးဘူးဆိုရင္ေတာ့ ၾကည့္လုိက္ဖို႔ မေမ့နဲ႔ေနာ္။
(ရုပ္ရွင္အညႊန္းကို Movie Movies Facebook Page မွကူးယူေဖာ္ျပပါသည္။)
File size…(1.5 GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….03:06:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Myo Myint Oo
Dollars Trilogy သုံးကားတွဲ ကြည့်ရှုရန်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။