The Gifted Hands (2013)


Synopsis:
ဒီကားလေးကတော့ IMDB 6.6 ရရှိထားတဲ့ Sci-Fi ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့စုံထောက်ယန်ဟာ အယောင်ဆောင်ကုမ္ပဏီတစ်ခုနဲ့ပတ်သတ်မိပြီး
အပိုငွေရှာခဲ့မိတဲ့အတွက်
အထက်လူကြီးတွေရဲ့ ငြိုငြင်မှုကို ခံနေရတဲ့ရဲတစ်ယောက်ပါ အလုပ်လုပ်တာညံ့ဖျင်းတဲ့အတွက်လည်း
အထင်သေးခံနေရပါတယ်။
တစ်နေ့မှာတော့ ကလေးမိခင်တစ်ယောက်ဟာ သူမကလေးပျောက်ဆုံးနေတဲ့အတွက်တိုင်ကြားဖို့
ရဲစခန်းကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်းရဲတွေက ကလေးပျောက်ဆုံးနေတာကို
အရေးတယူဆောင်ရွက်ခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။
သုံးပတ်လောက်အကြာမှာတော့ ပျောက်ဆုံးနေတဲ့ကလေးငယ်အလောင်းကို လူငယ်တစ်ခုကမမျှော်လင့်ပဲ
တွေ့ရှိခဲ့ပါတော့တယ် အဲ့ဒီအချိန်မှာတော့ ပြည်သူတွေကရဲတွေကို
ပြင်းပြင်းထန်ထန်အပြစ်ပြောဆိုလာပါတော့တယ်။
ကင်ဂျွန်ဆိုတဲ့ ဂရက်ဖက်တီသမားတစ်ယောက်ဟာ အခင်းဖြစ်ပွားတဲ့နေရာကို ဂရက်ဖက်တီနဲ့ပုံဖော်ပြီး
ပန်းချီဆွဲခဲ့ပါတယ် ဒါကို ယန်ကမမျှော်လင့်ပဲသိရှိသွားပြီး ကင်ဂျွန်ကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ပါတော့တယ်။
စုံစမ်းနေတုန်းမှာပဲ ဒါဟီးလို့ခေါ်တဲ့ ကလေးငယ်တစ်ယောက်ထပ်ပြီးပျောက်ဆုံးသွားပါတော့တယ်။
စုံထောက်ယန်ကရော ဒီအမှုကို ဘယ်လိုဆက်လက်ပြီးစုံစမ်းဖော်ထုတ်မလဲ
ကင်ဂျွန်ကရော အခင်းဖြစ်ပွားတဲ့နေရာကို ဘယ်လိုဖြစ်ပြီးရဲတွေထက်အရင် သိနေရတာလဲ
တရားခံအစစ်ကရော ယန်ထင်နေတဲ့ ကင်ဂျွန်လား တခြားသူတစ်ယောက်လား?
သမီးငယ်လေး ဒါဟီးကိုရော ယန်ကအသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်မလားဆိုတဲ့
ခံစားချက်အစုံအလင်ကို ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားပါ
သဲထိတ်ရင်ဖို ကြိုက်တဲ့ CM fan တွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
(အညွှန်းနှင့်ဘာသာပြန် သူကတော့ Yuki Aurora ဖြစ်ပီ Arkar Phyo မှ Encoded လုပ်ပေးထားပါတယ်။)
(မှတ်ချက် – 720 ဖြစ်တာမို့ small နဲ့မတင်ပေးထားပါဘူး အရမ်းမှုံသွားမှာဆိုးလို့ပါ)
File Size : (1 GB)
Quality : 720
Running Time :1hr 48min
Format : Mp4
Genre : Drama, Mystery, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yuki
Encoded by Arkar Phyo (Yrfatt)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။