The French Minister (2013)


Synopsis:
IMDb – 6.4/10
ဇာတ်လမ်းအညွှန်း
ဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက
နေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကို
ရိုက်ကူးထားတာဖြစ်ပါတယ်။
သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာ
နိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလို
ဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။
ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီက
သူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အ
ာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။
ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊
စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါ
ပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်
သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကို
အာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ
အာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲ
ဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။
ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်
ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊
စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရ
ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။
Quai d’Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန
အကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီး
နိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာ
နာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီး
ဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီး
award တွေလည်း ရရှိထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့
အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကို
စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာ
ကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။
File size… 2.2 GB / 957.8 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 53m
Genre ….. Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Orika
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။