The Favourite (2018)


Synopsis:
Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီးမင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ်
အင်္ဂလန်ရာဇဝင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။IMDb ration 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ မင်းသမီး ၃ ယောက်လုံး
Academy Nomiation ဝင်ခဲ့ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အဝတ်အစားဒီဇိုင်း စတာတွေအတွက်Nomination ဆု (၁၀) ခုထိ ဝင်ထားပြီး Best Actress ဆုကို
မင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာအင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။
မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာကအကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။
ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီးပညာမဲ့ထုံထိုင်းတဲ့သူမို့ သွက်လက်ထက်မြက်ပြီး မာန်မာနကြီးတဲ့ဆာရာကသာ အရာရာကြိုးကိုင်နိုင်သူဖြစ်နေပါတယ်။
သူတို့နှစ်ဦးကြားကို အက်ဘီဂေး ဆိုတဲ့ မိန်းကလေးတစ်ဦး ရောက်လာချိန်မှာတော့ဖြစ်ပေါ်လာမယ့်အရှုပ်အထွေးတွေကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ပါ။
အက်ဘီဂေး ရွေ့သွားတဲ့အကွက်လေးတွေကို တော်တော်ကိုလှလို့ ပညာယူထားသင့်ကြပါတယ်ဒီဇာတ်ကားကတော့ လူတွေရဲ့ အာဏာနဲ့ ရာထူးတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြရင်းနဲ့
အထီးကျန်ပြီး မေတ္တာတရားမဲ့နေရတဲ့ဘဝတွေကို မြင်သာအောင် မီးမောင်းထိုးပြ သွားခဲ့ပါတယ်….
File Size : (1 GB) & ( 499 MB)
Quality : BluRay 720p
Running Time :1hr 59 min
Format : Mp4
Genre : Biography , Comedy , Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Little Twinlay
Encoded by May Pyae Sone Oo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။