The Fabric of Christmas (2023)


Synopsis:
The Fabric of Christmas (2023)
======================
IMDb Rating – 6.7/10
ခရစ်စမတ်က လူတိုင်းအတွက် အမှတ်တရတွေယူဆောင်လာတတ်
ပါတယ်။ လူတွေက ဒီအားလပ်ရက်တွေမှာ အနားယူကြပြီးတော့
မိသားစုနဲ့အတူတူ ပျော်ပါးတာတွေ ၊ ကိုယ့်အားလပ်ရက်ကို ကိုယ်လုပ်
ချင်တဲ့ အရာတွေလုပ်ကြရင်း ကုန်ဆုံးစေကြတာတွေရှိပါတယ်။
ဒီတစ်ခါမှာလည်း မိဘနှစ်ပါးစလုံးကို ဆုံးရှုံးထားတဲ့ မောင်နှမနှစ်ယောက်
ဟာ သူတို့ရဲ့ အမှတ်တရတွေကို ခရစ်စမတ်ကာလမှာ ကြုံကြရတော့မှာပါ။
မိဘတွေဆုံးကတည်းက သူပြုစုပျိုးထောင်ခဲ့တဲ့ သူ့ညီမလေးလော်ရန်ဟာ
ခရစ်စမတ်မတိုင်ခင် လက်ထပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ အကိုဖြစ်သူ
လီယမ်ဟာ တာဝန်ရှိသူတစ်ယောက်အနေနဲ့ရော ၊ သူ့ညီမကိုချစ်တဲ့ အကို
တစ်ယောက်အနေနဲ့ပါ ညီမလေးအတွက် အမျိုးမျိုးပြင်ဆင်ပေးခဲ့တာကို
တွေ့ရမှာပါ။
သူနဲ့မအပ်စပ်တဲ့အလုပ်တွေလုပ်ပြပြီးတော့ ညီမရဲ့ မဂ်လာပွဲဖြစ်မြောက်
အောင် စီစဥ်သွားနိုင်တာကို တွေ့ရမှာပါ။ ကံကောင်းချင်တော့ ဒီလိုလုပ်ရင်း
သူကိုယ်တိုင်လည်း ဘယ်လိုအတွေ့အကြုံတွေရသွားမလဲဆိုတာကိုတွေ့ရ
မှာမို့ မိသားစုနဲ့ နွေးနွေးထွေးထွေးလေး ကြည့်ရှုကြပါခင်ဗျာ။ ဒီဇာတ်ကား
က မိသားစုဘဝတွေ ခက်ခဲတဲ့အခြေအနေမှာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့
အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်တဲ့အကြောင်း အပြုအမူပိုင်းတွေ စံပြလုပ်ရိုက်
ပြထားတဲ့ drama တီဗွီရုပ်ရှင်ကားပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Thy Santa ဖြစ်ပါတယ်)
File Size……….(2.1 GB) / (783 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 31Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Romance
Translator…….Thy Santa
Encoder……….SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။