Exit print mode Print Data A+ A- Undo all

The Edge of Love (2008)

The only thing more dangerous than war... is love.
The Edge of Love (2008)The Edge of Love (2008)

Synopsis:

 

Peaky Blinders မင်းသားကြီး Cillian Murphy နဲ့

442

Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်

ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းက

ထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို

တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDb

Rating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့

အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာ

နဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်

ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာ

စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်

ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်

မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်

ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လို

စလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာ

ယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာ

ငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူ

ကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။

သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့

အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်

ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။

နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကို

လိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်က

မလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေး

အယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။

အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ဝီလီယမ်ဆိုတဲ့

တပ်ကြပ်ကြီးပဲဖြစ်ပါတယ်။ဗယ်ရာ့စိတ်ထဲမှာ ဒေလန်တစ်ယောက်တည်း

ရှိပေမဲ့နောက်ဆုံးမှာတော့ ဝီလီယမ်ရဲ့အချစ်တွေကိုမတားဆီးနိုင်တော့ပဲ

ချစ်ကျွမ်းဝင်သွားကြတဲ့အခါမှာ သူတို့ ၄ ယောက်သားရဲ့ကြားထဲမှာ

ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ဒရာမာတွေဆက်ဖြစ်မလဲဆိုတာကို

ကြည့်ရှုရမဲ့ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

 

File size…2.15GB / 1.12GB
Quality…Blu-Ray 1080p 5.1CH  / 720p
Format…mp4
Duration….1h 50m
Genre ….. Drama , Romance , War
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
13.713
Status
Released
ID IMDb.com
tt0819714
IMDB Rating
6.1
IMDB votes
19K
ID Themoviedb.org
14061
TMDb Rating
6.171
TMDb votes
363