ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့
လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။
သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့
သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။
တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး
တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။
တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့
သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။
သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ
သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။
သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့
အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။
ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့
ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။
Filesize : 1.52 GB / 916 MB
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Action , Comedy
Runtime : 1h 44 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။