The Doll Master (2004)


Synopsis:
[Unicode]
အရုပ်သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်
တစ်ခါက ကီမိုနိုဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ကိုချစ်သွားတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်
အဲ့မိန်းကလေးအတွက် သူနဲ့တူတဲ့အရုပ်လေးတစ်ယောက်ကို ဖန်တီးပေးခဲ့တယ်
ဖြစ်ချင်တော့ အဲ့အရုပ်လေးက အဲ့ကောင်လေးကိုချစ်နေခဲ့ပါတယ်…
တနေ့မှာ ထူးဆန်းစွာနဲ့ကောင်မလေးသေသွားခဲ့ပြီးတော့ ကောင်လေးကတော့ လူသတ်သမားအဖြစ်ထောင်ကျခဲ့ရတယ်
အဲ့လိုနဲ့ အရုပ်လေးဟာ သူချစ်ရတဲ့ကောင်လေးအနားမှာပဲ အဖော်ပြုသွားတော့တယ်…
နှစ် ၆၀ ကြာပြီးနောက်တော့ ပြတိုက်တစ်ခုကိုလူငါးယောက်ရောက်လာကြပါတယ်
အဲ့ပြတိုက်က အရုပ်တွေကိုဖန်တီးတဲ့ပြတိုက်ပေါ့ ။
အဲ့ကိုရောက်လာတဲ့လူတွေက အရုပ်အတွက် model လုပ်ပေးဖို့ရောက်လာကြတာပါ
ဖြစ်ချင်တော့ ထူးဆန်းတာက သူတို့ငါးယောက်လုံးရဲ့ မွေးရပ်မြေက တူတူပဲဖြစ်နေတယ်ဆိုတာပဲ ။
ဒီတော့ သူတို့ငါးယောက်လုံးကရော ဘယ်သူတွေလဲ
မိန်းကလေးကရော ဘာလို့အသတ်ခံလိုက်ရတာလဲ
အဲ့ပြတိုက်မှာရော ဘယ်လိုထူးဆန်းမှုတွေရှိနေမလဲ
အရုပ်ကရော ဘယ်ရောက်သွားတာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုရမှာပါ ။
အဲ့အပြင်ကိုမှ သနားဖို့ကောင်းတဲ့ အရုပ်မချောချောလေးရဲ့ ဇာတ်လမ်းလေးကိုလည်းမြှုပ်ထားတာမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါဦး…။
( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် )
[Zawgyi]
Quality__720p
IMDb Rating__5.7/10
Format__mp4
Type__ Horror , Thriller
Subtitle__Myanmar Subtitle (Hardsub)
Translated by Shoon Thu Thu Chain
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။