The Descent (2005)
Scream your last breath.

Synopsis:
The Descent (2005)
IMDb – 7.2/10_____Rotten – 85%
Horror ကားအများစုဟာ Rating နည်းကြပါတယ်
The Descent ကတော့ IMDb 7.2 ရရှိထားတာကြောင့်
Horror ကားတစ်ကားအနေနဲ့ Rating မြင့်တယ်လို့ ဆိုနိုင်ပါတယ်
ဒီဇာတ်ကားကို ဒါရိုက်တာ Neil Marshall ရိုက်ကူးထားပြီး 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်
The Descent ရဲ့အဓိပ္ပါယ်က ” ဆင်းသက်ခြင်း ” ဖြစ်ပေမယ့်
” သက်ဆင်းခြင်း ” လို့ပြောမှ ပိုမှန်မယ် ထင်မိပါတယ်
အန္တရာယ်တောထဲ သက်ဆင်းမိပြီး ထောင်ချောက်အတွင်း သက်ဆင်းမိကြတဲ့
အမျိုးသမီးတစ်စုအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရိုက်ကူးတင်ပြထားတာပါ
စွန့်စွန့်စားစားခရီးတွေကို ခုံမင်ကြတဲ့ အမျိုးသမီး ၆ ယောက်ဟာ လူမရောက်ဖူးသေးတဲ့
လှိုဏ်ဂူတစ်ခုထဲ ဆင်းသက်ဝင်ရောက်ခဲ့ကြပါတယ်
ဂူနံရံတွေမှာ ဆွဲထားတဲ့ ရုပ်ပုံတွေကို မြင်ရတဲ့အခါမှ
ဂူထဲမှာ သူတို့ချည်းပဲမဟုတ်ဘူးဆိုတာ သတိပြုမိခဲ့ကြပါတော့တယ်
အမှောင်ထဲမှာ နေထိုင်ကျက်စားကြတဲ့
အသားစားသတ္တဝာတွေဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့….
Jump Scare(သွေးလန့်လို့ခုန်)အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့်
သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ်
သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့်
နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။
File Size : (930 MB)
Quality : BluRay 720p
Running Time :1hr 39 min
Format : Mp4
Genre : Adventure , Horror , Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Naing Win Swe
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။