Exit print mode Print Data A+ A- Undo all

The Delinquent Season (2018)

Love is a dangerous game
The Delinquent Season (2018)The Delinquent Season (2018)

Synopsis:

 

ဒရာမာမှဒရာမာဆိုသူများအတွက် Peaky Blinders မင်းသားကြီး

442

Cillian Murphy ပါဝင်သရုပ်ဆောင်ခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာ

မျိုးစုံကိုခံစားရမဲ့ 2018 တုန်းကဇာတ်ကားလေးတစ်ကားကို

တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားနာမည်ကတော့ The Delinquent Season ဖြစ်ပြီး

IMDb Rating 6.4 အထိရရှိထားပါတယ်။ဒီဇာတ်ကားထဲမှာတော့

မိသားစုနှစ်ခုကြားကမိဘတွေရဲ့ကြားမှာအရင်းနှီးလွန်သွားရင်းနဲ့

မိသားစုနှစ်ခုလုံးပြိုကွဲဖို့အကြောင်းဖန်လာရာကနေဖြစ်တည်လာခဲ့တဲ့

ဒရာမာပေါင်းသောင်းခြောက်ထောင်ကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက်

ပညာပေးအနေနဲ့ရော Entertainment အနေနဲ့ပါကြည့်ဖို့အဆင်

ပြေပါတယ်။

အထက်မှာပြောခဲ့တဲ့ မိသားစုနှစ်ခုကတော့ ဂျင်မ်နဲ့ဒန်နီရယ်တို့ရဲ့မိသားစုနဲ့

ခရစ်နဲ့အီဗွန်တို့ရဲ့မိသားစုပဲဖြစ်ပါတယ်။မိသားစုနှစ်ခုလုံးမှာကလေး

နှစ်ယောက်စီရှိကြပြီး ဇနီးနှစ်ယောက်ဖြစ်တဲ့ဒန်နီရယ်နဲ့အီဗွန်တို့ကတော့

သူငယ်ချင်းအရင်းတွေပဲဖြစ်ပါတယ်။နိုင်ငံခြားမိသားစုတွေရဲ့ထုံးစံအတိုင်း

သူတို့တွေက မိသားစုနှစ်ခုအတူတူညစာစားကြပြီး ပေါင်းသင်းဆက်ဆံရေး

တွေလုပ်ကြတဲ့အတွက် ဂျင်မ်နဲ့ခရစ်တို့ကလည်းအထိုက်အသင့်တော့

ရင်းနှီးပါတယ်။ခရစ်နဲ့အီဗွန်တို့ရဲ့ မိသားစုဘ၀လေးကသာယာအဆင်ပြေ

နေပေမဲ့ ခရစ်ကအကြောင်းပြချက်မရှိ ကြမ်းတမ်းရိုင်းစိုင်းလာတဲ့အခါ

မှာတော့ အီဗွန်လည်းအရမ်းတွေစိတ်ညစ်ပြီး ကြံရာမရဖြစ်နေပါတော့တယ်။

အဲ့ဒီလိုပျော့ညံ့နေတဲ့အချိန်မှာ အီဗွန်နဲ့ဂျင်မ်တို့ဖောက်ပြန်ဖို့ အကြောင်း

ဖန်လာခဲ့ပြီး မိသားစုနှစ်ခုကြားမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့

အရှုပ်အထွေးတွေဆက်ဖြစ်လာမလဲ အီဗွန်နဲ့ဂျင်မ်တို့ရဲ့အချစ်ကရော

စစ်မှန်ရဲ့လား ဘယ်လိုဇာတ်သိမ်းမျိုးကိုရောကြည့်ရှုခံစားရမလဲအစရှိသဖြင့်

ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားညှို့ယူသွားမဲ့ဒရာမာဇာတ်လမ်းကောင်း

တစ်ကားပဲဖြစ်ပါတယ်။

 

File size…1.17GB / 515MB
Quality…WEB-Rip 1080p  / 720p
Format…mp4
Duration….1h 43m
Genre ….. Drama , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Revenue
USD $39 194,00
Popularity
9.625
Status
Released
ID IMDb.com
tt6164762
IMDB Rating
6.4
IMDB votes
2.7K
ID Themoviedb.org
467915
TMDb Rating
6.3
TMDb votes
43