The Danish Girl (2015)
IMDb – 7.1/10_____Rotten – 67%
Won 1 Oscar, 31 wins & 79 nominations.
ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း အောင်မြင်သွားတယ်ပေါ့။ ဒါပေမယ့် တဖက်မှာတေ့ာ သူ့ယောကျာ်း Einar ဟာ ငယ်ငယ်ကတည်းက သူ့မှာ ရှိနေတဲ့ အမျိုးသမီးဖြစ်ချင်တဲ့ စိတ်တွေဟာ သူ့မိန်းမကို အမျိုးသမီးအဖြစ် မော်ဒယ်လ်ထိုင်ပေးပြီး နောက်ပိုင်း တဖြေးဖြေး ထကြွလာပြီး နောက်ဆုံးမှာ လိင်ပြောင်းလဲဖို့အထိ ဖြစ်လာပါတော့တယ်။ Gerda ဟာ ပထမတော့ နည်းနည်း အံ့သြထိတ်လန့် သွားပေမယ့် နောက်ပိုင်းမှာ ဒီကိစ္စကို အတူလက်တွဲပြီးရင်ဆိုင်ခဲ့ပါတယ်။
ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါမျိုးက မြန်မာကားတွေမှာဆို ဟာသလုပ်ပြီးရိုက်လေ့ရှိတယ်။ ဂေးဆိုတာ လှောင်ပြောင်စရာ သတ္တဝါတစ်ကောင်အဖြစ်ပေါ့။ ဒီဇာတ်ကားမှာတော့ Gerda ရယ် Einar ရဲ့ငယ်သူငယ်ချင်းရယ်ဟာ Einar ရဲ့ အဖြစ်ကို အပြည့်အဝ နားလည်မှုရှိစွာနဲ့ ဖေးမကူညီခဲ့ပါတယ်။ Einar ဟာ သူ့ကိုယ်သူ အမျိုးသမီးအဖြစ်ခံယူကာ Lili Elbe လို့နာမည်ပြောင်းခဲ့ပါတယ်။
Lili Elbe ရဲ့ ဒိုင်ယာရီကို ၁၉၃၃ မှာ ‘Man into Woman ‘ ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခဲ့ပြီး သူ့ဟာ နောက်ပိုင်းမှာ လိင်ပြောင်းလဲမှုပြုလုပ်သူတွေ အတွက် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့သတဲ့။ ဒီဇာတ်ကားထဲ မင်းသမီး Alicia Vikander ဟာ Gerda အဖြစ် သရုပ်ဆောင်တာ အတော်မိုက်တယ်ဗျ။ ဒါကြောင့်လည်း သူဟာ ဒီဇာတ်ကားနဲ့ ဟိုတလောက Oscars ဆုပေးတာမှာ Best Supporting Actress ဆုရခဲ့တာပေါ့။
(ရုပ်ရှင်အညွှန်းကို lynnsettreview.blogspot.com မှကူးယူဖော်ပြပါသည်။)

ဒီဇာတ္လမ္းဟာ ၁၉၂၆ မွာ ဒိန္းမတ္နိုင္ငံက ပန္းခ်ီဆရာလင္မယားရဲ႕ အေၾကာင္းကို ရိုက္ယူထားတဲ့ ျဖစ္ရပ္မွန္ ဇာတ္လမ္းတစ္ပုဒ္လို႔ ဆိုပါတယ္။ ပန္းခ်ီဆိုတာ အေရာင္ေတြ သံုးျပီး ကင္းဗတ္စေပၚ ေရးတယ္ ဆိုတာေလာက္ပဲ သိတဲ့ က်ေနာ့္အတြက္ေတာ့ သူတို႔ဆြဲတဲ့ ပန္းခ်ီ အမ်ိဳးအစားအယူအဆေတြ ဘာလဲဆိုတာေတာ့ မသိပါဘူး။ ေယာက္်ားျဖစ္သူ Einar က ရႈခင္းပံုဆြဲျပီး သူ႔အမ်ိဳးသမီး Gerda က ပံုတူေရးဆြဲတယ္လို႔ပဲ ဆိုပါေတာ့။ တရက္မွ Gerda ဟာ ပံုတူေရးဆြဲရာမွာ ေမာ္ဒယ္လ္ထိုင္ဖို႔ အမ်ိဳးသမီးေရာက္မလာလို႔ သူ႔ေယာက်ာ္း Einar ကိုပဲ အမ်ိဳးသမီးလို ဆင္ေပးျပီး ေမာ္ဒယ္လ္ထိုင္ခိုင္းခဲ့တယ္။ အမွတ္မထင္ပဲ အဲ့ပန္းခ်ီကားဟာလည္း ေအာင္ျမင္သြားတယ္ေပါ့။ ဒါေပမယ့္ တဖက္မွာေတ့ာ သူ႔ေယာက်ာ္း Einar ဟာ ငယ္ငယ္ကတည္းက သူ႔မွာ ရွိေနတဲ့ အမ်ိဳးသမီးျဖစ္ခ်င္တဲ့ စိတ္ေတြဟာ သူ႔မိန္းမကို အမ်ိဳးသမီးအျဖစ္ ေမာ္ဒယ္လ္ထိုင္ေပးျပီး ေနာက္ပိုင္း တေျဖးေျဖး ထၾကြလာျပီး ေနာက္ဆံုးမွာ လိင္ေျပာင္းလဲဖို႔အထိ ျဖစ္လာပါေတာ့တယ္။ Gerda ဟာ ပထမေတာ့ နည္းနည္း အံ့ၾသထိတ္လန္႔ သြားေပမယ့္ ေနာက္ပိုင္းမွာ ဒီကိစၥကို အတူလက္တြဲျပီးရင္ဆိုင္ခဲ့ပါတယ္။
ထူးျခားတဲ့ ဇာတ္လမ္းတစ္ပုဒ္ပါပဲ။ ဒါမ်ိဳးက ျမန္မာကားေတြမွာဆို ဟာသလုပ္ျပီးရိုက္ေလ့ရွိတယ္။ ေဂးဆိုတာ ေလွာင္ေျပာင္စရာ သတၱဝါတစ္ေကာင္အျဖစ္ေပါ့။ ဒီဇာတ္ကားမွာေတာ့ Gerda ရယ္ Einar ရဲ႕ငယ္သူငယ္ခ်င္းရယ္ဟာ Einar ရဲ႕ အျဖစ္ကို အျပည့္အဝ နားလည္မႈရွိစြာနဲ႔ ေဖးမကူညီခဲ့ပါတယ္။ Einar ဟာ သူ႔ကိုယ္သူ အမ်ိဳးသမီးအျဖစ္ခံယူကာ Lili Elbe လို႔နာမည္ေျပာင္းခဲ့ပါတယ္။
Lili Elbe ရဲ႕ ဒိုင္ယာရီကို ၁၉၃၃ မွာ ‘Man into Woman ‘ ဆိုတဲ့ နာမည္နဲ႔ ထုတ္ေဝခဲ့ျပီး သူ႔ဟာ ေနာက္ပိုင္းမွာ လိင္ေျပာင္းလဲမႈျပဳလုပ္သူေတြ အတြက္ ေရွ႕ေဆာင္လမ္းျပတစ္ဦးျဖစ္ခဲ့သတဲ့။ ဒီဇာတ္ကားထဲ မင္းသမီး Alicia Vikander ဟာ Gerda အျဖစ္ သရုပ္ေဆာင္တာ အေတာ္မိုက္တယ္ဗ်။ ဒါေၾကာင့္လည္း သူဟာ ဒီဇာတ္ကားနဲ႔ ဟိုတေလာက Oscars ဆုေပးတာမွာ Best Supporting Actress ဆုရခဲ့တာေပါ့။
(ရုပ္ရွင္အညႊန္းကို lynnsettreview.blogspot.com မွကူးယူေဖာ္ျပပါသည္။)
File size…(950MB)
Quality…Blu-ray Rip 720p
Format…mp4
Duration….01:59:38
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
နမူနာကြည့်ရန်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။