
ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။
အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။
သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို
အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို
အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။
ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။
ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့
The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ သင်္ကေတကုဒ်တွေချန်ထားခဲ့တယ်။ ဒီလိုနဲ့ ပြင်သစ်ရဲတွေဟာ ပြတိုက်မှူးကြီးချန်ထားခဲ့တဲ့ စာတွေထဲက တစ်ခုတည်းသော နာမည်အနောက်ကို လိုက်ပါလေရော။ လန်ဂ်ဒန်တဲ့ …… ။ ဟားဗဒ်တက္ကသိုလ်ရဲ့ သင်္ကေတဗေဒပညာရှင်။ ကမ္ဘာပေါ်ကရှားမှရှားပညာရှင်မျိုး။
ပြတိုက်မှူးကြီးက သူမသေခင်ညမှာ လန်ဂ်ဒန်နဲ့ ညစာစားဖို့ရာ စီစဉ်ထားခဲ့တယ်။ ဒီလိုနဲ့ လန်ဂ်ဒန်ကို ပြင်သစ်ရဲတွေက အကူအညီတောင်းဖို့ရာဆိုပြီး လူးဝ်ပြတိုက်ကိုခေါ်လာပါလေရော။ ပြတိုက်အဝင်ဝက ဧရာမ ဖန်သား ပိရမစ်ကြီးက ပြသာနာတွေတော့ အထဲမှာစောင့်ပါပြီလို့ လန်ဂ်ဒန်ကို တိတ်တဆိတ် သတိပေးနေသလိုပါဘဲ။ သူလည်း အထဲရောက်သွားရော အထဲမှာ ပြတိုက်မှူးကြီးရဲ့ ကိုယ်လုံးတီးအလောင်းက ပြတိုက်ကြမ်းပြင်ပေါ်မှာ ပြန့်ကားနေတယ်။ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ဝမ်းဗိုက်ဖောင်းဖောင်းကြီးအပေါ်မှာလည်း ငါးထောင့်ကြယ်ပုံကြီးကို သွေးနဲ့ပုံဖော်ထားတယ်။ နတ်ကိုးကိုယ်သူတွေ မီးရေနေလကိုးကွယ်သူတွေရဲ့ ရှေးဦးသင်္ကေတပုံစံမျိုး။ တစ်ဖက်လက်ညိုးမှာ သွေးပေနေပုံကိုထောက်ပြီး သူ့ဝမ်းဗိုက်က သေနတ်ဒဏ်ရာက သွေးကိုယူပြီး ကြယ်ပုံကို သူကိုယ်တိုင်ဆွဲခဲ့ပုံပါဘဲ။ နောက်တစ်ဖက်လက်မှာတော့ Marker ချောင်းကို မြဲမြဲဆုပ်ထားတယ်။
မကြာခင်မှာဘဲ လန်ဂ်ဒန်တစ်ယောက် စဉ်းစားမိရာ စဉ်းစားပြီး ကြမ်းပြင်ကို မီးထိုးကြည့်ရာမှာတော့ စာသားတွေပေါ်လာခဲ့တယ်။
ပထမဆုံးပေါ်လာတာက ကိန်းစဉ်တန်းတစ်ခု …
13-3-2-21-1-1-8-5 ..…
နောက်တစ်ခုက စာသားတွေ …
O,Draconian Devil
Oh, Lame Saint တဲ့ ……
ပထမဆုံးပေါ်လာတဲ့ ကိန်းစဉ်က ခန့်မှန်းရတာ သိပ်လွယ်တဲ့အရာ။ ဖီဘိုနာချီကိန်းစဉ်တန်းတစ်ခု … ။
လှပပြီးသေသပ်တဲ့ ကိန်းစဉ်တန်းတစ်ခု။
သဘာဝကြီးရဲ့ ကိန်းစဉ်တန်းတစ်ခု။
ကပ်လျက်ရှိတဲ့ ကိန်းတွေရဲ့ အချိုးဟာ 1.6 စွန်းစွန်းလေးရှိမယ့်ကိန်းစဉ်တန်းတစ်ခု။
ရှေးဦးအီဂျစ်တွေ ပိရမစ်ကြီးတွေကို ဆောက်တဲ့အခါမှာ တစ်ထပ်နဲ့တစ်ထပ်အတွင်း အမြဲလိုက်နာတဲ့ အချိုးတစ်ခု။ Twitter တံဆိပ်ရဲ့ ပျမ်းမျှညီမျှခြင်းအချိုးတစ်ခု။
ပျားအုံအတွင်းက ပျားထီးနဲ့ ပျားမတို့ရဲ့အချိုး။
တခြားတခြားသော သဘာဝတရားတို့ရဲ့ သိပ်ကိုလှပတဲ့ အချိုး … Golden Ratio ပေါ့။
စာသားတွေကိုကြည့်တော့ ဒါဟာ Anagram တစ်မျိုး။ လျှို့ဝှက်စာသားပေါ့။ တကယ်တမ်းကျ ဒီလောက်များတဲ့ စာတန်းရှည်ကို ကုဒ်ဖော်ဖို့ရာ Dan Brown နဲ့ ရုပ်ရှင်ထဲက လန်ဂ်ဒန်တို့လုပ်သွားသလောက် မလွယ်ဘူး။ တကယ်တမ်း စာရေးသူတို့ ကျောင်းစာသင်ခန်းထဲမှာ ကျောင်းသားတွေ ကွန်ပြူတာ ပရိုဂရမ်အကူအညီနဲ့လုပ်တာတောင် နာရီပိုင်းကြာတဲ့ CODE မျိုး။ ဖြစ်နိုင်ခြေပေါင်း ၃၆၀ ထရီလျံနည်းပါးရှိတဲ့ ကိန်းစဉ်တန်းကို စက္ကန့်ပိုင်းနဲ့ ပြောပြဖို့ရာဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာမျိုး။ ဘယ်လိုဘဲပြောပြော လန်ဂ်ဒန်က Code ဖြည်နိုင်ခဲ့တယ်။
Leonardo Da vinci
The Mona Lisa တဲ့။
သာမန်လူသတ်မှုကနေ သမိုင်းတစ်လျှောက်ရဲ့ အဓိကအနုပညာကြီးဖြစ်တဲ့ Mona Lisa အထိပါပါလာခဲ့ပြီ။ ဇာတ်လမ်းထဲမှာ ဒီကတဆင့်
Holy Grail ဆိုတာပါပါလာခဲ့တယ်။ Holy Grail ဆိုတာကတော့ ယေရှုခရစ်တော် နောက်ဆုံး စားပွဲကြီးမှာ သုံးခဲ့တဲ့ ကလပ်ခွက် (ခွက်)။ နောက်ပြီး ခရစ်တော်ကို ကြိုးစင်တင်ရာကနေကျလာတဲ့ သွေးတွေကို ခံခဲ့တဲ့ခွက်။ ဒီခွက်ကိုရဖို့ ဟိုးရှေးရာစုနှစ်တွေကတည်းက အထူးတပ်ဖွဲ့တွေ သူရဲကောင်းတပ်ဖွဲ့တွေက ကြိုးစားလာခဲ့တာမျိုး။ ခရစ္စယာန်သမိုင်းရဲ့ အဓိကအချက်အခြာရတနာလို့ သတ်မှတ်ခံထားရတာမျိုး။ ဂျေရုစလင်ကို ဥရောပကသိမ်းပြီးနောက် မြို့တော်ကို ကာကွယ်စောင့်လျှောက်ဖို့ရာဆိုပြီး သူရဲကောင်းအဖွဲ့ကြီးကိုဖွဲ့ခဲ့တယ်။ ဒါပေမယ့်
DAN BROWN ရဲ့ စာအုပ်ထဲမှာတော့ ၎င်းက အဆိုပါတပ်ဖွဲ့ဟာ မြို့တော်နဲ့လားလားမှမဆိုင်ဘဲ Holy Grail ခွက်ကို ရှာပုံတော်ဖွင့်ဖို့လို့ဆိုထားပါတယ်။
Holy Grail ကရော ပြတိုက်မှူးကြီး အသတ်ခံရာမှာ ဘယ်လိုပတ်သက်လဲ ? ဟို နှစ်ရာပေါင်းများစွာက Leonardo Da Vinci ကရော ဘယ်လိုပက်သက်လဲ ? ကြားထဲက လန်ဂ်ဒန်ကရော ?
၁၇၄ မိနစ်တိတိကြာတဲ့ ဒီဇာတ်ကားဟာ သမိုင်းမှန်ကိုနောက်ခံထားပြီး
စိတ်ကူးယဉ်ထားတာမို့ ဘယ်လိုကြည့်ကြည့်ကို ရင်သပ်ရှုမောစရာကောင်းပါတယ်။ Secret Order တွေ Secret Treasure တွေအကြောင်းကို စိတ်ဝင်စားသူတွေက ရုပ်ရှင်ကြည့်လိုက် သမိုင်းအစစ်အမှန်ကိုရှာဖတ်လိုက်နဲ့ ရုပ်ရှင်တကားကြည့်ဖို့ရာ လေး ငါးနာရီလောက် အချိန်ပေးရပါလိမ့်မယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ စာအုပ်ရဲ့အရသာကိုလုံးဝပေါ့မသွားစေတဲ့အပြင် လန်ဂ်ဒန်အဖြစ်သရုပ်ဆောင်တဲ့ Tom Hanks ရဲ့ဇာတ်ကောင်အားနဲ့ တချို့ဇာတ်ဝင်ခန်းတွေဆို စာအုပ်ထက်တောင် ပို Dark သလိုခံစားမိတယ်လို့ဆိုရမယ်။
(ရာရာ)
(ရုပ်ရှင်အညွှန်းကို The Silver Screen FB Page မှကူးယူဖော်ပြပါသည်။)
ဒီဇာတ်ကားကို Extended Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်တုန်းကမပါတဲ့ အခန်းတချို့ ရိုက်ကွက်တချို့တွေကိုပါ အပြည့်အစုံရှုမြင်ကြရမှာဖြစ်ပါတယ်။ အဆက်အနေနဲ့ဆက်ထွက်လာခဲ့တဲ့ Angels & Demon (2009) နဲ့ Inferno (2016) ကိုလဲ ထပ်မံတင်ဆက်ထားပါတယ်။
File size…(2.9 GB)/ (1.2 GB)
Quality….BluRay Extended 1080p HEVC/720p
Format…mkv/mp4
Duration….02:54:37
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။