The Cutting Edge (1992)
The King of the Rink is about to meet America's Ice Queen.

Synopsis:
The Cutting Edge (1992)_____IMDb – 6.9/10
ဒီရုပ်ရှင်ကားက ကြည့်ဖူးသမျှ ကိုရီးယားကားတွေ တရုတ်ကားတွေထက်တောင်
အရမ်း ရိုမန့် ဆန်တယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ကားလေးပါ
အချိန်ကာလ အားဖြင့် ၁၉၉၂ ခုနှစ်က ရုံတင်တဲ့ကားမို့
အဲ့ဒီကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား မင်းသမီး တောင်
လက်ရှိအချိန်မှာ အိုနေပါပြီ အဲ့ဒါကလဲ အဒ်မင်က အသဲတွေယားပြီး
Google မှာ လိုက်ရှာမိခဲ့လို့ 😀
ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော်
အိုလံပစ် အားကစားပြိုင်ပွဲမှာ စကိတ်အလှစီး တာ နဲ့ ရေခဲပြင်ဟော်ကီ တို့လဲ
အပါအဝင်ပါပဲ …
ရေခဲပြင်အလှပြစကိတ်စီး ပြိုင်ပွဲမှာတော့ အရမ်းဟော့နေတဲ့
ကောင်မလေး တစ်ယောက် ရှိတယ် ကိတ် တဲ့
ကိတ်က သူမ လူမှန်းသိတက်ကတည်းက စကိတ်စစီးနေခဲ့ပြီ
အရမ်းလဲ လှသလို သူဌေးသမီးလဲ ဖြစ်တော့ အရမ်းကို
မာနကြီးတယ် ဘဝမြင့်တယ်…
သူမ နဲ့ စကိတ် အတူစီးမယ့် သူတွေဆိုတာလဲ
သူမ ဘယ်လောက်လှလှ ကြည့်မရကြဘူး…
ကံဆိုးတယ် ပြောရမလားပဲ ပထမ ပြိုင်ပွဲမှာတင်
ကိတ် ထွက်ခဲ့ရတယ်…
သူ့လိုပဲ တစ်ရက်ထဲမှာ ပြိုင်ပွဲဝင်ခဲ့ရတဲ့ ဟော်ကီသမား ဒက်ဒေါ်စီ ဟာလဲ
အက်စီးဒန့် တစ်ခုကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရတယ်…
ဒါတောင် အဝင်၀ မှာ ၂ ယောက် ခလုပ်တိုက်ဖြစ်အောင် တိုက်ခဲ့ကြသေးတယ်
နောက် ၂ နှစ်လောက်ကြာတဲ့ အခါမှာ ဒီ မာန မင်းသမီးလေး နဲ့ အူကြောင်ကြားကောင်လေး
၂ ယောက်ကို အတူတူ ပေါင်းစည်း လေ့ကျင့်စေပြီး အိုလံပစ် ပြိုင်ပွဲဝင်ဖို့
လူကြီးတွေက ဆုံးဖြတ်ခဲ့ကြတဲ့ အခါမှာတော့….
ဒီရုပ်ရှင်လေးဟာ ဟာသ ၊ အချစ် ၊ အားကစား အမျိုးအစား
ရုပ်ရှင်ဖြစ်ပြီး ကြည့်ရှုသူကို စိတ်မပျက်စေမယ့် ဇတ်လမ်းမျိုးဖြစ်ပါတယ်
ရုပ်ရှင်ကားကို Hnyot Myet Wunn က ဘာသာပြန်ပေးထားတာ ဖြစ်ပြီး
အညွှန်းကို Shwe Sin Nan Eain မှ ရေးပေးထားပါတယ်
File Size – 1.07 GB
Quality – Blu-Ray Rip 1080p
Translator – Hnyot Myet Wunn
Encoder – Shwe Sin Nan Eain
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။