The Croods (2013)
Meet the first modern family.

Synopsis:
Croods 2 ထွက်တော့မှာဆိုတော့
Croods ကို ပြန်နွေးတဲ့ အနေနဲ့ ကြည့်မိတယ်
ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးက
သူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေက
ကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီး
သမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့…
ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသား
ကောင်လေး တစ်ယောက်က ပေါက်ချလာပြီး
ကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီး
မီးကို စတင် ဖန်တီးပြတော့တာပဲ
ဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ်
သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်
ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ
ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့
ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ
ဒီဇတ်လမ်းမှာ ဘာတွေ တွေ့ရလဲ ဆိုတော့ မိသားစု စိတ်ဓါတ်ရယ်
အဖေတစ်ယောက် ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေ အပြင်
အသက်ရှင်နေထိုင်ဖို့ ဘာက အရေးကြီးလဲ ဆိုတဲ့ သော့ချက်ကို
ပြသွားတာ အကြိုက်ဆုံးပါပဲ….
ကျနော် ရုပ်ရှင်တွေ ကြည့်ဖြစ်ရင် ဒီရုပ်ရှင်က ဘာပေးလဲ ဆိုတဲ့
ဟာကို ရှာမနေပဲ စိတ်အပန်းဖြေဖို့ အတွက်ပဲ ကြည့်လေ့ ရှိပါတယ်
ဒီ Croods ကတော့ စိတ်အပန်းဖြေဖို့ အပြင် လူရဲ့ စိတ်အဟာရကို
ဖြည့်ဆည်းပေးလို့ ကလေးရော လူကြီးပါ ကြည့်သင့်ပါတယ်
ရုပ်ရှင်ကားကို Esther Van Sui Par က ဘာသာပြန်ပေးထားပြီး
Thit San Khant မှ Review ရေးပေးထားပါတယ်
zawgyi
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။