The Cornered Mouse Dreams of Cheese (2020)


Synopsis:
[Unicode]
The Cornered Mouse Dreams of Cheese(2020)
Fojushi,Fodamshi တို့အကြိုက် 2020ထွက် BL Movieတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ချစ်နေပေးမယ့်သူ ရှိနေလည်း ချစ်ခံရမယ့်သူက ယုံကြည်မှု မရှိတဲ့အခါ …
ချစ်နေပေမယ့်လည်း လက်မခံဘဲ ကိုယ့်ကိုကိုယ် ဇွတ်ငြင်းယူနေတဲ့သူ ကိုင်ဆောင့်ချင်စရာ Semeကြီးကို ဒီကားထဲမှာ အသဲတယားယား ကြည့်ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးတော့ အိုတိုမို ကယူချီဆိုဟာ ကြေညာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး အိမ်ထောင်ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူကအခြားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တဲ့အခါ သူ့ဇနီးဟာ အလွတ်တိုင်းစုံထောက်ငှါးပြီး ထိုအကြောင်းကို စုံစမ်းခိုင်းခဲ့ပါတယ်။
အဲ့အချိန်မှာ အိုတိုမိုဆီ စုံစမ်းမှုနဲ့အတူ ရောက်လာခဲ့တဲ့ လူကတော့ အင်မာဂါဆဲ့ ဝါတာရူလို့ခေါ်တဲ့သူဖြစ်ပါတယ်။ ဝါတာရူဟာ အခြားသူမဟုတ် အိုမိုတိုနဲ့ တက္ကသိုလ်အတူတက်ခဲ့တဲ့ ဂျူနီယာတစ်ယောက်ဖြစ်ရုံမက အိုမိုတိုကို ၇နှစ်ကြာကြိတ်သဘောကျလာခဲ့သူ ဖြစ်ပါတယ်။
ဒီလိုနဲ့နှစ်ယောက်ပြန်တွေ့ဆုံပြီးနောက် ဝါတာရူက အိုမိုတိုကိုချစ်ကြောင်းဖွင့်ပြောခဲ့ပြီး Sexual Relationship အဖြစ် သူတို့နှစ်ယောက် ဆက်ဆံရေးကိုပြောင်းလဲပစ်ချင်ကြောင်းကိုပါ တောင်းဆိုပြီး အပေးအယူအနေနဲ့ အိုမိုတိုဖောက်ပြန်မှုကို ဇနီးဆီပြန်သတင်းမပေးဘူးလို့ တောင်းဆိုခဲ့ပြီးနောက်မှာ…
ဖြစ်ပေါ်လာမယ့် အချစ်ရေးပြသနာတွေနဲ့ သူတို့ကြားက အဆုံးသတ်လေး ဘယ်လိုဖြစ်မယ်ဆိုတာကို လူကြီးများရှေ့နှင့် ၁၈နှစ်အောက်များ မကြည့်ရ Rateလေးကို သိထားပြီး ကြည့်လို့ရပါပြီနော်
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Deer ပါ )
[Zawgyi]
The Cornered Mouse Dreams of Cheese(2020)
Quality__HEVC 720p 5.1
IMDb Rating__6.6/10
Format__mp4
Duration__02:10:00
Type__Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Deer
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။