Channel Myanmar

The Core (2003)

ActionAdventureSci-Fi

IMDB: /10 votes

72325

Report error

442

ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။

ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။

ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။

အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ရုတ်တရက် ရပ်တန့်သွားပြီး ကမ္ဘာကိုလွှမ်းခြုံထားတဲ့ သံလိုက်စက်ကွင်းကြီး ပျက်ပြယ်သွားပါတယ်။ အဲဒီမှာတင် ပရမ်းပတာအဖြစ်တွေ ဆက်တိုက်ဖြစ်ပေါ်လာပြီး ကမ္ဘာပျက်တော့မယ့် အရိပ်အယောင်တွေ ထွက်ပေါ်လာတာပေါ့။

အဲဒီမှာတင် သက်ဆိုင်ရာ သိပ္ပံပညာရပ်နယ်ပယ်မှာ အတော်ဆုံးပညာရှင်တွေနဲ့ ယာဉ်ထိန်းချုပ်မောင်းနှင်ရေး အတော်ဆုံးပိုင်းလော့များ၊ စုစုပေါင်း လူခြောက်ယောက်က ကမ္ဘာ့အူတိုင်ကို သွားနိုင်မယ့် ယာဉ်တစ်ခုကို စီးနင်းလို့ အူတိုင်အထိ အရောက်သွားကြရမယ်။ ပြီးရင် ရပ်တန့်နေတဲ့ ချော်ရည်စီးကြောင်းကို ပြန်လည်ပတ်အောင် လုပ်ကြရမယ်။

သူတို့တွေ ဘယ်လိုလုပ်ဆောင်မှာလဲ?
သူတို့တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေက ဘာဖြစ်မလဲ?
ဒီဂရီ ၉၀၀၀ ရှိတဲ့ ကမ္ဘာ့အူတိုင်မှာ သူတို့ အသက်ရှင်နိုင်မှာလား?
ချော်ရည်စီးကြောင်းကြီးကရော ပြန်လည်ပတ်ပြီး သံလိုက်စက်ကွင်းကို ပြန်ရယူနိုင်မှာလား?

လူကြီးမင်းတို့အတွက် ဟောင်းပေမဲ့ ကောင်းနေသေးတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်းပါဗျာ။

 

File size…(2.2 GB )/(1.2 GB )
Quality….Webrip 1080p / 720p
Format…mp4
Duration….02:15:00
Genre…Action, Adventure, Sci-Fi
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Arr Khun Winchester



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies