The Centipede Is Tap Dancing (1977)


Synopsis:
CM ပရိတ်သတ်တွေအတွက် Old but Gold comedyတွေထဲက
တစ်ကားဖြစ်တဲ့ Le Mille Pattes Fait des Claquettesဆိုတဲ့
ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ 1977ထွက် ပြင်သစ်
Comedy ဇာတ်ကားပဲ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကို နောက်ခံထား
ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ တန်ခိုးထွားခဲ့တဲ့ နာဇီဂျာမန်တွေက
ပြင်သစ်နိုင်ငံကို လက်ခုပ်ထဲကရေလို ကြိုးကိုင်ချယ်လှယ်ခဲ့ချိန်
တစ်ခု ရှိခဲ့ဖူးပါတယ်။ ပြင်သစ်ရဲ့ အဖိုးတန်အမွေအနှစ်မှန်သမျှ
အပိုင်စီးပြီး ဂျာမဏီကိုပို့ပစ်ခဲ့တဲ့ အချိန်ကာလတစ်ခုပေါ့၊
ဒီလိုတိုင်းတစ်ပါးရဲ့ အမွေအနှစ်တွေကို စိတ်တိုင်းကျမောင်ပိုင်စီး
နေတဲ့ ဂျာမန်ဗိုလ်ချုပ်တွေ နောက်ထပ်မျက်စိကျလာတာကတော့
ပြင်သစ်နိုင်ငံ ပါရီမြို့ Louvre ပြတိုက်မှာရှိတဲ့ လှပခြင်းနဲ့အချစ်
နတ်သမီး Aphroditeရဲ့ ရုပ်တုဖြစ်တဲ့ “Venus De Milo” ရုပ်တု
ကိုပါ။
နိုင်ငံရဲ့အမွေအနှစ်ရုပ်တုကြီးတစ်ခု တိုင်းတစ်ပါးလက်ထဲ ရောက်
တော့မှာ သိလိုက်ရတဲ့ ပြင်သစ်သားလူငယ် ၃ယောက်ဟာ ဂျာမန်
ကောင်တွေလက်ထဲကနေ ရုပ်တုကြီးကို တဖန်ပြန်ခိုးပြီး “ရုပ်တု
မပါသွားရေး ဒို့အရေး”လုပ်ကာ ဂျာမန်စစ်တပ်တွေ လိုက်ဖမ်းတဲ့
ကြားကနေVenus De Miloရုပ်တုကို ကာကွယ်ဖို့ကြိုးစားပုံတွေ
စွန့်စားခန်းတွေကို ဟာသဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာပဲ
ဖြစ်ပါတယ်။
၂၀၂၂နဲ့ ၁၉၇၇ခုနှစ်ကြား ခေတ်ကာလရေစီးကြောင်းခြားနားမှုနဲ့
Comedy ideologyကွာခြားမှုများတာမလို့ ဒီခေတ်ဟာသတွေနဲ့
ကွဲထွက်နေတဲ့ အရင်ခေတ်ရဲ့ ဟာသပုံစံတွေကို တွေ့ရှိရမှာပါ။
IMDb အနေနဲ့ကတော့ rating သိပ်များလေ့မရှိတဲ့ comedy
သီးသန့် Genre၊ ၁၉၇၇ထွက် ခေတ်ဟောင်းကားဖြစ်တာတောင်
5.6 ရရှိထားပါတယ်။ စိတ်ညစ်ညူးစရာတွေ များနေတဲ့ လက်ရှိ
အချိန်မှာ ဟာသကားလေးနဲ့ တစ်ခဏဖြစ်ဖြစ် ဘဝအမောပြေဖို့
တင်ဆက်ပေးလိုက်ပါတယ်။
File size…2.3GB / 1.1GB
Quality…1080p / 720p
Format…mp4
Duration….1h 45m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Thit San Khant
Translated by JimX
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။