The Boy in the Striped Pyjamas(2008)
Lines may divide us, but hope will unite us.

Synopsis:
The Boy in the Striped Pyjamas(2008)
(((ဒီကားကို ကျွန်တော်တို့ Channelmyanmar ကနေ ၂၀၁၅ ခုနှစ်လောက်က ဘာသာပြန်တင်ဆက်ပေးခဲ့ပြီးပါပြီ…
သို့ပေမယ့်လည်း မူရင်းဇာတ်ကားအနှစ်သာရကိုထိခိုက်သွားစေမဲ့
စာသားတွေပါသွားပါတယ်…ဒီအတွက် မဆီလျော်ကြောင်းလာရောက်အကြံပြုလာပါတယ်…
ကားကောင်းလေးလည်းဖြစ်တော့ ဘာသာပြန် Sherlock ကိုပြန်လည်ပြင်ဆင်ခိုင်းပြီး တင်ဆက်ပေးထားပါတယ်..နောက်ပိုင်းမှာလည်း ကျွန်တော်တို့ဆီမှ မူရင်းဇာတ်ကားကို သွေဖီစေတဲ့စာသားတွေ
မပါအောင်အတတ်နိုင်ဆုံး ဂရုစိုက်နေပါတယ်..လာရောက်အကြံပြုပြောဆိုတဲ့သူတွေကိုရော အားပေးတဲ့သူတွေကိုရော ကျေးဇူးတင်ပါတယ်….))))
ဒီဇာတ်ကားလေးက IMDb rating 7.8 အထိရရှိထားပြီး
ဒုတိယကမ္ဘာစစ်ကိုအခြေခံကာရိုက်ကူးထားတဲ့
Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။
Action အားပေးနေကြ ပရိတ်သတ်တွေအတွက်လည်း
အပြောင်းအလဲလေးဖြစ်အောင်ကြည့်သင့်ပါတယ်။
ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့်
ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။
လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့်ဒီဇာတ်ကားလေးဟာ
ဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကို
အုပ်ချုပ်ရတဲ့ဂျာမနီတပ်အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကို
ဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။ ဂျူးအကျဉ်းသားတစ်ဦးရဲ့
သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာ
မထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာ
ရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင်
ရိုက်ပြထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲ
သူငယ်ချင်းဖြစ်လို့မရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်က
ကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကို
ကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့
ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
File Size : (879 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:34:00
Genre : Drama , War
Subtitle : Myanmar Subtitle (Hard Sub)
Translated by Sherlock
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။