The Bookshop (2017)
A town that lacks a bookshop isn't always a town that wants one

Synopsis:
File Size : (850 MB) and (
၂၀၁၇ ခုနှစ်ထွက် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ
Bookshop လို့အမည်ရတဲ့ဇာတ်ကားလေးက ၁၉၅၀ ဝန်းကျင်ကိုအခြေခံထားတဲ့ဇာတ်ကားလေးဖြစ်ပြီးမိန်းမသားတစ်ဦးရဲ့ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ပုံတွေ လူမှုစရိုက်သဘောသဘာဝရဲ့ကောင်းကွက် ဆိုးကွက်တွေ မြေနိမ့်ရာလှံစိုက် ဖိနှိပ်မှုတွေကို ဇာတ်လမ်းအေးအေးလေးနဲ့တင်ဆက်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။။။။
ဇာတ်လမ်းအကျဉ်းကတော့ ဖလော့ရမ့်စ်ဂရင်းဆိုတဲ့ မုဆိုးမလေးဟာ သူမရဲ့ဝါသနာသူမရဲ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးကို ဇာတိမြေဖြစ်တဲ့ ဟာ့ဒ်ဘော့မြို့မှာပြန်လာဖွင့်တာလေးနဲ့ အစပျိုးထားပါတယ်။
ဒါပေမယ့်လဲ အဲ့မြို့မှာကစာအုပ်ဖတ်တဲ့လူဆိုလို့ မစ္စတာ ဘရန်ဒစ်ရှ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ပဲရှိတာဆိုတော့သူစာအုပ်ဆိုင်ဖွင့်မယ့်ကိစ္စက အထူးအဆန်းလို စွန့်စားမှုကြီးတစ်ခုလို လူတွေကမြင်ကြတာပေါ့
သူဆိုင်ဖွင့်မယ် Old House(အိမ်အိုကြီး)ကလဲ ရှေးဟောင်းအိမ်ကြီးဆိုတော့မစ္စစ် ဂါမက်လို့ခေါ်တဲ့ ဘွားတော်ကြီးကလဲ Art center ဖွင့်ချင်နေပြန်ပါလေရော
ဒါပေမယ့်လဲ သူဖြစ်ချင်တဲ့ အကောင်အထည်ဖော်ချင်တဲ့အတိုင်း စာအုပ်ဆိုင်ကိုဇွတ်အတင်းရအောင်ဖွင့်ခဲ့ပါတယ်။
ဖလော့ရမ့်စ်ဂရင်းတစ်ယောက်သူ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးက အောင်အောင်မြင်မြင်ဖြစ်သွားမလား
သူ့ကို မနာလိုမရှုစိမ့်ဖြစ်နေသူတွေကနေ ဘယ်လိုများနှောင့်ယှက်သွားအုန်းမလဲ
တစ်ကိုယ်တည်း မုဆိုးမတစ်ယောက်အနေနဲ့ လောကဓံကိုဘယ်လိုများတောင့်ခံသွားသလဲဆိုတာတော့ဆက်လက်ဒေါင်းကြည့်ကြပါကုန်။။။။
ဇာတ်ကားတွေမှာ ရယ်စရာကောင်းတဲ့ကား၊ ကြောက်စရာကောင်းတဲ့ကား၊ ငိုရတဲ့ကား ဆိုပြီးရှိကြသလိုကျနော်ကတော့ ဒီကားလေးကို ချစ်စရာကောင်းတဲ့ကားလေးလို့ ခေါ်ချင်ပါတယ်။
ဒရာမာကားစစ်စစ် တစ်ကားဖြစ်သလို ၁၅၀၀ အချစ်လုံးဝမပါတဲ့ ဒရာမာကားလဲဖြစ်နေပြန်ပါသေးတယ်
အဲ့ဒါအပြင် အပြင်ဖက်လက်တွေ့ဘဝနဲ့ အများကြီးထပ်တူကျတဲ့ပုံစံမျိုးဖြစ်နေတာကြောင့် ဒရာမာရုပ်ရှင်ချစ်မြတ်နိုးသူတွေလက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တယ်ဆိုတာကို လက်တို့လိုက်ပါရစေလားဗျာ။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)
370 MB)
Quality : Blu-Ray 720p
Running Time : 1hr 53min
Format : Mp4
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : LiMiTED.1080p.BluRay.x264-VETO
Translated by Hein Min Tun
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။