The Blade of Wind (2020)

Synopsis:
ဒီတစ်ခါတော့ အမျိုးသမီး သူရဲကောင်းမလေးဇာတ်ကားကို မိတ်ဆက်ပေးမယ်။
သရုပ်ဆောင်အသစ်လေးတွေက အချောလေးတွေ။ ချောသလို အတော်လေးလည်း တော်တယ်။
သိုင်းကားကြိုက်သူတွေအတွက် ဖိုက်တင်ခန်းတွေမှာ ပီပြင်သလို
ဟာသအပိုင်းလေးတွေ အကအလှအပလေးတွေ ရောထည့်ထားသေး။
ဇာတ်လမ်းကို အနည်းအကျဉ်း ရှင်းရမယ်ဆိုရင်ဖြင့် ဒီလိုပေါ့နော်။
သိုင်းလောကမှာ မြွေမိစ္ဆာဆိုတဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်းတွေ ပေါ်လာပြီး
လူတွေပျောက်ချင်းမလှ ပျောက်ပြီး အသတ်ခံနေသတဲ့။ ဒါကို ဘာမှမသိဘဲ
အေးအေးလူလူ မော်မန်ဂိုဏ်းမှာ ဆရာတူအစ်ကိုတွေကို ဗိုလ်ကျနေတဲ့
လျန်ယာချင်း ဆိုသူလေးက တစ်နေ့ ဆရာက ပြန်စာပေးခိုင်းလို့
ဂိုဏ်းအပြင်ကိုထွက် တောင်အောက်ဆင်းတာနဲ့ အထင်တွေအလွဲခံရပြီး
သူများလိုက်သတ်တာ ခံရတာကနေ စတော့တာပဲ။
ယာချင်းနဲ့ မြွေမိစ္ဆာ ဘယ်လိုပတ်သက်လို့ အထင်လွဲကြတာလဲ…
မြွေမိစ္ဆာကရော ဘာတွေလဲ… တကယ် မိစ္ဆာဆိုတာရော ဟုတ်ပါ့မလား…
ဘာဆက်ဖြစ်ကြမှာလဲ ဇာတ်ကားကိုသာ ကြည့်လိုက်ကြပါတော့…
Translated & Review By Chu Chu
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။