Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင်
ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။
Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကို
အလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။
The Bikeriders မှာတော့ မင်းသားကြီး Tom Hardy,
ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီး
Jodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့
The Bikeriders photo book ကို မှီငြမ်းထားတယ်လို့
သိရပါတယ်။
ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်က
အဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက်
ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။
သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကို
ဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်း
တစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့
အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။
ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့
ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။
File size…1.71GB / 726MB
Quality…WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 56m
Genre ….. Crime , Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Act Molemy
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။