The Big Lebowski(1998)
It’s good knowin’ he’s out there. The Dude. Takin’ ‘er easy for all us sinners.

Synopsis:
The Big Lebowski(1998)
IMDB…8.1,,,,,Rotten….83%
လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်….သူတို့က နာမည်သာ
တူတာ …အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ…တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့
နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowski
ပေါ့….တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကို
ကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ခဲ့ပြီးတော့ ငွေညှစ်ဖို့လုပ်ပါတော့တယ်…ကံဆိုးတာက
သူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowski အိမ်ဖြစ်နေပါတယ်…ဒါ့ကြောင့်စိတ်တိုတိုနဲ့ အိမ်မှာရှိတဲ့ကော်ဇောကို
သေးနဲ့ပန်းသွားတယ်…ဒါက သန်းကြွယ်သူဌေးLebowskiမှာတာဝန်ရှိတယ်လို့ ယူဆပြီးတော့ ငပျင်းကြီးဟာ
ကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်… သွားတောင်းစဉ်မှာပဲ
သူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်…
ဘဲကြီးLebowskiအနေနဲ့ အရှုပ်ထုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ …
ဘယ်လိုရုန်းထွက်မလဲ…ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု
၁၇ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်….
ကားသစ်တစ်ချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့ နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ…
…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကMarTizasဖြစ်ပါတယ်…
File Size : (950 MB) and (394 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:57:00
Genre : Comedy, Crime, Sport
Subtitle : Myanmar Subtitle (Hard Sub)
Translated by MarTizas
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။