The Big Hit (1998)
Nothing's more dangerous than some nice guys... with a little time to kill.

Synopsis:
The Basketball Diaries, Ted 1,2,3, Planet of the Apes,Transformers အစရှိတဲ့ တစ်ကမ္ဘာလုံးကြိုက်ကြတဲ့ရုပ်ရှင်တွေအပြင် ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ Uncharted , Me time တို့မှာလည်း သရုပ်ဆောင်ထားပြီး ဒီကားမှာလည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့Mark Wahlbergရဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလာပါပြီ။ Jakie Chanရဲ့ Twin dragons, Crime storyအစရှိတဲ့ ရုပ်ရှင်တွေကိုရိုက်ကူးပေးထားတဲ့ Director Kirk Wongကပဲ ဒီကားကိုရိုက်ကူးပေးထားတာဖြစ်ပါတယ်
ဇာတ်လမ်းကတော့ မယ်ဗင်(Mark Wahlberg)က အလုပ်မှာတော်ပင်မယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းညစ်ပတ်တာခံနေရသလို ရည်းစားတွေရဲ့ ပလေးခြင်းကိုခံနေရတဲ့ကြေကွဲလူငယ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ခဲခို(Keiko)ဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးဖြစ်သူကိုပြန်ပေးဆွဲတဲ့အမှုထဲမှာပါဝင်ပတ်သက်မိပါတော့တယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ မယ်ဗင်တစ်ယောက်ဘယ်လိုအခက်ခဲတွေကြုံရမလဲ သူ့ရဲ့ပလေးခံဘဝလေးကနေ အချစ်စစ်ကိုရှာတွေ့သွားမလား၊ အသက်ဘေးကနေရော လွတ်မြောက်သွားနိုင်ကြပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ Actionဇာတ်ကားကြိုက်တဲ့လူတွေအတွက် ဒီကားကတော်တော်ကောင်းပါတယ်၊ ပျင်းလည်းမပျင်းရသလို ဇာတ်လမ်းကလည်း သူ့အရှိန်နဲ့သူသွားနေတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ကြည့်နေရင်း အချိန်ကုန်သွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး၊ နောက်ဆုံးအနေနဲ့ထပ်ဖြည့်ပြီးပြောရရင် ခဲခိုနေရာမှာသရုပ်ဆောင်တဲ့ ကောင်မလေးတော်တော်ချောတယ်ဗျာ။ ဇာတ်လမ်းဇာတ်သွားကလည်း ကောင်းတဲ့ထဲပါပြီး မင်းသားကလည်းကောင်း၊ မင်းသမီးကလည်းချောတော့ ကြည့်သာကြည့်လိုက်ပါတော့ဗျို့။
File size…(1.74GB) / (`943.14MB) / (466.97MB)
Quality…. Web 1080P / 720p / 480p
Format…mp4
Duration….01:31:00
Genre… Comedy / Crime / Action
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Min Khant Kyi Win
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။