မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့
၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို
ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ်
ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။
ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့
မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့
ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ
လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။
သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။
ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့
သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို
လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။
အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။
စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင်
မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး
တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။
ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့်
အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့
ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက
ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။
နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား……
အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့
ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့
ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့
ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က
ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama
ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Filesize : 2.74 GB / 1.25 GB
Quality : WEB-DL 1080p , 720p
Format : mkv
Genres : Action , History
Runtime : 1h 47 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။