အမေရိကန်နိုင်ငံကို ကြည့်လိုက်ရင် အရမ်းပျော်စရာကောင်းပြီး
တိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတိုင်းက
အားကျနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတော့တယ်။ဒါပေမယ့်
အဲ့လိုခေတ်မှီ တိုးတက်နေတဲ့နိုင်ငံမှာ အခုထက်ထိတိုင် မပျောက်
ပျက်ဘဲ ကျန်ရှိနေသေးတဲ့အရာကတော့ Racist ဆိုတဲ့
လူမျိုးရေးခွဲခြားတဲ့ လူတွေပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေ
မှာလည်းရှိပေမဲ့ သူတို့နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကတော့
အခုထက်ထိကို မဆွေးမြေ့ပဲ ကျန်ရှိနေသေးတဲ့ နာမည်ကြီး
လူမျိုးရေး ခွဲခြားမှုပဲဖြစ်ပါတယ်။လူဖြူရဲတွေက လူမည်းတွေကို
တွေ့တာနဲ့ ရန်ရှာတယ် ပစ်သတ်တယ်ဆိုတာတွေက သူတို့နိုင်ငံမှာ
မထူးခြားတော့ပါဘူး။အဲ့လိုလူမျိုးရေးခွဲခြားမှုတွေ ပပျောက်
သွားအောင် ကြိုးစားနေတဲ့လူတွေရှိပေမဲ့ အနည်းနဲ့အများတော့
ကျန်ရှိနေပါသေးတယ်။အဲ့ဒါကြောင့် အဲ့လိုလူမျိုးရေးခွဲခြားမှုတွေကို
ရပ်တန့်ပြီး လူမည်းတွေရဲ့ခံစားချက်တွေကို နားလည်အောင်
ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့ The American
Society Of Magical Negroes ဆိုတဲ့ဇာတ်ကားကိုတင်ဆက်
ပေးလိုက်ပါတယ်။
အယ်ရန်ဆိုတဲ့ လူငယ်လူမည်းတစ်ယောက်ဟာ လူဖြူတွေကြားမှာ
သွားလာ ဆက်ဆံရတိုင်း အမြဲတမ်းအနှိမ်ခံရပြီး ဘယ်သူ့ရဲ့
အသိအမှတ်ပြုခြင်းကိုမှလည်း မခံရသူ တစ်ဦးပါ။တစ်ညမှာ
ဘယ်သူမှ အဖက်မလုပ်တဲ့ သူ့ရဲ့အနုပညာလက်ရာကို ပြခန်းမှာ
ပြပြီး ပြန်လာတဲ့လမ်းမှာ လူဖြူတွေနဲ့ပြဿနာတက်တော့မလို
ဖြစ်တုန်း တခြားလူမည်းအဖိုးကြီးတစ်ယောက်က ဝင်ကူညီပေးခဲ့လို့
အယ်ရန်တစ်ယောက် အထောင်းသက်သာသွားပါတော့တယ်။
နောက်တော့ အဲ့ဒီလူမည်းအဖိုးကြီးက သူ့ကိုအလုပ်တစ်ခု
ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီ အလုပ်ကတော့ ရိုးရိုးတန်းတန်း
အလုပ်မဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်း မှော်ဝင်နီဂရိုး
အမေရိကန် အဖွဲ့အစည်းမှာ ဝင်အလုပ်လုပ်ဖို့ပါပဲ။အဲ့ဒီအဖွဲ့
အစည်းရဲ့ အဓိကတာဝန်ကတော့ သူတို့လူမည်းတွေ လူဖြူတွေရဲ့
ရန်ပြုခြင်းတွေ ရန်လိုခြင်းတွေမခံရဖို့အတွက် မှော်ပညာနဲ့
ပေါင်းစပ်ပြီး လူဖြူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးရတာပါပဲ။
ကြားရတာ ထူးထူးဆန်းဆန်းကြီးတော့ ဖြစ်နေမယ်ဆိုပေမဲ့
တကယ်တမ်း ဇာတ်လမ်းကိုကြည့်လိုက်တဲ့အခါမှာ မှော်ပညာ
အပိုင်းတွေကို ဖယ်လိုက်ရင်ကျန်တဲ့အရာတွေအားလုံးက
ဖြစ်ရပ်မှန်တစ်ခုလိုတောင် ဖြစ်နေမှာပါ။ဒီတော့အထက်မှာ
ပြောခဲ့တဲ့အတိုင်း ယနေ့တိုင်မပြီးဆုံးနိုင်သေးတဲ့ ပြဿနာ
တစ်ခုကို အမြင်တစ်မျိုးနဲ့ စိတ်ဝင်စားစရာကောင်းအောင်
ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ကောင်းတယ်
မကောင်းဘူးကတော့ ကိုယ်တိုင်ပဲဝေဖန်ကြည့်ကြဖို့ပြောလိုက်ချင်ပါတယ်။
File size…1.66GB / 694MB
Quality…WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 44m
Genre ….. Comedy , Fantasy
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။











































