The After Party (2018)
Doors open for those who push.

Synopsis:
ဂီတပညာရှင် အဆိုတော်တစ်ယောက်ဖြစ်ဖို့
ဆိုတာ သေမလောက်ခက်ပါတယ်
အဲ ကျွန်တော့်အမြင်ပြောရ ရင်အဲ့ထဲမှာမှ
Rapper တစ်ယောက်ဖြစ်ဖို့ဆိုတာ
သာမန်ကြိုးစားရုံလောက်နဲ့ ခေါင်းတောင်
မပြူနိုင်လောက်အောင်ခက်ခဲပါတယ်
ကျွန်တော်တို့ Rap God ကြီး Eminem ရဲ့
စုတ်ပြတ်ပြုတ်ထွက်ပြီး ကွဲပြဲနေတဲ့ ဘဝတွေ
မြန်မာနိုင်ငံက G-fatt J-fire Ice Cold တို့လို
အိမ်နဲ့ အတိုက်ခံဖြစ် ဘာအလုပ်အကိုင်မှ
မရှိပဲ ဒီ Hip-Hop အတွက်ကိုယ်ရောစိတ်ပါ
လမိုင်းကပ်အောင် ဆည်းပူးခဲ့တာတွေ
သာဓကအများကြီးရှိပါတယ်
လေပေါတာ နဲနဲများသွားပြီ review လေးသွားလိုက်ရအောင်
အမေရီကန် ကပြားတစ်ယောက်ဖြစ်တဲ့
အိုဝင်ဆိုတဲ့ ပါရမီရှင် Rapper လေးတစ်ယောက်နဲ့ သူ့ BFF ကြီး
ဂျက်ဖရီတို့အောင်မြင်မှုနောက်လိုက်နေတာ
သုံးနှစ်သုံးမိုးရှိပါပြီ ဂျက်ဖရီက သူ့ဘော်ဒါ
လူမဲ Rapper အိုဝင်အတွက် မန်နေဂျာလုပ်ပေးနေခဲ့တာလဲ ကလေး
ဘဝကတည်းကဆိုပါတော့ ဒီလိုနဲ့ နာမည်ကြီး
စတားတစ်ယောက်ဖြစ်ဖို့ အသံသွင်းကုမ္ပဏီ
ပိုင်ရှင်တွေနောက်လိုက်ရင်း မမျှော်လင့်ပဲ
ပါတီတစ်ခုမှာ ပိုင်ရှင်ဘောစိနဲ့သွားတွေ့ရဖို့
အကြောင်းဖန်လာခဲ့ပါတယ်
နာမည်လေးကလဲပေးထားတာသိပ်ကို လှတယ်
The After Party တဲ့လေ နောက်ဆက်တွဲပါတီပေါ့
နောက်ဆက်တွဲပါတီကြီး ပြီးတဲ့နောက်မှာ
သူတို့ဘဝလေးဘယ်လို ဖြစ်သွားမလဲဆိုတာ
ကိုယ်တိုင်ပဲ Download လုပ်ကြည့်ရှူခံစား
ကြည့်ပါ
ဒီကားကို ကျွန်တော့်အမြင်ကတော့ ဟာသ
Rapper ကားတစ်ကားထက်အမျာကြီး ပိုတယ်မြင်မိပါတယ်
ဘာလို့ဆိုလူငယ်လေး
နှစ်ယောက် သူတို့ အိပ်မက်တွေအကောင်ထည်ပေါ်အောင်
ဘယ်လိုကြိုးစားသွားလဲ
ဆိုတာ ဟာသလေးနှောပြီးရိုက်ကူးထားတာပါ
ပါရမီပါလာပါတယ်ဆိုတဲ့ အိုဝင်ဆိုတဲ့
ဇာတ်ကောင်တောင် ဖန်တရာတေအလွဲ
တွေနဲ့ကြုံတွေ့ရ ရင်တကယ့်ပြင်ပြလောက
က Hip-Hop အနုပညာရှင်တွေဆို
ဘယ်လောက်တောင်ခက်ခဲမိလိမ့်မလဲပေါ့
ပြီးတော့ နောက်ပိုင်း ပေါ်ပင်လိုက်တဲ့ဆေးသမား Rapper တွေ
Lil Pump တို့ Lil ဘာဖြစ်တယ်တို့ ညာဖြစ်တယ်တို့
လိုကောင်တွေကြောင့် Hip-Hop လောကကြီး
ဟာ new generation မှာအတော်လေး
ယိုယွင်းပျက်စီးလှိုက်စားနေပါပြီ ဗားမှားပြည်မှာ လဲ
အဲ့လိုကောင်တွေပေါ်လာပါပြီ နာမည်တော့တပ်မပြောတော့ပါဘူး
ဆိုတော့ကာ ဒီယိုယွင်းနေတဲ့ Rap ဂီတ
အသိုင်းဝိုင်းကို မီးမောင်းထိုးပြလိုက်တဲ့
ကားပါ rating မှာ IMDb 6.5 ပဲရလို့
မကြည့်ပဲမနေလိုက်ပါနဲ့ Rap ဂီတကိုချစ်ရင်
Kamikaze တို့ Lucky You တို့လို Diss လုပ်တဲ့
သီချင်းတွေကိုခုံမင်တဲ့သူတွေ
အတွက် ကြည့်လိုက်လို့ ဟာ မင်းတို့
ကားကြီးက ဂျင်းကြီးပါကွာ ဘေတွေကုန်ပါပြီလို့
မဖြစ်စေရဘူး အာမခံပါတယ်
ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပြီး
အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။