Exit print mode Print Data A+ A- Undo all

The Adventures of Maid Marian (2022)

This is her story.
The Adventures of Maid Marian (2022)The Adventures of Maid Marian (2022)

Synopsis:

The Adventures of Maid Marian (2022)
=============================

ရော်ဘင်ဟုဒ်ဆိုရင် လူတိုင်းသိကြပေမဲ့ မာရီယန်ကိုတော့ လူတိုင်းသိချင်မှ
သိကြမှာပါ။ ဒီကားကတော့ မြင်နေကျ ရော်ဘင်ဟုဒ်စွန့်စားခန်းများမဟုတ်
ဘဲ ရော်ဘင်ဟုဒ်ပါ၀င်မယ့် သူ့ချစ်သူမာရီယန်ရဲ့ စွန့်စားခန်းတွေကို ရိုက်ကူး
ထားတာ ဖြစ်ပါတယ်။ မာရီယန်ဟာ သူ့အလှနဲ့သစ္စာကြောင့်တင်မက ရဲစွမ်း
သတ္တိကြောင့်လည်း ဟုဒ်အသိုင်းအဝိုင်းမှာ လေးစားခံရတဲ့ အမျိုးသမီးတစ်
ယောက်ပါ။

442

မာရီယန်တစ်ယောက် ဝေးလံတဲ့သီလရှင်‌ကျောင်းတစ်ကျောင်းမှာ ပုန်းအောင်း
နေခဲ့ပြီး ၃ နှစ်အကြာမှာ ဘုရင်ရစ်ချတ်သေဆုံးတဲ့သတင်းကို ကြားလိုက်ရ
ပါတယ်။ သူ့ချစ်သူရော်ဘင်ဟုဒ်လည်း စစ်ပွဲကပြန်လာပြီဖြစ်တာကြောင့်
မာရီယန်ဟာ ခိုလှုံရာကိုစွန့်ပြီး ချစ်သူနဲ့ အပြေးလေးတွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့
အဖြစ်အပျက်တွေဟာ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ သူတို့တွေ့ဆုံတဲ့ တောထဲမှာပဲ
ရော်ဘင်ဟုဒ်ကို ကလဲ့စားချေမယ့်သူနဲ့တိုးမိပါတော့တယ်။ လူအင်အား မမျှတာ
ကြောင့် ထွက်ပြေးခဲ့ရပါတယ်။ ဟု‌ဒ်တစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိချိန်
မှာတော့ အသက်ရှင်လွတ်မြောက်ရေးဟာ မာရီယန့်ခေါင်းပေါ် ပုံကျလာပါတယ်။
ရဲရင့်ပေမဲ့ အားနွဲ့တဲ့အမျိုးသမီးတစ်ယောက်သာဖြစ်တဲ့ မာရီယန်တစ်ယောက်
ထွက်ပြေးလွတ်မြောက်ပါ့မလား၊ ဒဏ်ရာရနေတဲ့ချစ်သူကို ကယ်တင်နိုင်ပါ့မလား၊
ဘယ်လိုလှည့်စားမှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်
လိုက်ကြရအောင်ပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
C’mon ဖြစ်ပါတယ်)

File Size……….(1.47 GB) / (805 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 22Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Adventure
Translator……C’mon
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Bill Thomas
Popularity
3.698
Status
Released
ID IMDb.com
tt14072910
IMDB Rating
4.3
IMDB votes
1330
ID Themoviedb.org
893334
TMDb Rating
5
TMDb votes
5