The 36th Chamber of Shaolin (1978)
He who struggles initially, might succeed eventually, and even finally.

Synopsis:
The 36th Chamber of Shaolin (1978)
=========================
IMDb Rating – 7.6/10
ဟိုအရင်က ရှောင်လင်သိုင်းကားဆိုပြီး ရုပ်ရှင်ပရိသတ်တွေကြား တော်တော်
နာမည်ကြီးခဲ့တာ အားလုံးသိကြမှာပါ။ အဲဒီတစ်ခေတ်တစ်ခါက ထွက်ခဲ့တဲ့
ရှောင်လင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားနာမည်ကတော့
The 36th chamber of Shaolin ဖြစ်ပြီးတော့ ၁၉၇၈ ခုနှစ်ကထွက်ရှိခဲ့တဲ့
ဟောင်ကောင်ကွန်ဖူးကား ဖြစ်ပါတယ်။ အင်္ဂလိပ်, ပြင်သစ်, ကွမ်းတုံနဲ့ တရုတ်
ဘာသာစကား ၄ မျိုးနဲ့ ထွက်ရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းပြောပြရရင်တော့ မန်ချူးလူမျိုးစုတွေက ကွမ်းကျိုးမြို့ကို
အပိုင်သိမ်းထားရာကနေ စတင်ပါတယ်။ သူတို့က မြို့နေပြည်သူတွေကို နိုင်လို
မင်းထက်ပြုမူပြီးတော့ သူတို့ကို မထောက်ခံသူမှန်သမျှကို သူပုန်လို့သတ်မှတ်ပြီး
သတ်ပစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ဖျက်စီးလို့စီးနဲ့ ထင်ရာစိုင်း
ကြတာပါ။ မန်ချူးခေါင်းဆောင် ထျန်းသာ့စစ်သူကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့သူက
လူလယ်ခေါင်မှာ အသတ်ခံခဲ့ရပါတယ်။ ဒီကိစ္စကို ချုံးဝမ်းကျောင်းတော်က ဆရာ
ကြီးဟော့နဲ့ ကျောင်းသားတွေက မကျေနပ်ကြပါဘူး။ ဒါကြောင့် သူတို့က မန်ချူး
တွေကို ဆန့်ကျင်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဘာသိုင်းပညာမှ မတတ်တာမလို့ ကျောင်း
တော်အပါအဝင် ကျောင်းသားတွေလည်း သေကြေပျက်စီးကြရတယ်။
အဲဒီထဲကမှ လျိုယွိထယ်ဆိုတဲ့ ကျောင်းသားလေးက မန်ချူးတွေကို ဆန့်ကျင်ဖို့
ရှောင်လင်ကျောင်းမှာ သိုင်းပညာသွားသင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လျိုယွိထယ်
အနေနဲ့ မန်ချူးတွေလက်ကနေ ရှောင်လင်ကျောင်းဆီရောက်အောင် ဘယ်လိုသွား
မလဲ၊ ရှောင်လင်သိုင်းပညာဆိုတာမှာရော ဘာတွေပါဝင်လဲ၊ မန်ချူးတွေကိုရော ပြန်
လည်တိုက်ထုတ်နိုင်မလား၊ ဘယ်လိုတွေတိုက်ထုတ်မလဲဆိုတာကို ဇာတ်ကားထဲမှာ
ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Elizabeth Khant ဖြစ်ပါတယ်)
File Size……….(2.4 GB) / (1.08 GB)
Quality…………BLU-RAY 1080p / 720p
Duration………1Hr 56Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Action, Adventure, Drama
Translator…….Elizabeth Khant
Encoder……….SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။