The 33 (2015)
Hope Runs Deep
Synopsis:
CM ပရိတ်သတ် ကြီးအတွက် 2015 ခုနှစ်ထွက် The 33 ဆိုတဲ့ ဖြစ်ရပ်မှန်
ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်လမ်း လေးဟာ
၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Copiapó မိုင်းတွင်း မတော်တဆ မှု့အကြောင်းကို
ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ချီလီ ကြေးနီ မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ
မြေအောက် ၇၀၀ မီတာ အနက် (ပေ ၂၃၀၀)မှာ ၆၉ ရက်ကြာ ပိတ် မိနေခဲ့တာပဲ ဖြစ်ပါတယ်။
သူတို့ကို ကယ်တင်ဖို့ အမေရိကန်က NASA အပါအဝင် ကမ္ဘာ တစ်လွှားက အဖွဲ့ အစည်းပေါင်း
မြောက်မြားစွာက ပါဝင်ကူညီခဲ့ကြပါတယ်။ဒီလိုနဲ့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်မှာမှ
အထူးတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သူတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။
သူတို့ ၃၃ ယောက်ကို ကယ်တင်ဖို့ အတွက် စုစုပေါင်း ဒေါ်လာ သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ပြီး
ကုမ္ပဏီပေါင်းများစွာက ပညာရှင် ရာနဲ့ချီပြီး ကယ်ဆယ်ရေး အစီအစဉ်တွေဒီဇိုင်းဆွဲခဲ့ရတာပါ
သူတို့ကို ကယ်ဆယ် နေတဲ့ ဖြစ်စဉ် ကို ကမ္ဘာ တစ်ဝှမ်းက လူ တစ်ဘီလီယံ ကျော်က စောင့်
ကြည့်ခဲ့ကြပါတယ်။သူတို့ရဲ့ ဖြစ်ရပ်ကို ဒီရုပ်ရှင် ပြန်ရိုက်ရာမှာလည်း ဆုပေါင်းများစွာ ရခဲ့ပြီး
ဝေဖန်သူတွေက ချီးကျုးခဲ့ကြပါတယ်။ဒီရုပ်ရှင် မှာဆိုရင်လည်း သူတို့ ရဲ့ ကြိုးစားအားထုတ်ပုံတွေ
ဇွဲမလျှော့ပဲ ရှင်သန်ခဲ့ကြပုံတွေ ကို အထင်းသားမြင်ရမှာ ဖြစ်လို့ ကြည့်ရှု့သင့်တဲ့ ကားကောင်း
တစ်ကားဖြစ်တယ်ဆိုတာကို တိုက်တွန်းလိုက်ပါရစေ။
———————————————————————–
File Size : (910 MB)
Quality : BluRay 720p
Running Time : 2h 7min
Format : Mp4
Genre : Biography, Drama, History
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay x264 YTS.AG
Encoded by A_Z
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။