Channel Myanmar

That Peter Crouch Film (2023)

Unrated 1h 25m Documentary

7.2
IMDB: 7.2/10 433 votes

, , , , , , ,

United Kingdom

180389

Report error

That Peter Crouch Film (2023)

~ IMDb – 7.2/10, Rotten Tomatoes – 89% ~

442

ရပ်ကွက်အခေါ် “ပီတာခရော့”
ပြောင်ပြီးခေါ်တာ “ပီတာငပျော့”
ချစ်လို့ခေါ်ရင် “ပီတာငကျော့”

ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။

အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။

ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။

သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် အရပ်အမောင်းမြင့်တာအပြင် သူ့မှာ နည်းစနစ်ကြွယ်ဝမှုတစ်ခုရှိနေတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းလှိမ့်သွင်းတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ လွှတ်ထားလို့ရတဲ့ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူး။ သူကန်တာက အချိုးမကျဖြစ်နေပေမဲ့ ခေါက်ရိုးမညီမှုကြားမှာ အနုပညာချည်မျှင်ပါးပါးလေးတစ်ချောင်းရှိတယ်။ အဲဒီချည်မျှင်လေးကပဲ ကျွန်တော်တို့ကို သူ့ကစားဟန်‌‌ကနေ ရုန်းမရအောင် ချည်ထားခဲ့တာဖြစ်မှာပါ။

ပီတာခရောက်ခ်ျ ဒိုင်ယာရီတွေက ကျွန်တော်တို့သတိမထားမိခင် ကျွန်တော်တို့ရင်ထဲ ကြိုထွင်းထုပြီးသားဖြစ်နှင့်နေတယ်။ စက်ရုပ်အက ကတဲ့ဘဲကြီး… ကလန်ကလား ဘဲကြီး… ခေါင်းတိုက်ဂိုးတစ်ပေါက်တော့ နောက်လို့မရဘူးဆိုတဲ့ဘဲကြီး… အစရှိသဖြင့်ပေါ့။

လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလို ထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်း သွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။

အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူ လက်‌နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။

ကလန်ကလား၊ ဂိုးမသွင်းတတ်‌တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲက ပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမား‌တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဘောလုံးဆိုတာ အသင်းနှစ်သင်း အလုံးတစ်လုံးကို ဝိုင်းလုကြတာထက်ပိုပါတယ်။ ဘောလုံးခေတ်တစ်ခု၊ ကစားသမားတစ်ယောက်၊ ပွဲတစ်ပွဲ ကိုကြည့်လိုက်ရင် အဲဒါနဲ့ ပတ်သက်တဲ့ တစ်ချိန်က အမှတ်တရတွေဟာ အတွေးပိတ်ကားပေါ် ‌မှတ်ဉာဏ်ဆေးစက်တွေမှောက်ချလိုက်တဲ့အတိုင်း အလိုလို ပြန်မြင်ယောင်လာတတ်ကြတာပါပဲ။

ဒီမှတ်တမ်းရုပ်ရှင်‌လေးကြည့်ပြီး တစ်ချိန်က ကျွန်တော်တို့သဘောကျခဲ့ဖူးတဲ့ စက်ရုပ်ကြီးပီတာခရောက်ခ်ျနဲ့ပတ်သက်လို့ အမှတ်တရတချို့ အရိပ်ထင်လာခဲ့တာမျိုးရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.85GB, 800MB
Quality – 1080p, 720p
IMDb Rating – 7.2/10
Format – mp4
Duration – 1H 25Min
Genre – Documentary
Subtitle – Myanmar Subtitle (Hardsub)
Translated by Min Thant Bo
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies