That Obscure Object of Desire (1977)
Luis Buñuel's masterpiece

Synopsis:
That Obscure Object of Desire (1977)
IMDb (7.9)………Rotten Tomatoes (100%)
ပထမဆုံးပြောချင်တာက Rating တွေကိုကြည့်လိုက်တာနဲ့ အောက်ကဘာဘာညာညာ ဘာအညွှန်းမှမဖတ်ဘဲ ဇာတ်ကားကို
အရင်ဆုံး ကြည့်သင့်နေပြီလို့ အကြံပြုပါရစေ။
အညွှန်းမဖတ်ဘဲ ဇာတ်ကားကို အရင်ဆုံးကြည့်လိုက်တာက ဒါရိုက်တာက ပေးချင်တဲ့ရသကို အရိုးသားဆုံးခံစားရဖို့ရှိပြီး
အညွှန်းဖတ်လိုက်ရင်တော့ ကျွန်တော့်ရဲ့ဘက်လိုက်မှုအရိပ်အယောင်တွေ ကိုယ်ပိုင်ခံစားချက်အရိပ်တွေ စွန်းထင်သွားနိုင်ပါတယ်။
ဒီဇာတ်ကားက ပြင်သစ်-စပိန်ဇာတ်ကားပါ…
မင်းသားက Fernando Rey ဖြစ်ပြီး မင်းသမီးကတော့ Bond Girls တွေထဲကတစ်ယောက်ဖြစ်တဲ့ Carole Bouquet နဲ့ Ángela Molina တို့ဖြစ်ပါတယ်..အားလုံးကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီးတွေပါပဲ။
ဒါရိုက်တာက Luis Buñuel ဖြစ်ပြီး သူနဲ့ပတ်သက်ပြီး အထူးသတိပေးထားလိုတာကတော့ သူရိုက်သမျှဇာတ်ကားတိုင်း နားလည်ရခက်တယ်ဆိုပြီး နာမည်တစ်လုံးနဲ့နေတာပါပဲ….ကံကောင်းတာက ဒီဇာတ်ကားမှာ သိပ်ပြီး ပညာစွမ်းမပြဘဲ ဖန်တီးထားသလို ဒီဇာတ်ကားဟာလဲ သူ့ဘဝရဲ့နောက်ဆုံးကားပါ..ဒီဇာတ်ကားရိုက်ပြီး ၁၉၈၃ မှာကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ဇာတ်ကားတိုင်းမှာ ဘယ်ကမှန်းမသိတဲ့ရသတစ်မျိုးကို အရှိအတိုင်းခံစားနေတတ်အောင် အစွမ်းပြတတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ နည်းစနစ်ဘောင်တွေကို ကျော်လွန်ပြီး ဆန်းသစ်တဲ့ရသတစ်မျိုးနဲ့တင်ပြတတ်သူပါ။
ဒီဇာတ်ကားမှာလဲ ထူးခြားမှုတစ်ခုကို ချပြထားပါတယ်…။ထူးခြားလွန်းလို့ လူတောင်အူကြောင်ကြောင်ဖြစ်ရပါတယ်။
တကယ်တော့ ကျွန်တော်တို့မှာ ကိုယ်ပိုင်ဇာတ်လမ်းတွေရှိကြမယ်။
တစ်ယောက်ရဲ့ဇာတ်လမ်းက တစ်ယောက်နဲ့လုံးဝမတူကြဘူး။
ဒီသဘောရှိရာမှာ ဇာတ်လမ်းတစ်ခုကို မျဉ်းတစ်ကြောင်းထဲက တင်ပြတာမျိုးက တခါတလေ ကိုယ့်ဘဝနဲ့မနီးစပ်လာတတ်ဘူးဆိုရင်
အခုလို ခံစားချက်သက်သက်ဇာတ်ကားတွေက ခပ်မျှင်မျှင်လေး ရင်ဘတ်ချင်းနီးကပ်လာမယ်။
လုံးဝဆွဲငင်သွားတာမျိုးလဲ ဖြစ်နိုင်တာပဲ။
ကျွန်တော်ကတော့ ဒီဇာတ်ကားနဲ့ ရနံ့တချို့ရမိတယ်….
ပြောင်းလဲမှု။
ဟုတ်တယ် …ကျွန်တော်တို့ မြစ်တစ်စင်းမှာရေနှစ်ခါချိုးလို့မရဘူး။
ပထမဆံုးေျပာခ်င္တာက Rating ေတြကိုၾကည့္လိုက္တာနဲ႔ ေအာက္ကဘာဘာညာညာ ဘာအညႊန္းမွမဖတ္ဘဲ ဇာတ္ကားကို
အရင္ဆံုး ၾကည့္သင့္ေနျပီလို႔ အၾကံျပဳပါရေစ။
အညႊန္းမဖတ္ဘဲ ဇာတ္ကားကို အရင္ဆံုးၾကည့္လိုက္တာက ဒါရိုက္တာက ေပးခ်င္တဲ့ရသကို အရိုးသားဆံုးခံစားရဖို႕ရွိျပီး
အညႊန္းဖတ္လိုက္ရင္ေတာ့ ကြ်န္ေတာ့္ရဲ႕ဘက္လိုက္မႈအရိပ္အေယာင္ေတြ ကိုယ္ပိုင္ခံစားခ်က္အရိပ္ေတြ စြန္းထင္သြားႏိုင္ပါတယ္။
ဒီဇာတ္ကားက ျပင္သစ္-စပိန္ဇာတ္ကားပါ…
မင္းသားက Fernando Rey ျဖစ္ျပီး မင္းသမီးကေတာ့ Bond Girls ေတြထဲကတစ္ေယာက္ျဖစ္တဲ့ Carole Bouquet နဲ႔ Ángela Molina တို႔ျဖစ္ပါတယ္..အားလံုးကေတာ့ တစ္ေခတ္တစ္ခါက နာမည္ၾကီးေတြပါပဲ။
ဒါရိုက္တာက Luis Buñuel ျဖစ္ျပီး သူနဲ႔ပတ္သက္ျပီး အထူးသတိေပးထားလိုတာကေတာ့ သူရိုက္သမွ်ဇာတ္ကားတိုင္း နားလည္ရခက္တယ္ဆိုျပီး နာမည္တစ္လံုးနဲ႔ေနတာပါပဲ….ကံေကာင္းတာက ဒီဇာတ္ကားမွာ သိပ္ျပီး ပညာစြမ္းမျပဘဲ ဖန္တီးထားသလို ဒီဇာတ္ကားဟာလဲ သူ႕ဘဝရဲ႕ေနာက္ဆံုးကားပါ..ဒီဇာတ္ကားရိုက္ျပီး ၁၉၈၃ မွာကြယ္လြန္သြားခဲ့ပါတယ္။သူ႕ရဲ႕ဇာတ္ကားတိုင္းမွာ ဘယ္ကမွန္းမသိတဲ့ရသတစ္မ်ိဳးကို အရွိအတိုင္းခံစားေနတတ္ေအာင္ အစြမ္းျပတတ္တဲ့ ဒါရိုက္တာတစ္ေယာက္ပါ။ နည္းစနစ္ေဘာင္ေတြကို ေက်ာ္လြန္ျပီး ဆန္းသစ္တဲ့ရသတစ္မ်ိဳးနဲ႕တင္ျပတတ္သူပါ။
ဒီဇာတ္ကားမွာလဲ ထူးျခားမႈတစ္ခုကို ခ်ျပထားပါတယ္…။ထူးျခားလြန္းလို႕ လူေတာင္အူေၾကာင္ေၾကာင္ျဖစ္ရပါတယ္။
တကယ္ေတာ့ ကြ်န္ေတာ္တို႔မွာ ကိုယ္ပိုင္ဇာတ္လမ္းေတြရွိၾကမယ္။
တစ္ေယာက္ရဲ႕ဇာတ္လမ္းက တစ္ေယာက္နဲ႔လံုးဝမတူၾကဘူး။
ဒီသေဘာရွိရာမွာ ဇာတ္လမ္းတစ္ခုကို မ်ဥ္းတစ္ေၾကာင္းထဲက တင္ျပတာမ်ိဳးက တခါတေလ ကိုယ့္ဘဝနဲ႔မနီးစပ္လာတတ္ဘူးဆိုရင္
အခုလို ခံစားခ်က္သက္သက္ဇာတ္ကားေတြက ခပ္မွ်င္မွ်င္ေလး ရင္ဘတ္ခ်င္းနီးကပ္လာမယ္။
လံုးဝဆြဲငင္သြားတာမ်ိဳးလဲ ျဖစ္ႏိုင္တာပဲ။
ကြ်န္ေတာ္ကေတာ့ ဒီဇာတ္ကားနဲ႔ ရနံ႕တခ်ိဳ႕ရမိတယ္….
ေျပာင္းလဲမႈ။
ဟုတ္တယ္ …ကြ်န္ေတာ္တို႔ ျမစ္တစ္စင္းမွာေရႏွစ္ခါခ်ိဳးလို႔မရဘူး။
File size…(907 MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:43:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Daniel Sharman
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။